ဒေါက်တာ မြဝတ်ရည်ဖတ်ရန်

▪️ဒေါက်တာ မြဝတ်ရည်ဖတ်ရန်။

▪️အရမ်းပူလောင်နေလား ဒေါက်တာ။
     ကျနော်တို့လည်း ဒေါက်တာ့လိုပူလောင်ခဲ့ဖူးလို့
ကိုယ်ချင်းစာပါတယ်။

▪️အစပထမကနေပြန်ပြောရရင် 
     NLD ဟာ ကိုဗစ်ကာလကြီးမှာ
     လူ ၃၀ အထက် မစုရဆိုတဲ့ ဥပဒေကိုကျော်ပြီး 
     လူစုမဲဆွယ်တုန်းကလည်း ေTဘေးကိုကြောက်လို့
     ကျနော်တို့ပူလောင်ခဲ့ဖူးပါတယ်။

▪️ဒါပေမယ့် NLD နဲ့အပေါင်းအပါတွေကို thet ဖို့
     စိတ်တောင်မကူးခဲ့ပါဘူး။
     ကျနော်တို့မှာ ကိုယ်မတရား
အလုပ်ခံရတယ်လို့
     ခံစားရချိန်မှာ ကိုယ့်ရဲ့ပူလောင်မှုကို
     ဖြေရှင်းဖို့ အခြားနည်းလမ်းရှိခဲ့ကြပါတယ်။
     ကျနော်တို့က သူများကို thet ဖို့အရင်မတွေးဘဲ
     အခြားနည်းလမ်းကို ရှာကြံတတ်တဲ့
     ပညာတတ်တွေပဲမို့လား။

▪️NLD ဟာပြည်သူတွေရဲ့ မဲတွေကို မသမာမှုပြုပြီး
     အာဏာကိုအသုံးပြုကာ 
     ဖြေရှင်းခြင်းမပြုဘဲခေါင်းရှောင်ပြီး အာဏာတည်ဖို့ပဲ
     အတင်းကြိုးစားနေချိန်မှာလည်း 
     ကိုဗစ်ကာလကြီး အသက်နဲ့ရင်းကာပေးခဲ့ကြရတဲ့
     ကိုယ့်ရဲ့မဲတစ်ပြားဆုံးရှုံးရလို့ 
     ပြည်သူအများနဲ့ ပါတီအများစုဟာ
     သိပ်ကိုပူလောင်ခဲ့ရတယ်။

▪️ဒီအခါမှာလည်း NLD အပေါင်းအပါတွေနဲ့အတူ
     ကိုယ့်ရဲ့ကျော်ကြားမှုကိုအသုံးချ မဲခိုးတာကို 
     ကာကွယ်ပြောဆိုကာ
     တစ်တိုင်းပြည်လုံးက NLD ကိုပဲ
     မဲပေးထားသယောင်တွေတက်ရေးပြီး
     အခြားလူ‌တွေကို လှောင်ပြောင်နေကြတဲ့
     ဒေါက်တာတို့လို လူတွေကို
     Thet ပစ်ဖို့မတွေးရက်ခဲ့တာအမှန်ပါ။
     ဘာကြောင့်လဲဆိုတော့
     အခြားနည်းလမ်းရှိတာကို သိတာမို့လေ။

▪️တပ်မတော်ကလည်းအခြားနည်းလမ်းရှိတာကို
     သိခဲ့တာမို့ လက်နက်ရှိတဲ့စစ်တပ်တစ်တပ်လုံး
     ရှိတာတောင် မဲသူခိုးတွေကို မ thet ခဲ့ဘဲ
     အမိဘဲဖမ်းပြခဲ့လိုက်တာပေါ့။

▪️အဲ့ဒီတုန်းကသာ ဒေါက်တာတွေးသလို
     တပ်ချုပ်ကတွေးမယ်ဆိုရင် အခုလောက်ဆို
     NLD နဲ့ အန်တီစုဟာ အရိုးဆွေးနေလောက်ပါပြီ။
     မဟုတ်ဘူးလား ‌ဒေါက်တာ။☺️

▪️မဲသူခိုးတွေကိုဖမ်းတယ်။ 
     ဒါဟာရိုးရှင်းသောဖြစ်စဉ်တစ်ခု။
     ဒါကို ပုဒ်မအကြီးကြီးဖြစ်‌အောင် လျှောက်ပြော
     ဖြစ်စဉ်ရဲ့အတိမ်အနက်ကို ဇာချဲ့ပြီးပြောဆိုကာ
     ဒေါက်တာတို့ဟာ ကိုဗစ်ကာလကြီး
     လူနာတွေ ဆရာဝန်လိုနေမှန်းသိရဲ့သားနဲ့
     CDM ဆိုတာကိုစတင်ခဲ့လိုက်ကြတယ်နော်။

