++++++++++++++++++++
ဇန်နဝါရီလ ၁၇ ၊ ၂၀၂၂ ။
၁၆-၁-၂၀၂၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့ တောင်ဘက် ၊ မောင်းမရွာသစ်နှင့် ကမိုင်ကုန်းရွာအား တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်၊ သောင်းကျန်းသူအကြမ်းဖက်အဖွဲ့ KKO+ KNLA + PDF ပူးပေါင်းအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူအားတပ်မတော်စစ်ကြောင်းမှ ဦးစွာတွေ့ရှိပြီး မနက် ၄ နာရီခန့်မှစ၍ အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲစတင်ခဲ့သည်။ ၁၂၀မမ အမြှောက်ပစ်ကူများဖြင့် ထိရောက်စွာ ဦးနှိမ်ပစ်ခတ်ခဲ့သည့်အတွက် ရန်သူအလုံးအရင်းနှင့်တက်လာသော်လည်း ကိုယ့်အလောင်းကိုယ်ပြန်ကောက်ပြီး ပြန်လှည့်ပြေးရသည်။ မြေပြင်တပ်များရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကြောင့်လည်း ရန်သူ့အလောင်းများစွာ ရရှိခဲ့ပြီး၊ လက်နက်နှင့်ဆက်စပ်ပစ္စည်းများစွာသိမ်းဆည်းရရှိခဲ့သည်။ ၎င်းတိုက်ပွဲတွင် တပ်မတော်မှ စစ်သည် ၃ ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး၊ သောင်းကျန်းသူမှ KNLAတပ်မဟာ(၆) ဒုတပ်မဟာမှူးဆင့်ရှိသူတစ်ဦးကျဆုံးပြီး KNLA+KKO+PDF ၆၀ကျော်သေဆုံးခဲ့သည်။ ထို့အတွက်ကြောင့် ရန်သူမှ ရှက်ရမ်းရမ်းကာ မြဝတီမှတက်လာသည့် ဆီဘောက်ဆာကား ၂ စီးအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။ ကော့ကရိတ်မှာ အခြေမလှတော့သည့် စောကျော်သက်နဲ့ PDF အဖွဲ့ဟာ တပ်မဟာ၆ နယ်ထဲကထွက်ပြေးပြီး တပ်မဟာ ၅ နယ်မြေထဲကို အသိုက်ပြောင်းဖို့ကြံရွယ်နေကြောင်းလည်း PDF သတင်းပေးများထံမှသိရှိရသည်။
သံလွင်သစ္စာ
Post a Comment