ပွန်းဆိုတာလည်းဘဝတွေနဲ့ပါ

ပွန်းဆိုတာလည်းဘဝတွေနဲ့ပါ
(Zawgyi Version)

 မနက်က အရင် အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်ခိုင်းသန်း ရဲ့ အင်တာဗျူး မူဗီ ကိုသေချာလေးလိုက်နားထောင်မိတယ်။ သိပ်မကြာခင်မှာပင် သူ့ရဲ့စကားတစ်ခွန်း ကြောင့် စာရေးသူအတော်ပင် တုန်လှုပ်ခြောက်ခြားမိသွားသည်။ ဘာတဲ့ “ဒေါ်အောင် ဆန်းစုကြည်က သူ့ကိုယ်သူရင်းခဲ့တာ၊ ရန်ငါစည်းပြတ်အောင်လုပ်ခဲ့တာ” ဆိုတဲ့ စကားလုံးဟာ တကယ်ကို အံ့သြမိတာပါ။
 စာရေးသူ သိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နိုင်ငံရေးခံယူချက်အရ နဝတ နယက ကို တောက်လျှောက် အာခံခဲ့တဲ့ ပုဂ္ဂိုလ်။ သူမ ယုံကြည်ရာကို အကြမ်းမဖက်ပဲ ဆောင်ရွက်ခဲ့တဲ့ မိန်းမ လို့ပဲသိခဲ့တာပါ။ နိုင်ငံရေးခံယူချက် ရပ်တည်ချက် မတူပေမဲ့ သူမ ရဲ့ တဇွတ်ထိုးဆန်မှု ၊ ခေါင်းမာမှု တွေက လက်နက်ကိုင်လမ်းစဉ်ကို ဘယ်တော့မှ အားမပေးခဲ့တဲ့လူလို့လည်း သိရှိခဲ့တာပါ။ ခုတော့ ... မန်းဝင်းခိုင်သန်း ပြောသလိုဆိုရင် တပ်က အာဏာထိန်းမှာ သိသိကြီးနဲ့ သက်သက်မဲ့ကို လွှတ်ပေးခဲ့သလိုဖြစ်နေပြီ။
 တကယ်တော့ ၂၀၂၁ ဖေ ၁ အာဏာထိန်းမှုဟာ မဲသမာမှုလို့ တပ်ကနေ စွပ်စွဲ ရာက စတင်ခဲ့ပါတယ်။ တပ်မတော်ဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် မျှော်လင့်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြာထားပြီးသားပါ။ ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီရဲ့ မဲဆွယ်မူဗီမှာ တပ်က အရာရှိနဲ့ဇနီးပုံစံ ညီထွဋ်ခေါင်နဲ့  နန်းမြတ်ဖြိုးသင်းကို သရုပ်ဆောင်စေကာ စော်ကား  မော်ကား ပုံဖော်ရိုက်ကူးခဲ့တာတောင် တပ်မတော်ဟာ သဘောထား ကြီးပေးခဲ့တယ်။ တကယ်တော့ အဲ့တုန်းက ရိုက်ခဲ့တဲ့ ဇာတ်လမ်းဟာ တပ်မတော်ကိုပြည်သူလူထု အထင်အမြင်မှားစေဖို့အတွက် ဇောင်းပေးထားတာ။ တပ်မကောင်းကြောင်းပြောပြီး ပါတီမဲဆွယ်တယ်။ မဆီမဆိုင်လက်ပံသားဓားနဲ့ချိုင်သွားတယ်။ အဲ့တုန်းက ကြည့်မိတဲ့ တပ်မတော်သား အရာရှိ/စစ်သည် တိုင်း ဒေါသတွေထွက်ခဲ့ကြပေမဲ့ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ဘာမှကိုမပြောခဲ့ကြဘူး။ တရားစွဲချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့ပေမဲ့ မစွဲခဲ့ကြပါဘူး။ ထားပါလေ ... လမ်းကြောင်းလွဲသွားပြီ။  အဲ့မှာ ရွေးကောက်ပွဲအပြီး လအနည်းငယ်အကြာမှာ တပ်မတော်ဟာ ရွေးကောက်ပွဲစာရင်း တွေ မှားယွင်းနေတယ်၊ စာရင်းထပ်နေတယ် လို့ မြို့နယ်တစ်ခုချင်းဆီက စာရင်းတွေ ကို တိုက်ဆိုင်စစ်ဆေးပြီး သတင်းစာရှင်းလင်းပွဲတွေလုပ်ခဲ့တယ်။ တဖြေးဖြေးနဲ့ အားလုံးကို ဖော်ထုတ်အပြီးမှာတော့ တပ်မတော်ဟာ ဒီကိစ္စကို ဖြေရှင်းပေးဖို့ UEC ကို တောင်းဆိုခဲ့တယ်။ UEC ကငြင်းတယ်။ အဲ့ကနေ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေ လွှတ်တော်မှာအရေးကြီးအဆိုတင်တယ်။ မန်းဝင်းခိုင်သန်းတို့က ပယ်ချတယ်။ နောက်ဆုံး ကာလုံခေါ်ပေးဖို့ အစိုးရကိုတောင်းဆို တယ်။ အစိုးရက မသိချင်ယောင်ဆောင်တယ်။ နောက်ဆုံး တပ်မတော်က အရာရှိကြီး တွေ အစိုးရတာဝန်ရှိသူတွေနဲ့သွားတွေ့ပြီး ညှိကြတယ်။ ဖေ ၁ ရက်နေ့ လွတ်တော် မှာ အစည်းအဝေးကိုခေတ္တ ရပ်ဆိုင်းဖို့သဘောတူပြီးကာမှ ဇန် ၃၁ ရက်နေ့ ထွက်လာတဲ့ အစည်းအဝေး Argenda မှာ ပုံမှန်အတိုင်းရေးထားလို့ ပျက်ပျယ်သွားပြီး ဒီအဆင့်ကို ရောက်လာတာပါ။ အဲ့တော့ ... အဆင့်ဆင့်ညှိခဲ့တယ်ဆိုတာတော့ သေချာပါတယ်။
 အဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြန်စစ်ဆေးဖို့ အခြေအနေ ကို သဘောတူသလိုဖြစ်ခဲ့တယ်ကြားပါတယ်။ ဒါပေမဲ့ ဒေါက်ဇော်နဲ့ ဦးဝင်းထိန် တို့ ပါဝင်တဲ့အဖွဲ့က လုံး၀ ညှိနှိုင်းမှုမလုပ်ရေးအတွက် တင်းခံခဲ့တဲ့အတွက် ဒေါ်စု ကိုယ်တိုင် စိတ်ပျက်စွာပြောဆိုခဲ့တယ်လို့လည်း တချို့ NLD ပါတီဝင်တွေဆီက ကြားသိရပါတယ်။ ခုတော့ မန်းဝင်ခိုင်သန်း က မဟုတ်ဘူးတဲ့ .. ဒေါ်စု သိသိကြီးနဲ့ ရင်းသွားတာတဲ့။ ဒီတော့ မန်းဝင်းခိုင်သန်း ဦးဆောင်တဲ့ NUG ကပဲ လိမ်နေတာလား။ ဒေါ်စုနဲ့ နီးစပ်တဲ့ လူတွေကပဲ လိမ်နေတာလား ဘာမှန်းကိုမသိတော့ပါဘူး။ 
