သတင်း - မိုးဇွန်
တူရကီနိုင်ငံမှ မိမိတို့ မြန်မာနိုင်ငံအား
(၁၀) မိနစ်အတွင်း ကမ္ဘာမြေပုံထဲမှ
ပျောက်သွားအောင် လုပ်နိုင်သည်ဟု
ပြောကြားလိုက်ခြင်းသည်
တစ်နိုင်ငံနှင့် တစ်နိုင်ငံ
ချစ်ကြည်ရင်းနှီးမှု့အား မျက်ကွယ်ပြုရာရောက်ပြီး
နှစ်နိုင်ငံအကျိုးစီးပွားများကို များစွာထိခိုက်စေမည်
ဖြစ်ကြောင်း၊
မိမိတို့ မြန်မာနိုင်ငံ၏ အချုပ်အာဏာနှင့် နယ်မြေကျူးကျော် ရန်စလာခြင်းလက္ခဏာတို့အား မိမိတို့ မြန်မာ့တပ်မတော်မှ ပြန်ထန်စွာရှုတ်ချကြောင်း၊
ယခုကဲ့သို့ မိမိတို့ မြန်မာနိုင်ငံအား ကမ္ဘာအလယ်မှာ ဂုဏ်သိက္ခာကျဆင်းစေမဲ့စကားလုံးမျိုးဖြင့် ခြိမ်းခြောက်ပြောဆိုခြင်းအပေါ် မိမိတို့ မြန်မာ နိုင်ငံအနေဖြင့် လက်သင့်ခံခြင်းငှာ လုံးဝမဖြစ်နိုင်ကြောင်း၊
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေမခံသည့် စကားများဖြင့် ဝေဖန်တိုက်ခိုက်ခြင်းကို ရပ်ပေးစေလိုကြောင်း၊
ထပ်မံပြီး စကားအရာများဖြင့် ခြိမ်းခြောက် တိုက်ခိုက်နေမည်ဆိုပါက ထိရောက်စွာ လက်တုန့်ပြန်မည်ဖြစ်ကြောင်း၊
မည်သည့်နိုင်ငံကမှ ဖိအားပေးမှုကို မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ထည့်တွက်စဉ်းစားပေးမည်မဟုတ်ကြောင်း၊
လက်ရှိဖြစ်ပွားနေသော မြန်မာနိုင်ငံ၏အနောက်ဖက်ရခိုင်ဒေသရှိ အကြမ်းဖက် ဘင်္ဂလီတို့အား ပြတ်သားစွာချေမှုန်းသွားမည်ဖြစ်ကြောင်း၊
ထိုမှတဆင့် ဖြစ်ပေါ်လာမည့်ပြည်ပရန်ဟူသမျှအား မိမိတို့ မြန်မာ့တပ်မတော်အနေဖြင့် ရဲရဲဝံ့ဝံ့ရင်ဆိုင်ရန်အသင့်ရှိကြောင်း၊
မိမိတို့နိုင်ငံအား ၁၀ မိနစ်အတွင်းကမ္ဘ္ဘာ့မြေပုံကဖယ်ရှားမည်ဆိုပါက တူရကီနိုင်ငံသည်လည်း ၁၀ မိနစ်အတွင်း ပြာကျအောင် မိမိတို့ မြန်မာ့တပ်မတော်အနေနဲ့ တုန့်ပြန်လုပ်ဆောင်နိုင်ကြောင်း
မနေ့က နေပြည်တော်တွင် တပ်မတော် ထိပ်သီးခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးခေါ်ယူကာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှပြောကြားခဲ့သည်ဟု သိရသည်။
#Credit.
Post a Comment