ဖရဲသီးထက်ဆိုးလာနေသူတွေကိုဘယ်လိုအရေးယူကြမလဲ

ခေတ်သစ်မှာ အတွင်းရေး နဲ့ ထိပ်တန်းလျှို့ဝှက်တွေမကြာခဏ ဆိုသလို ထုတ်ဖော်ခံနေရတယ်။အခုလည်း အစည်းဝေး အသံဖိုင်တွေနဲ့ တကွတက်လာပြန်ပြီ။ဖရဲသီးတွေ
ဘယ်လောက်တောင် များနေတယ် ဆိုတာ ကို ပြတဲ့ သဘောပဲ။
ဖရဲသီး ဆိုတာက သက်သက်ညှာညှာ ပြောထားတာ။ဒီလုပ်ရပ် က နိုင်ငံတော် သစ္စာ ဖောက်မှုပဲ။
ဝန်ထမ်း တစ်ယောက် ရဲ့ အဓိက တာဝန် က နိုင်ငံတော် နဲ့ တည်ဆဲ အစိုးရ ကို သစ္စာစောင့်သိ ဖို့ပါ။
နိုင်ငံသား ကောင်း တစ်ယောက်ဆိုတာ ကလည်းတည်ဆဲ ဥပဒေ နဲ့ အညီနေထိုင်နိုင်ဖို့ပါပဲ။

ဝန်ထမ်းတွေ ဖရဲသီး ပြဿနာ က CDM တွေ ကိုအတင်းပြန်ခန့်ခဲ့တာ ပါသလို ဒီထက်လေးနက်တဲ့နောက်ကွယ် ကအကြောင်းတရားတွေရှိပါသေး
တယ်။

ဒီနောက်ကွယ်ကအကြောင်းတရား က စစ်အုပ်ချုပ် ရေး ကြာမြင့်ခဲ့တဲ့ ကျွန်တော် တို့ တိုင်းပြည် မှာ စစ်ဘောင် တွေ ကျယ်ပြန့်လွန်းခဲ့
တဲ့ အပေါ် အရပ်ဘက်ဝန်ထမ်းတွေ ကြား မှာကိန်းအောင်းနေတဲ့ မကျေနပ်မှု တွေ ရှိနေခဲ့ကြတယ်။

တိုတိုတုတ်တုတ် ပြောရရင် မိုးကျရွှေကိုယ် ကြောင့် အရပ်ဘက် ရာထူးကြီး ပိုင်းတွေ မှာ တပ်က
လာတဲ့ အဖွဲ့တွေ ကြီးစိုးနေခဲ့မှု အပေါ်ကို အရပ်ဘက်ဝန်ထမ်းတွေ အကြားမှာ အစိုင်အခဲ ဖြစ်ခဲ့ကြတယ်။တစ်ခါက အလုပ်အတူတွဲ လုပ်ဖူးတဲ့ရဲစခန်းမှူး က ရဲဝါသနာ ပါလို့ ရဲထဲဝင်တာ ရဲသုံးပွင့် နဲ့ အနားယူရတော့မယ်တဲ့။သူ့ သား က ရဲဝါသနာ ပါပေမဲ့ ရဲထဲမဝင်ခိုင်းတော့ဘူးတဲ့။သူ့သား ကို ဗိုလ်သင်တန်းလျှောက်ခိုင်း ပြီး တပ်က အရာရှိ ဖြစ်မှ ရဲထဲပြောင်းခိုင်း တော့ မယ်လို့ ရင်ဖွင့် ပြောတာ မျိုးကြုံဖူးတယ်။

ဒီလို စစ်ဘောင်ကျယ်ပြီး စစ်ဘက် ကြီးစိုးမှုများခဲ့တဲ့ တိုင်းပြည် က NLD ခေတ် ၅ နှစ် ရောက်သွားချိန်မှာ အရပ်ဘက် ဝန်ထမ်းတော်တော်များများ
ကို NLD က အမိအရ ဆုပ်ကိုင်သွားတာ တွေ့ရတယ်။ဝန်ထမ်းတွေ ရဲ့ ခံစားချက်ရယ် NLD ရဲ့
မက်လုံး တွေ နဲ့ ပေါင်းလိုက်တဲ့ အခါ မှာ CDM ပရော့ဂျက်ကြီး ပေါ်လာခဲ့တယ်။

CDM မအောင်မြင်တော့ အခုလို အတွင်းထဲ ဝင်ပြီး မီဒီယာကို သတင်း ပေးကာ  တိုင်းပြည် ကို မတည်မငြိမ် ဖြစ်အောင် လုပ်ကြတော့တာပဲ။ဝိုင်းဖျက်ဆီး နေကြတာ ကို တွေ့နေရတယ်။