 ဒါက ရွေးကောက်ပွဲကိစ္စ အငြင်းပွားမှုကို ရှင်းပြတာ။ စကားလမ်းကြောင်းပြန် တည့်မယ်ဆိုရင် ပြီးခဲ့တဲ့ကိစ္စတွေကို မပြောချင်တော့ပါဘူး။ ဖြစ်ခဲ့ပြီးပြီမို့ ဘာမှပြန်လုပ် လို့မရတော့ဘူးလေ။ ဆက်ပြောရမှာက လက်ရှိဖြစ်ပျက်နေတာတွေကို အမြန်ဆုံး ရပ်ဆဲစေချင်တယ်။ မန်းဝင်းခိုင်သန်း ဆက်ပြောသွားသလိုဆိုရင် “ဒီလောက်ကတော့ ရင်းရမှာပေါ့” တဲ့ .. ရှင်းတယ်၊ ပြတ်တယ်။ ခုဖြစ်ပျက်နေတဲ့ အရာတွေဟာ သူတို့ အာဏာရရှိရေး ရင်းကိုရင်းရမယ်ဆိုတဲ့သဘော။
 ပြည်သူနဲ့ ယုံကြည်ချက်ကြောင့် တော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေကို ပွန်းလို ချနင်းပစ်ရက်လိုက်လေခြင်းလို့ အော်ဟစ်စွပ်စွဲချင်ပါသည်။ တကယ်တော့ လက်ရှိ အကျပ်အတည်းသည် မန်းဝင်းခိုင်သန်းတို့ အုပ်စုမှ နိုင်ငံရေးဖြေရှင်းနည်းဖြင့် ဖြေရှင်း လို့ရပါသည်။ နစက မှလည်း လက်ရှိအချိန်ထိ NLD ပါတီကို ဖျက်သိမ်းခြင်း၊ အရေးယူ ခြင်းမပြုလုပ်။ ထို့ကြောင့် နစက မှ ကတိကဝတ်ပြုထားသော ၂ နှစ်ဆိုသည့် အချိန် ကို ခေတ္တစောင့်ကြည့်ကာ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆက်လက်ဆောင်ရွက်သင့်ပါ သည်။ တကယ်လို့များ ထိုသို့သာ ဆောင်ရွက်လျှင် ခုလိုမျိုး လူတွေသေကြေခြင်း၊ အဆောက် အဦးများပျက်ဆီးခြင်း၊ စစ်ကိုင်းနှင့် ကယားဒေသများတွင် ရွာအချို့ ပျက်ယွင်းရခြင်း တို့ ရှိလာမှာမဟုတ်တော့။ 
 တော်လှန်ရေးဆိုသည်မှာ မိမိတိုင်းပြည်အား အခြားတိုင်းပြည်တစ်ပြည်မှ ဝင်ရောက်ကျူးကျော်ကာမှ တော်လှန်သည်လို့ သုံးနှုန်းရမည်ဖြစ်ပြီး လက်ရှိအခြေအနေ သည် မိမိတို့ ညီအစ်ကိုချင်း မဲကိစ္စနှင့်အချင်းများကာ ပြသနာတက်ကြခြင်းဖြစ်သဖြင့် တော်လှန်စရာမလို။ ညှိနှိုင်းဆွေးနွေးအဖြေရှာလျှင်ရနိုင်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်တွေတောင် နှစ်ပေါင်း ၇၀ လောက် တော်လှန်ခဲ့ကြတာပဲလေ။ ဘာဖြစ်ခဲ့လို့ပါသလဲ .. ဒါကို ခဏခဏပြောချင်ပါသည်။ 
၂၁ ရာစုတွင် ကမ္ဘာ့ နိုင်ငံ ကြီးများသည် နိုင်ငံတစ်နိုင်ငံကို စစ်ရေးနည်းဖြင့် ကျူးကျော်ခြင်းမလုပ်တော့။ စီးပွားရေး စစ်ပွဲကိုသာဆင်နွှဲကြသည်။ လက်နက်ကိုင် နည်းလမ်းသည် လူသားများသေကြပျက်ဆီးခြင်း၊ တိုင်းပြည်အခြေခံအဆောက်အဦး များ ဆုံးရှုံးခြင်းကြောင့် အဆိုပါနည်းလမ်းများကိုတိုးတက်သော