▪️အဲ့ဒီဆရာဝန် CDM ကြောင့်
     ဒေါက်တာအခုပူလောင်နေရတာထက် နှစ်ဆဆိုးတဲ့
     ပူလောင်မှုတွေနဲ့ ဆေးရုံအကူးအပြောင်းမှာ
     ေTသွားခဲ့ရတဲ့ လူနာတွေ။
     ကိုဗစ်ကာကွယ်ဆေးမထိုးဖို့ လှုံ့ဆော်ကြလို့
     ဆေးကုသမှုတွေကို ဖျက်လိုဖျက်ဆီးဗုံးဖောက်ကြလို့
     အောက်ဆီဂျင်တွေကို အစိုးရလက်ဝယ်မကျ‌အောင်
     ဝိုင်းဝယ်ကာဖွက်ကြလို့
     အောက်ဆီဂျင်အိုးအလွတ်ထဲကို 
     လက်နက်ဖွက်သယ်ကြလို့တတိယလှိုင်းမှာ 
     အ​ေL ာင်းတွေ ထပ်ခဲ့ရတဲ့ကာလတုန်းကလည်း
     ပူလောင်ခဲ့ကြရတာပါပဲ။

▪️ဒါပေမယ့် တော်လှန်ရေးမှာပါသူတွေအားလုံးနဲ့
     ကိုဗစ်ကာကွယ်ဆေးမထိုးဖို့ လှုံ့ဆော်သူအားလုံးကို
     Thet ပစ်မယ်လို့ ဘယ်သူမှမတွေးခဲ့ကြဘူးလေ။
     အခြားနည်းလမ်းကိုပဲ စဉ်းစားခဲ့ကြတာပါ။

▪️အမြင်မတူရင် thet ပစ်ဖို့
     ဝိုင်းလှုံ့ဆော်ကြတဲ့ကာလတွေမှာလည်း
     ဒလန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
     သေခဲ့ရတဲ့ ရိုးရိုးပြည်သူတွေ။
     ကိုယ့်မိသားစုမှာ တပ်မတော်သားပါနေလို့
     မိသားစုလိုက်အ thet ခံရသူတွေ။
     မိသားစုလိုက်ပြေးခဲ့ရသူတွေ ရင်ထဲမှာလည်း
     ပူလောင်ခဲ့ကြရတာပေါ့။😢

▪️ဒါပေမယ့် ဘယ်သူကမှ ‌တော်လှန်နေသူအားလုံးကို
     Thet ပစ်သင့်တယ် thet ပစ်မယ်လို့
     မခြိမ်းခြောက်ခဲ့ပါဘူးနော်။

▪️ဒေါက်တာကတော့ ငါတို့အစိုးရတက်ရင်
     ဘောမ၊ ကြားနေ၊ သာကူးစတဲ့လူတွေကို
     thet ပစ်ပါမယ်ဆိုတော့
     ဒေါက်တာ့မှာ အခြားနည်းလမ်းမရှိတော့လို့လားဟင်။

▪️ဒေါက်တာတို့ရဲ့ တော်လှန်ရေးသမားတွေကြောင့်
     နစ်နာရသူမိသားစုတွေ အတွက်ကလည်း
     ဒေါက်တာတို့ဘက်ကလူတွေဟာ
     လူအချင်းချင်း thet ဖို့လှုံ့ဆော်တဲ့လူယုတ်မာတွေ၊ 
     နီပြနေပြီး လင်ယူတော့ စစ်ဗိုလ်မှယူတဲ့ သာကူးတွေ‌ပါပဲ။

▪️လက်ရှိမှာ ကိုယ်ထောက်ခံတဲ့အစိုးရက
     လူသူလက်နက်အပြည့်အစုံနဲ့
     အာဏာရှိနေတာတောင် ကျနော်တို့က
     တစ်ဖက်ကလူအားလုံးကို thet ပစ်ဖို့
     မလှုံ့ဆော်ခဲ့ဘူးလေ။
     ကျနော်တို့မှာတောင် 
     အခုထိအခြားနည်းလမ်းရှိနေသေးတာ။
     ဒေါက်တာတို့မှာ မရှိတော့ဘူးလား။

▪️ဒေါက်တာတို့အစိုးရတက်မှာက နောက်မှလေ
     အခုငါတို့အစိုးရတက်နေလို့ နင်တို့အားလုံးကို
     Thet ပစ်မယ်ဆိုရင် အရင်သေမှာ
     ဒေါက်တာတို့လေနော်။
     အခုတော့ မ thet ရုံတင်မက ဒေါက်တာ့ကိုတောင် 
     အမှုဖြေလျော့ပေးလိုက်သေးတယ်မို့လား။

