သူတို့သိသင့်ပြီ


လွိုင်ကော်မှာအကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ 
KNPP ၊ KNDF ၊ KA ၊ လွိုင်ကော် PDF ၊ 
ဒီမောဆို PDF ၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF နဲ့ 
အလယ်ပိုင်းတိုက်ခိုက်ရေးအဖွဲ့တွေပူးပေါင်းပြီး 
မြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြဖို့တိုက်ကွက်ဖော်နေ
ကြတယ် ။

လွိုင်ကော်လို မြို့ကြီးကို တကယ်သိမ်းပိုက်ဖို့
ဆိုရင်တော့ တစ်မြို့လုံးပြာကျမယ့် တိုက်ကွက်ပဲ
ဖြစ်လာပါလိမ့်မယ် ။ 

သိမ်းပိုက်နိုင်ပြီးပဲထားပါ ။
ဘယ်နှစ်ရက် သိမ်းထားနိုင်မှာလဲဆိုတာက
တွေးစရာ ဖြစ်လာပါပြီ ။
၁ပတ်လား ၁လလား .....???

သိမ်းထားပြီးတော့ရော ဘာလုပ်မှာလဲ...
စစ်ကြောင့် ပျက်စီးသွားတာတွေကို ပြန်လည်ထူထောင်မှာလား ...

ထူထောင်ဖို့ရောဘဏ္ဏာငွေက 
ဘယ်လောက်သုံးစွဲနိုင်မှာလဲ...

တိုက်ပွဲရှောင်ပြည်သူတွေကရော ပြန်လာမှာလား ...
အဲ့ အခြေအနေကို တပ်မတော်ကလည်း 
ဒီအတိုင်းလက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး...... 

မြို့ကြီး ပြာပုံကျပြီးမှ သိမ်းနိုင်ပြီလို့ ပြောရင်တော့
ဘဝတွေနဲ့ရင်းပေးရမဲ့ ပြည်သူတွေရဲ့အသက်
အိုးအိမ်စည်းစိမ်တွေက မတန်ပါဘူး ။ 

ဒီမောဆိုလည်း မြို့သိမ်းတိုက်ပွဲလုပ်လိုက်တာ...
မြို့ပျက်တစ်ခုလိုဖြစ်သွားပြီ ။
ဒီမောဆိုဟာ ၅၀ ရာခိုင်နှုန်း ပျက်ဆီးသွားခဲ့တယ် ။
ဒီမောဆို PDF တွေ မြို့ပျက်ထဲ နေကြတယ်...
ဒီမောဆို PDF တွေအတွက် ဒါဟာအောင်ပွဲလား..... 
အမြတ်တစ်ခုလား ....

ဒီမောဆိုက ပြည်သူတွေကတော့ ယခင် 
အိုးပိုင်အိမ်ပိုင် ဘဝတွေကနေ ယခုတော့ 
ကျွေးတာယူ ပေးတာစား ထားရာနေရတဲ့ 
တိုက်ပွဲရှောင်ဘဝရောက်သွားကြရတယ် ။

ဒီမောဆိုမှာ တိုက်ကြခိုက်ကြတုန်းကတော့
ကယားပြည်အတွက် မသိသာပေမယ့်
လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေကို ဖန်တီးလာ
တော့ ကယားမှာ သိသာလာပြီ ။

ဓာတ်ဆီတွေပြတ်လာတယ်။ ကုန်စည်စီးဆင်းမှု
မကောင်းတော့ ကုန်စျေးနှုန်းတွေကြီးမြင့်လာပြီ။
လွိုင်ကော်အတွက်ပဲမဟုတ်ဘူး ကယားပြည်နယ်
တစ်လုံးအတွက် ပြသနာကြီးတစ်ခု ဖြစ်လာပြီ ။

နန်းမယ်ခုံက တိုက်ပွဲရှောင်တွေလည်း ထွက်ပြေးရ။
လွိုင်ကော်မြို့ပေါ်ကို တက်နေတဲ့ တိုက်ပွဲရှောင်တွေ
ပါ ထပ်ပြီးထွက်ပြေးရတယ် ။
လွိုင်ကော်က ပြည်သူတွေလည်း ထွက်ပြေးရပြီ ။

တိုက်ပွဲရှောင်တွေအတွက် ရိက္ခာနဲ့ အဝတ်အထည်၊
ဆေးဝါးတွေလိုအပ်မှု များလာနေကြပြီ ။

တိုင်းတပါးကနေ Facebook ပေါ်ကနေပြီး
စစ်တပ်က ဒီနေ့ ဘယ်လောက်​ေTနေပါပြီ...
လေယာဥ်တွေ ပစ်ချနိုင်ပီ ဆိုပြီး Like တွေ ရတာကို 
အာသာဖြေနားထင်သွေးရောက်နေတဲ့သူတွေရဲ့
စကားလုံးတွေ စာသားတွေအောက်မှာပေးဆပ်နေ
ကြရတဲ့ ဘဝတွေက များနေပါပြီ ။

စိတ်ကြီးမဝင်ပဲ ကိုယ့်ပြည်နယ်ကြီးဘာတွေ 
ဖြစ်ပျက်နေပြီလည်း မြင်အောင်ကြည့်ပါ
ကိုယ့်ပြည်နယ်က စီးပွားရေးဘယ်လောက်
အားကောင်းနေလို့လည်း မြင်အောင်ကြည့်ပါ ။

လက်ရှိ ပျက်စီးတာလေးကိုတောင် ဘယ်လောက်
နှစ်တွေအကြာကြီး ပြန်တည်ဆောက်ရအုံးမလဲ
တွေးကြည့်ပါ ။

စစ်ဆိုတာ မခေါ်တာပဲ အကောင်းဆုံးပါ ။
အနှစ် ၅၀လောက် တည်ဆောက်ထားရတဲ့ပိုင်ဆိုင်မှု
တွေက စစ်နဲ့တွေ့ရင် အချိန်ပိုင်းအတွင်းပျောက် 
ကွယ်သွားကြရတယ် ။
အသက်အိုးအိမ်တွေ ပေးဆပ်ကြရတယ် ။

ပေးဆပ်မှုတွေက မတန်ပါဘူး။
လွိုင်ကော်မြို့ထဲက တိုက်တွေထဲမှာ
ဒီမိုကရေစီက အခန့်သားရောက်မနေဘူးဆိုတာ
လောက်တော့ ကျနော်တို့ ကယားပြည်နယ်သား
တွေသိသင့်ပြီ....

# saipanfa KT
edit# kat

Post a Comment

Previous Post Next Post