နိုင်ငံများက အသုံးမပြု တော့။ နိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိဆိုသည့် အဆိုနှင့်အညီ ယနေ့ ရန်သူသည်လည်း မနက်ဖြန် တိုင်းပြည်အကျိုးစီးပွားအတွက် မိတ်ဆွေဖြစ်နိုင် သည် ဆိုတာ ဗီယက်နမ် နှင့် အမေရိကန် က သက်သေပါလေ။ ဆိုတော့ .. စာရေးသူ တို့လိုဖွံ့ဖြိုးပြီးစနိုင်ငံများအနေဖြင့် စစ်ရေးနည်းလမ်းကို ရွေးခြယ်ဖို့ အင်မတန်မှ စဉ်းစား သင့်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်နေသည့်နေရာများသည် နယ်စပ်ဒေသများတွင်ဖြစ်သည်။ အခြေခံအဆောက်အအုံမရှိသလောက်နည်းပါးသည့် နေရာများတွင်ဖြစ်သဖြင့် စကားကပ်ပြောရလျှင် နည်းနည်းခံသာသေးသည်။ မကြာသေး ခင်က ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသ စစ်မြေပြင်မှာလည်း တပ်မတော်နှင့် AA တို့မှ အသက်သွေးချွေးပေးဆပ်ရသည်ကလွဲလို့ ထိခိုက်မှုနည်းခဲ့သည်လို့ပြောလို့ရသည်။ စစ်သားဆိုသည်မှာ စစ်တိုက်ဖို့မွေးဖွားလာကြသူများဖြစ်သည်။ သူတို့အသက်ထက် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပိုနှမြောကြ သည်။ ခုများတော့ .. NUG ၏ လမ်းညွှန်မှုဖြင့် PDF အကြမ်းဖက်များက မြို့တွင်း ဗုံးခွဲ ခြင်း၊ လူသတ်ခြင်းများဆောင်ရွက်ကြသဖြင့် တပ်မှလည်း အကြမ်းဖက်ဖြိုခွင်းကြရ သည်။ မဆိုင်သည့်လူများထိခိုက်ကြရသည်။ အခြေခံအဆောက်အအုံများပျက်ဆီးကြရ သည်။ 
မိမိတို့နိုင်ငံသည် ၂၀၁၀ ပြည့်နှစ် သမ္မတကြီးဦးသိန်းစိန်လက်ထတ်တွင် အရှေ့ တောင်အာရှတစ်ခွင်မှာ မြန်ဆန်သည့် တိုးတက်နှုန်းဖြင့် အရှိန်အဟုန်ပြင်းပြင်း ထိုးတက် ခဲ့သဖြင့် အာဆီယံကျားတစ်ကောင်ဖြစ်လာပြီလားလို့တောင် မီဒီယာတွေမှာ ဖော်ပြကြ သည်အထိဖြစ်ခဲ့သည်။ ၂၀၁၅ နောက်ပိုင်း NLD အစိုးရလက်ထတ်တွင်လည်း တိုးတက် မှုမရှိလျှင်တောင် ခုလိုမျိုး ဆုတ်ယုတ်သွားခြင်းမျိုးမရှိခဲ့။ ဘယ်ရှိမလဲ ... NLD ကို မထောက်ခံသည့် လူထုတွေသည် နိုင်ငံရေးအရ မထောက်ခံတာပဲရှိသည်။ ခုလိုမျိုး အကြမ်းဖက်လုပ်ရပ်များတော့မလုပ်ကြ။ ခုတော့ .. အုပ်ချုပ်ရေးမှူး၊ ဆရာ/ဆရာမ ဆိုသူတွေကို