မဲလိမ်ခြင်းသည် အကုသိုလ်အလွန်ကြီးသည့်အတွက် အလွန်ကြီးမားသောအကုသိုလ်အကျိုးကို ခံစားရမည်ဟု ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြား

မဲလိမ်ခြင်းသည် အကုသိုလ်အလွန်ကြီးသည့်အတွက် အလွန်ကြီးမားသော
အကုသိုလ်အကျိုးကို ခံစားရမည်ဟု ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြား
==============================================

စိုင်းထွန်းအောင်လွင်

ရန်ကုန်၊ ရွေးကောက်ပွဲတွင် မဲလိမ် မဲခိုးခြင်းသည် လူသန်းပေါင်း ၅ဝကျော် အား လိမ်လည်ခြင်းဆိုသည့်သဘော သက်ရောက်သောကြောင့် ပြုလုပ်သူ များအနေဖြင့် အလွန်ကြီးမားသည့် အကုသိုလ်အကျိုးကို ခံစားရလိမ့်မည် ဟု ဆရာတော်အရှင်ဆန္ဒာဓိကက မိန့် ကြားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်ရောက်ရှိနေသည့် ဆရာတော် အရှင်ဆန္ဒာဓိကသည် ဇွန် ၂၉ရက် က ဗွီအိုအေ အမေရိကန်အသံ(မြန် မာပိုင်း) သတင်းဌာန၏ရုံးခန်းသို့ ြ<ွက ရောက်ခဲ့ပြီး အဆိုပါသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုအစီအစဉ်တွင် မဲ လိမ်မှုများနှင့်ပတ်သက်၍ မိန့်ကြား ခဲ့ခြင်းဖြစ်သည်။

''မဲလိမ်တဲ့လူတွေ၊ မဲခိုးတဲ့လူက တော့ အင်မတန်ကြီးကျယ်တဲ့ အကု သိုလ်ကြီး ဖြစ်သွားပါလိမ့်မယ်။ လူ တစ်ယောက်ကို လိမ်တယ်ဆိုရင် တစ် ယောက်ပဲ ဆိုးကျိုးဖြစ်တယ်ဆိုရင် တစ် ယောက်စာ အကုသိုလ်ဆိုးကျိုးကို ခံ စားရပါမယ်။ 

လူပေါင်းသန်း၅ဝကျော် ကို လိမ်လည်တယ်ဆိုရင်တော့ ဒီမဲ လိမ်ခြင်းကြောင့် လူပေါင်းသန်း ၅ဝ ဆိုးကျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် မို့ ကိုယ့်ရဲ့လိမ်လည်အကုသိုလ်ကလဲ အဆပေါင်းများစွာသော အသင်္ချေ အနန္တ အကုသိုလ်တွေဖြစ်ပါလိမ့်မယ်။ ကုသိုလ် အကုသိုလ်ဆိုတာ အများ ပြောတာ သူများအသက်သတ်တာ၊ သာမန်ဟာမျိုးတွေတင် မဟုတ်ပါဘူး။ နိုင်ငံရေးနယ်ပယ်မှာလဲ မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်၊ တရားမမျှတ တဲ့ အလုပ်ကိုလုပ်ရင် အကုသိုလ်ပဲ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် တရား မျှတတဲ့အလုပ်ကို မှန်မှန်ကန်ကန် လုပ်ရင် ကုသိုလ်ပါပဲလို့ ပြောချင်ပါ တယ်''ဟု ဆရာတော်အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။

ယင်းအပြင် ဘာသာရေးအား အသုံးချပြီး လာမည့်ရွေးကောက်ပွဲ တွင် မဲရရှိအောင် ကြိုးစားနေမှုများနှင့် ပတ်သက်၍လည်း  ဘာသာရေးကို နိုင်ငံရေး၏ လက်ကိုင်တုတ်မဖြစ်စေ ရန် ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း မိန့်ကြားသည်။

သံဃာထုအနေဖြင့် နိုင်ငံရေးဘာသာရေးရောယှက်မှုအပေါ် မည်သို့
 ဖြေရှင်းကြမည်နည်း ဖြေရှင်းမှုများရှိနေသလားဟူသည့် မေးခွန်းနှင့်ပတ် သက်၍မ ူ''ဘာသာရေးဆိုတာတော့ အရေးအားလုံးနဲ့သက်ဆိုင်တဲ့အတွက် အသုံးချတယ်လို့ ပြောလို့မရပေမယ့်လို့ ဆက်စပ်မှုတော့ရှိပါတယ်။ ဘယ်လို ဆက်စပ်သလဲဆိုရင်တော့ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေကြတဲ့ပုဂ္ဂိုလ် တွေကို နိုင်ငံရေးအလုပ်ကို မှန်မှန်ကန်ကန်၊ တရားမျှမျှတတလုပ်ပါဆိုတဲ့ အဆုံးအမမျိုးတော့ ပေးရမှာပေါ့။ တရားမမျှတတဲ့အလုပ်တွေကို လုံးဝရှောင် ကြဉ်ပါ။ တရားမျှတတဲ့အလုပ်ကိုလုပ်ပါ။ တရားမျှတအောင်လုပ်ချင်တဲ့စိတ် ဓာတ်မျိုးမွေးမြူပါဆိုတဲ့တရားအဆုံးအမမျိုးကိုတော့ ပေးရမှာပါ။ အဲဒီတော့ မမှန်မကန်လုပ်တာတွေရှိရင် မှန်မှန်ကန်ကန်လုပ်အောင် လမ်းညွှန်ပေးတဲ့ အလုပ်၊ ဆုံးမသြဝါဒပေးတဲ့အလုပ်ကတော့ ဆရာတော်သံဃာတော်တွေ၊ ဘာ သာရေးခေါင်းဆောင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပါ''ဟု ဆရာ တော်က
 ပြန်လည်ဖြေကြားခဲ့သည်။
Crd https://www.facebook.com/334119789940281/posts/1001766043175649/

Post a Comment

Previous Post Next Post