ဘိုင်ဒင်အတွက် အိတ်ဖွင့်စာတစ်စောင်

ဘိုင်ဒင်အတွက် အိတ်ဖွင့်စာတစ်စောင်
======================
မြန်မာပြည်ရဲ့ ကိုဗစ်(ပ)(ဒု)(တ)လှိုင်းတွေမှာ ရှေ့ 
တန်းကျကျတွန်းလှန်ခဲ့တဲ့ ဒေါက်တာ ဇော်သန်းဦး 
က အမေရိကန်သံရုံးမှာ အိုမီခရွန်ပိုးတွေ့ရှိမှုနဲ့ပတ် 
သက်ပြီး ဂျိုးဘိုင်ဒင် ကို အိတ်ဖွင့်စာပေးတယ်လို့ 
သိရပါတယ်။ အပြည့်အစုံကိုတော့ ဘာသာပြန်ပြီး
မှ ထပ်တင်ပေးမယ်။

ကျနော့အနေနဲ့ ပြောချင်တာက 👇
ရုရှားတို့၊ တရုတ်တို့၊ အိန္ဒိယတို့၊ ဂျပန်တို့လိုနိုင်ငံ
ကြီးတွေက မြန်မာနိုင်ငံကို ကိုဗစ်ကုသရေးနဲ့ပတ် 
သက်ပြီး ကာကွယ်ဆေးတွေလှူတယ်၊ ဆေးပစ္စည်း
တွေလှူတယ်၊ ငွေတွေလှူတယ်။ 

သို့သော် အမေရိကန်က ကိုဗစ်နဲ့ ပတ်သက်ပြီး လှူ
လည်းမလှူတဲ့အပြင် မြန်မာပြည်ရဲ့တည်ဆဲဉပဒေ
ကို ချိုးဖောက်နေတာ တွေ့ရတယ်။ ဟိုတလောက 
ဦးဝဏ္ဏမောင်လွင်က စာထုတ်ပြီး ပြောပြီးပြီ။ 

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လို 
သဘောထားလဲဆိုတာ ခေတ်အဆက်ဆက်၊ သမိုင်း
အဆက်ဆက်ကို လေ့လာကြည့်မယ်ဆိုရင် ကောင်း 
ကျိုး မပြုဘဲ အဖျက်သဘောထားတွေသာ တွေ့ရ
လိမ့်မယ်။ 

ဘယ်သူသေသေ .. ငတေမာရင် ပြီးရောဆိုတဲ့
အတိုင်း မြန်မာနိုင်ငံအပေါ် ဘယ်သောအခါမျှ 
အကျိုးမပြုဘဲ .. အပျက်သဘောမျိုးသာ လုပ် 
ဆောင်နေတာ မျက်မြင်ပါပဲ။

မင်းတို့လည်း တစ်နေ့တော့ ဝဋ်လည်လာမှာပါ။

#KT

Post a Comment

Previous Post Next Post