ဒလန်ဆိုပြီးသတ်၊ ကျောင်းတွေ/ဈေးတွေ/EPC ရုံးတွေဗုံးခွဲ၊ မြို့နယ်အချို့ ရှိ ရွာများတွင် မြို့တွင်းတိုက်ပွဲဆိုပြီးဆင်နွှဲလို့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရနှင့် အတိဒုက္ခတွေကလွဲလို့ ဘာမှဖြစ်မလာပါချေ။ ဒါက ပြည်သူတွေနှင့် တိုင်းပြည်ဘက်ကို တွက်ဆကြည့်ခြင်းဖြစ်သည်။
PDF ဆိုပြီးခံယူသွားသည့် လူငယ်တွေဘက်ကိုဝင်ကြည့်ပါမည်။ သူတို့တွင် ဘယ်သူ့ကိုမှ မုန်းတီးခြင်း၊ အငြိုးတရားရှိခြင်းများမရှိကြ။ တပ်ကို မကျေနပ်သည့် အခံနှင့် နိုင်ငံရေးအယူအဆမတူခြင်းများကြောင့် တောတွင်းရောက်သွားကြခြင်းဖြစ် သည်။ တောထဲမှာ ဖြစ်သလိုနေ ဖြစ်သလိုစား၊ လက်နက်ခဲယမ်းဆိုလို့ ထောက်ပံ့မှု မယ်မယ်ရရမရှိဘဲ နှစ် ၇၀ တည်ထောက်ထားသည့် Regular Army ကိုတော်လှန် နေကြခြင်းဖြစ်သည်။ ဆိုတော့ ခုလိုမျိုး ယုံကြည်ချက်လုပ်ကြကိုင်ကြသည့် လူငယ် အမျိုးသား အမျိုးသမီး လေးများ၏ အနာဂတ် တွေ အသက်တွေ ဘဝတွေကိုရောမကြည့်တော့ဘူးလား မေးချင်ပါသည်။ 
စစ်တုရင်တွင် ပွန်းဆိုတာရှိသည်။ ပွန်းများသည် စစ်တုရင်ပွဲတစ်ပွဲ အနိုင်ရရှိရေး အတွက် ရှေ့ဆုံးမှ စတေးကွက်ရွေ့ကြရသည်။ ဒါက ခုံပေါ်က အသက်မဲ့ ပွန်းများဖြစ် သည်။ ယခု မန်းဝင်းခိုင်သန်း တို့ ကိုင်တွယ်နေသည်မှာ အသက်၊ ဘ၀ ရှိသည့် သက်ရှိ ပွန်းများဖြစ်သည်။ မိမိတို့ အာဏာရရှိရေး၊ မိမိတို့ အစိုးရပြန်ဖြစ်ရေးအတွက် ပွန်းများ ကိုထိုးကျွေးမည်ဆိုလည်း ထိုးကျွေးရက်ကြပါစ။ ပွန်းတွေမှာလည်း အသက်တွေ ဘ၀ တွေနဲ့ပါ။ ထို့ပြင် အဆိုပါ ပွန်းလေးများသည် ခင်ဗျားတို့ရဲ့ သားအရွယ် သမီးအရွယ် နှင့် အရွယ်စုံ ဆိုက်စုံပါကြသည်ကိုလည်း သတိရကြပါ။ ခင်ဗျားတို့လို သွေးနဲ့ကိုယ် သားနဲ့ ကိုယ်ဖြစ်သည်ကိုလည်း သတိရကြပါ။ ခင်ဗျားတို့လို မိသားစုတွေရှိသည်ကို လည်း သတိချပ်ကြပါ။ ပွန်းဆိုပေမဲ့လည်း သူတို့တစ်တွေသည် ဘဝတွေနဲ့ပါ လို့ ပြောကြားရင်း ထိုးမကျွေးစေချင်ပါခင်ဗျာ ....

မင်းထက်ကျော်ဇော 
================================
ပွန်းဆိုတာလည်းဘဝတွေနဲ့ပါ
(Unicode Version)

Post a Comment

Previous Post Next Post