ငါတို့ ဘာပြန်ရပြီးပြီလဲ....

ဒေသခံတဦး ရေးသောစာ


ယခင် စည်ကားခဲ့တဲ့ လွိင်ကော်မြိုလေး PDF အကြမ်းဖက်များရဲ့ ရက်စက်ယုတ်မာမှုများကြောင့် တိတ်ဆိတ်သွားခဲ့ပြီ
+++++++++


ဒီမောဆိုကိုရင်းလိုက်ရပြီးပြီ
(အနီးအနား ပတ်ဝန်ကျင်ရွာပေါင်းများစွာ)

ဖရူဆိုကိုရင်းလိုက်ရပြီးပြီ
(အနီးအနားက ပတ်ဝန်ကျင်ရွာပေါင်းများစွာ)
 
ဒုက္ခသည် တစ်သိန်းခုနှစ်ကျော် စာရင်းသာရှိတယ် တစ်ပြည်နယ်လုံး ကိုယ်အိမ်မှာ ကိုယ်အကျယ်ချုပ်လို့သာနေနေရတာထည့်တွက်ရဦးမယ်
ကဲထားပါတော့ လမ်းတွေရုတ်တရက်ပိတ်ချ လိုက်တော့  ကုန်သွယ်စီးဆင်းကပြတ်တောက်ခဲ့ရတယ် 
ဆန်တစ်အိတ်တစ်သိန်းခွဲတဲ့ နှစ်သိန်းတဲ့ရောင်းတဲ့သူမရှိဘူး  ဝယ်မဲ့သူကပေးတာနော် အရမ်းငတ်နေကြလို့ 
ပေးဆပ်ခဲ့ရတာတွေ အရမ်းများနေပြီး ကိုယ့်မိသားစုလဲ အလကားသေပေးခဲ့ရပြီးပြီ ကိုယ့်အိမ်လည်း မီးထဲပါပြီးကြပြီးပြီ လယ်ယာတွေဆုံးရှုံးကြပြီး ဓါတ်မြေဩဇာအကြွေးယူပြီးစိုက်ထားတဲ့ တောင်သူတွေအများကြီး 
 စိတ်ခိုင်ရင် စစ်ဘေးရှောင်တွေနဲ့ စကားလိုက်ပြောကြပါလား
သူတို့ကျေနပ်ကြလား သူတို့လိုလားကြလား 
 ဒါတွေက ငါတို့ပြည်နယ်မှာဖြစ်နေကြတာ အခုအခြေအနေကိုကြည့် သတင်းတွေမှာတောင်တက်လာဖို့ကြာနေပြီး speak out လုပ်ဖို့တောင် မရှိတော့ဘူး

ကျန်တစ်ခြားဘက်မှာကကြည့်ရအောင် သိပ်မဝေးတဲ့ ဆီဆိုင် ပင်လောင်မှာ ကြည့် သာယာနေတယ် ဖယ်ခုံမြို့ကျော်တာနဲ့ သီချင်းသံတွေ ရောင်းဝယ်ဖောက်ကားမှုတွေ မျက်ရည်တောင်ကျတယ် ငါတို့ပြည်နယ်အရမ်းကွာလွန်းလို့
ကလောမှာလာလည်သူတွေပြည့်နေပြီး
ချောင်းသာ မှာ လူပြည့်နေပြီး 
ရန်ကုန်မန်းလေး ပိုက်ဆံရှိတဲ့သူတွေ မရှိတဲ့သူတွေပါ နိုင်ငံခြားမှာကျောင်းတက်နေကြပြီး 
သူတို့ဘယ်လိုနေကြလဲဆိုတာ fbပေါ်မှာလေ့လာလို့ရတယ် 

တစ်တိုင်းပြည်လုံး မပါပဲနဲ့ ငါတို့ကပဲ သတ္တိရှိလို့လား 
တစ်ရက် တစ်ရက် ငါတို့ရဲဘော် ငါတို့အမျိုး ငါတို့ညီကိုမောင်နှမ ပေးလိုက်ရတာ
ဒီပုံစံတိုင်းဆိုရင် ကရင်နီပြည်တစ်ခုလုံး ရင်းလိုက်ရရင်တောင် ငါတို့ နိုင်ပြီလား  ငါတို့ပြည်သူတွေရော ပျော်နိုင်ပြီလား 

ဒါမဲ့ အချို့သူတွေအနေချောင်ကြတယ်
ငါတို့ပြည်နယ်ကသူတွေက အချောင်သေနေကြတယ်။ ဒါတွေက ကိုယ်တိုင်ရေးခဲ့တဲ့ သမိုင်းပဲ.....
#to

Post a Comment

Previous Post Next Post