▪️မြန်မာပြည်မှာ ဘယ်တော့မှအစိုးရဖြစ်လာနိုင်တော့မှာ
     မဟုတ်တဲ့NUG ကိုအားကိုးပြီးတော့များ
     ဒေါက်တာက ဒီနည်းလမ်းကိုရွေးပြောခဲ့တာ
     ဒေါက်တာ ခဏတာစိတ်လွတ်သွားလို့
     ပြောတာနေမှာပါလို့ တွေးလိုက်မိပါတယ်။

▪️နိုင်ငံရေးဟာ အသက်တွေဘဝတွေစတေးရလို့
     သိပ်ကိုပူလောင်ပါတယ် ဒေါက်တာရေ။
     အခုထိလည်း နှစ်ဖက်လုံးကပူလောင်နေရဆဲပါ။
     ဒါတွေမပြီးမချင်းလည်း ပူလောင်နေရဦးမှာပါ။

▪️အခုချိန်မှာ ကလေးငယ်လေးရှိတာမို့
     နဂိုကစိတ်မြန်တဲ့ဒေါက်တာဟာ
     အခုဆိုရင် ပိုပြီးမခံချင်စိတ်ထကြွကာ
     ပူလောင်နေရမှာပါ။

▪️ဒါပေမယ့် စိတ်ရှိတိုင်းလျှောက်မတင်ပါနဲ့တော့။
     ဒေါက်တာတို့ အနေအထားက လှုပ်လေမြုပ်လေပါ။
     ဒေါက်တာ့သမီးလေးကြီးလာရင်
     နိုင်ငံရေးကိုသိတတ်နားလည်လာမယ်။
     ယနေ့ဖြစ်စဉ်တွေကို 
     ချိန်ထိုးစဉ်းစားတတ်တဲ့အရွယ်ကို
     ရောက်လာမယ်ဆိုရင်
     အဲ့ဒီကာလမှာ သူ့အမေရဲ့နှုတ်ထွက်စကားကို
     သူပြန်ပြီးသိရှိနားလည်ကာ ဒေါက်တာ့ရဲ့
     ခံစားချက်မထိန်းချုပ်နိုင်ခြင်းကို
     မေးခွန်းထုတ်လာခဲ့မယ်ဆိုရင်?

▪️ကျနော်သိတဲ့ ဒေါက်တာဟာ ထက်မြက်ပါတယ်။
     တော်တော်လည်း စွာပါတယ်။
     မဟုတ်မခံစိတ်လည်းကြီးသလို
     ဟုတ်ရင်လည်း လုံးဝမခံတာကိုမြင်ရပါတယ်။☺️

▪️ဒီတော့ ဒေါက်တာရယ်
     ကျနော်တို့ကတော့ တိုင်းပြည်အခြေအနေအရ
     တပ်မတော်ဘက်ကို ရပ်တည်ရတယ်ဆိုသော်ငြား
     နိုင်ငံရေးမှာ တစ်ဖက်တည်းကပဲ
     အပြည့်အဝမှန်ကန်ခြင်းမရှိနိုင်တဲ့
     သဘောတရားကို နားလည်တာမို့
     လူမိုက်ဝင်မလုပ်ပါဘူး။

▪️ဒေါက်တာ့အနေနဲ့လည်း ကိုယ်ရပ်တည်တဲ့ဘက်ဟာ 
     အပြည့်အဝမှန်တယ်လို့တွေးရင် ထင်ရာဆက်ပြောပါ။
     ဒေါက်တာပြောသမျှဟာ ဒေါက်တာ့ရဲ့သမိုင်းပါ။
     ဒေါက်တာ့စကားလုံးတိုင်းက ဒေါက်တာ့နောက်ကို
     အရိပ်လိုလိုက်နေမှာပါ။

▪️တစ်ခုတော့မှာချင်ပါတယ်။
     အမြဲတမ်းအခြားနည်းလမ်းရှိပါတယ်။
     ဒါလေးကိုတော့ မှတ်ထားနော် ဒေါက်တာ။☺️

တရားသဘောနဲ့ကြည့်မိတယ်
အဲ့ဒီ့အမျိုးသမီး
လောကငရဲခံစားနေရပြီ
ပူလောင်မှုတွေ
ကိုယ့်အပေါ်မယုံကြည်မှုတွေ.
ဒေါသတွေ
အာဃာတတွေ
စိုးရိမ်ရမှုတွေနဲ့
တခြားတခြားသောအကျိုးပေးအပြစ်တွေခံစားနေရပြီ

သူ့လုပ်ခဲ့တဲ့တိုက်တွန်းစေ့ဆော်မှုတွေကြောင့်
မိသားစုလိုက်ဘဝတွေပျက်ခဲ့ရတာထက်စာရင်
ဒါဟာပါးပါးလေးပဲရှိသေးတယ်

သူ့ကြည့်ရတာပူလောင်လွန်းလှတယ်
# KAT

Post a Comment

Previous Post Next Post