ဒီတော့ တည်ဆဲ အစိုးရ အနေဖြင့် ကိုယ့်အုပ်ချုပ်မှု ယန္တယား ခိုင်မာဖို့ အတွက် ဒီလို အတွင်းသူလျှိုတွေ ဖော်ထုတ်အရေးယူ ဖို့လိုတယ်။အုပ်ချုပ်မှုယူတာ အာဏာတည်ဆောက်တာ က သိပ်မခက်ပါဘူး။ဘယ်သူ ထောင်ထောင်လုပ်နေသလဲ။အဲဒီ
ကောင် ကို သမလိုက်ရင်ကျန်တဲ့ ကောင် ငြိမ်ပါတယ်။ဥပမာ ဦးသိန်းစိန် တက်စ က ဝန်ကြီး တစ်ပါ အရေးယူ ပစ်လိုက်တာဟာ အာဏာတည်ဆောက် ခြင်း တစ်မျိုးပါပဲ။

နောက်တစ်ချက် က တပ်ဘက် က လည်း ပြန်စဥ်းစားရမယ်။နိုင်ငံရေး သိပ္ပံပညာရှင် ဟယ်တင်တန်( ဟားဗတ်တက္ကသိုလ်) က တတိယလှိုင်းဒီမိုကရေစီ အကူးအပြောင်းစာအုပ် မှာ စစ်တပ်ဟာ နိုင်ငံရေး ကနေ ထွက်ခွာတဲ့အခါ သူတို့ကိုယ်
သူတို့ ကာကွယ်နိုင်ဖို့ ခြေဥအရ အကာကွယ်ယူတာမျိုး အပြင် ပြည်တွင်းရဲ့ အရေးပါတဲ့ ဌာနတွေမှာ သူတို့ရဲ့ ဆဲလ် တွေ ထားခဲ့လေ့ ရှိသတဲ့။

ဒါဟာ တပ်က အရာရှိတွေ အရပ်ဘက်ပြောင်းပြီးနေရာ ချထားပေးခဲ့တာ က လည်း ဒီသဘောပဲဆိုတာတွေ့ရမယ်။

ဒါကြောင့် ပြောချင်တာ က အရပ်ဘက် ဝန်ထမ်းလောက မှာ စစ်ဘက် လွှမ်းမိုးနေမှု တွေ ကို လည်း သတိထားပြင်ဆင်သွား သင့်တယ်။ဒါမှသူ တို့ ရဲ့ ပရို ကို တန်ဖိုးထား ရာ ကျသလို မညီမျှမှု တွေ ကို လျှော့ ချရာ ကျပါတယ်။( ဒါကတော့
လက်ရှိအချိန်မှာ မဖြစ်နိုင်သေးပါဘူး။နောင်ကိုဆင်ခြင်သွားဖို့ အကြံပြုတာပါ)

ပြဿနာ အားလုံးရဲ့အစဟာ မညီမျှမှု တွေ က စ ကြတယ် လို့ ပညာရှင်တွေ က ထောက်ပြကြပါတယ်။မညီမျှ တွေ ကနေ မတရားမှု တွေ ဖြစ်လာတယ်။မတရားမှု တွေ က ပြဿနာ တွေ ဖြစ်လာတယ်။ပြဿနာ တွေ က တဆင့် ပေါက်ကွဲမှု တွေ ဖြစ်လာ ပြီး နောက်ဆုံး အပ်နဲ့ ထွင်းရမဲ့ နေရာမှာပေါက်ဆိန်နဲ့ ပေါက် ရတဲ့ အထိ ဖြစ်လာရတတ်ပါတယ်။

ဒါကြောင့် ကျွန်တော် တို့ တိုင်းပြည်မှာ ဖြေရှင်းစရာ ပြဿနာ တွေ အများကြီးရှိနေပေမဲ့ လက်တလော မဖြစ်မနေ ဖြေရှင်း ရမှာ က နိုင်ငံတော်
တည်ငြိမ်ရေး နဲ့ တရားဥပဒေစိုးမိုး က အဓိကပါ။နိုင်ငံတော် တည်ငြိမ်ရေး နဲ့ တရားဥပဒေ စိုးမိုးရေး ဖို့ဆိုရင် ကောင်းမွန်တဲ့ အုပ်ချုပ်မှု ယန္တယားကို ထူထောင်သွားဖို့ လိုပါတယ်။

ကောင်းမွန်တဲ့ အုပ်ချုပ်မှု ယန္တယား ကို ထူထောင်နိုင်ဖို့ ဆိုရင် အုပ်ချုပ်မှု ယန္တယား ကို လိုက်နာ
အကောင်ထည်ဖော်နေကြသူတွေ ဟာ တိုင်းပြည်အပေါ် တည်ဆဲအစိုးရ အပေါ် ကို သစ္စာ ရှိကြဖို့
နဲ့ တာဝန်ကျေပွန်ကြဖို့ အလွန်အရေးကြီးပါတယ်။

ဒါကြောင့် သစ္စာ ရှိသူတွေကို သာ ဝန်ထမ်းအဖြစ်ထားရှိနိုင်ရေး မဖြစ်မနေ လုပ်ဆောင်သွားရမှာသာ ဖြစ်ပါတယ်။

crd#အောင်နိုင်သူ
      KT
#Dgf

Post a Comment

Previous Post Next Post