မြန်မာပြည်ကြေမသွားခဲ့တာအာမီ ဆိုတာကြီးကြောင့်ကွ

မြန်မာပြည်ကြေမသွားခဲ့တာ
အာမီ ဆိုတာကြီးကြောင့်ကွ 

၈၈ မှာ 

နဖူးစီးအနီနဲ့
ဓားကိုင်ထားရင်
အဲ့ပတ်ဝန်းကျင်မှာ
အဲ့ကောင် အာဏာရှင်

တစ်စုံတစ်ယောက်ကို
 $မြင်ကပ်ရင်
ထောက်လှမ်းရေး
စစ်တပ်ကသူလျို လို့သာ လက်ညိုးထိုးလိုက်
အဲ့ကောင် ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီ

ရေလမ်း ကုန်းလမ်း
သင်္ဘောကိုဓားပြတိုက်မယ်
ကားကိုတားလုမယ်
လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီ

ချိုးဖြူ ရေလှောင်ကန်ကြီးကို
အဆိပ်ခတ်တဲ့သူတဲ့
ရေပမာဏနဲ့
ခတ်ရမယ့်အဆိပ်က 
ကွန်တိန်နာအစီးတစ်ရာလောက်မှ
ဒါပေမဲ့ လက်ညိုးထိုးခံရတဲ့သူက
လည်ပင်းပြတ်သွားပြီ

ပါတီမရှိတော့ဘူး
အုပ်ချုပ်ရေးကောင်စီ ပျက်သွားပြီ
ရပ်ကွက်ထဲက
လက်စလက်နရှိတဲ့ကောင်ပါးစပ်က
တည်ဆဲ ဥပဒေ

ရဲစခန်းကို ဝင်စီးတယ်
လက်နက်တွေပါသွားတယ်
နေရတဲ့သူတွေက ကျီးလန့်စာစား

အလုပ်မရှိ အကိုင်မရှိဘူး
ငတ်လာပြီပြတ်လာပြီ
မျက်စောင်းထိုးမခံနိုင်တဲ့အိမ်တွေက
လုံခြုံရေးအတွက်ဆိုပြီး ဆက်ကြေး ပသ

ရှေ့မလုံသလို
နောက်ကြောက ဟာလာဟင်းလင်း
လူလူချင်း အလစ်မပေးရဲဘူး
မင်းမှာလည်းဓားနဲ့
ငါ့မှာလည်း ဂျင်ကလိနဲ့

ဆန်ဆိုင်က ဆန်မရောင်းတော့ဘူး
ဆီဆိုင်က ဆီမရောင်းတော့ဘူး
အကြောင်းမလှရင်
အလုခံရဘို့ ကြိမ်းသေနေပြီ

အစိုးရဆိုတာ
အသံပဲကြားရတော့တယ်
သမ္မတဆိုတာ တီဗွီထဲမှာပဲ မြင်နေရတယ်

ခိုးမွု့ လုယက္မွု့ လူသတ္မွု့
ဓားပြမှု့
ဘယ်မှာမှ အမှု့ဖွင့်လို့မရဘူး

နယ်ထိမ်းလည်းခေါင်းဖြတ်
ကောင်စီလည်းထုသတ်
အရပ်ရပ်မှာ ကိုယ့်အစိုးရနဲ့ကိုယ်

လမ်းတိုင်းမှာ
ဝါးကပ် နဲ့ သဲအိပ် ကာထားတဲ့
ခံတပ်ကြီးတွေက ကိုယ်စီကိုယ်စီ

လေတပ်နဲ့ရေတပ်ပေါင်းပြီး
ကြည်းတပ်ကိုဆော်တော့မလိုလို
ရာဇသံတွေက 
ပလက်ဖေါင်းပေါ်က ဂျာနယ်တွေမှာ
ခေါင်းကြီးပိုင်းက

မြေအောက်ခန်းပဲ ထားရမလိုလို
ဘန်ကာကျင်းပဲတူးပုန်းရမလိုလို

မင်းမဲ့စရိုက်ဆိုတာ
မျက်ဝါးထင်ထင်
နေ့စဉ်မြင်နေရတဲ့ ကာလ

အဲ့အခြေအနေကိုမှ
တပ်မတော်က အာဏာမသိမ်းရင်
ဒီအချိန်မှာ
မင်းတို့တွေ လူတောင်ဖြစ်လာမှာမဟုတ်ဘူး

အရူးတွေပြောတာကို ယုံပြီး
တပ်မတော်ကို ခြေစုံကန် မုန်းတီးနေတဲ့
ပေမမှီ ဒေါက်မမှီလေးတို့ရေ

မြန်မာပြည်ကြေမသွားခဲ့တာ
အာမီ ဆိုတာကြီးကြောင့်ကွ      ။

လေလွင့်ငှက်ငယ်

Crd.

အသက်ငယ်သူကျနော်တို့လိုလူငယ်တွေသိသင့်တယ်

Post a Comment

Previous Post Next Post