လိပ်ပြာသန့်ပြီး သိက္ခာလုံရဲ့လား


တပ်မတော်ခေါင်းဆောင်တွေနဲ့အောက်လက်အဖွဲ့သားတွေအကုန်လုံးက  ယခုလို အခြေအနေကိုရောက်လာမယ်ဆိုတာ သိသိကြီးနဲ့ နာမည်ပျက်ခံလုပ်ခဲ့ရတာဟာ ဘာကြောင့်လဲဆိုတာ နိုင်ငံတကာသိအောင် ကမ္ဘာသိအောင် ချပြပြီးဖြစ်ပါတယ်

ဒီလို မဲမသမာမှုတွေကြောင့် နောက်ဆက်တွဲ ထိခိုက်တာတွေဖြစ်လာနိုင်တဲ့အတွက် ရွေးကောက်ပွဲ မလုပ်ခင်ကတည်း မှန်မှန်ကန်ကန်လုပ်ဖို့ မတရားတဲ့နည်းနဲ့ နိုင်ငံတော် အာဏာကို မယူဖို့ အတွက် စာရေးပြီးတစ်မျိုး နုတ်နဲ့တစ်ဖုံ သတင်းစာရှင်းလင်းပွဲနဲ့ တစ်သွယ် မျိုးစုံတောင်းဆိုခဲ့တယ်

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလုပ်တယ်
ဘာသာရေးအသုံးချတယ် ငွေမဲတွေကို ဒလဟောသုံးပြီး မဲခိုးခဲ့ကြတယ်

ဒါကိုတပ်မတော်ကသိလို့ သတင်းစာရှင်းလင်းပွဲအကြိမ်ကြိမ်လုပ်ပြီး ဖြေရှင်းဖို့ အာဏာရှိအစိုးရကို တောင်းဆိုခဲ့တယ်
နောက်ဆုံး တပ်ချုပ်ကြီး ကိုယ်တိုင် လက်ရေးမူလေးရေးပြီး အစ်မကြီးခင်ဗျာ ဆိုပြီး စားလေးရေးလို့ တရိုတသေ ပို့ခဲ့တယ်

မဲခိုးကိစ္စဖြေရှင်းပေးလာဆိုတော့ No ပါ ​ေုဖရှင်းမပေးခဲ့တဲ့အပြင် တတိယအကြိမ်လွှတ်တော်ကို အတင်းခေါ်ယူခဲ့တဲ့အထိ ဥပဒေနဲ့မထီမဲ့မြင်ပြုလုပ်ခဲ့တယ်
ဥပဒေဆိုတာကို လုံး၀မျက်ကွယ်ပြုပြီးဆောင်ရွက်ခဲ့တဲ့အကျိုးဆက်က နိုင်ငံတော်အာဏာကို အရေးပေါ်အခြေအနေကြေငြာပြီး တပ်မတော်ကို လွှဲပြောင်းထိန်းသိမ်းစေခဲ့တယ်

ဒါကလဲ ၂၀၀၈ခုနှစ်အခြေခံဥပဒေပါလပြဌာန်းချက်နဲ့အညီဆောင်ရွက်ခဲ့တာဖြစ်တယ်

အဓိကပြောချင်တာက ယနေ့ဖြစ်နေတာတွေဟာ တပ်မတော်ကြောင့်ဆိုတဲ့ ခေါင်းစဥ်တပ်သွားတဲ့ တွေးခေါ်မှုနုံခြာပြီး ရေနစ်ရာဝါးကူထိုးတဲ့ ဒေါ်မီမီ၀င်းဘတ်ကိုပြောချင်တယ်

တပ်မတော်ဆိုတာ ခင်ဗျား ပြောသလို လွယ်လွယ်လေးနဲ့ ဖြစ်တည်လာတာမဟုတ်တဲ့ အတွက် လွယ်လွယ်နဲ့တော့ ပျက်မှာသွားမှာမဟုတ်ဘူး

ဆန္ဒပြသူတွေကို တပ်မတော်ကအကြမ်းဖက်ပစ်သတ်တယ်ဆိုပြီး လူကြားကောင်းအောင် ​ ပြောနေပေမယ့် လက်ရှိမြေပြင်မှာ PDF အကြမ်းဖက်တွေသတ်လို့ သေတဲ့လူက ဒုနဲ့ဒေးပါ တစ်ဖက်ထဲကြည့်ရင် တစ်ဖက်ထဲမြင်ပါလိမ့်မယ်

နောက်တစ်ခုက EAOတွေနဲ့ အကြမ်းဖက်PDFတွေပေါင်း
 NLD ထောက်ခံသူအချို့အားပေးယုံနဲ့ တပ်မတော်ကို ဖြိုနိုင်မယ်ထင်နေတယ်ဆိုတော့ ခင်ဗျားရဲ့ အတွေးကသိပ်ကိုနုံခြာလွန်းတယ်
တပ်မတော်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့လေးနှစ်ယောက်တစ်ပိုင်းက ခါတော်မီ CDMလုပ်သွားတာကို တပ်မတော်တစ်ရပ်လုံးပဲ CDMလုပ်နေသလိုလို နဲ့ပြောသွားတာကြည့်ပြီး ခင်ဗျားကို သိပ်ပြီးသနားတယ် CDMလုပ်သွားတဲါကောင်တွေရဲ့ နောက်ကြောင်းလေးတွေကိုသာ ခင်ဗျားသိရင် ခင်ဗျားစကားအတွက် ခင်ဗျားရှက်နေမှာ
လုံး၀အဖြူထည်သပ်သပ်နဲ့CDMလုပ်သွားတဲ့သူ လက် ၅ ချောင်းတောင်မပြည့်ဘူးဗျ 

တပ်မတော်သားတွေ ဒီနေ့ဒီအချိန်မှာ စစ်တိုက်တဲ့ စွမ်းရည်ကျလာပြီ မတိုက်နိုင်တော့ဘူးဆိုတော့ မနေ့က SpeakOut လုပ်သွားတဲ့ အန်တီဘက်တောိသားတွေကိုတောင် သတိရလိုက်သေးတယ်
အကျဆုံးများနေပြီဆိုပြီး အန်တီကပြောသွားတော့ Onlineက အတင်းတွေကို ယုံကြည်ဟန်ထင်ပါတယ် ဒါလဲအပြစ်မပြောလိုပါဘူး လက်တွေ့မြေပြင်ထိဆင်းမှမလာရဲတာကို လာကြည့်ရင် အဖြစ်မှန်တွေသိကုန်မှာလေ ဟုတ်တယ်မဟုတ်လား

နောက်တစ်ခုက မြန်မာပလာဇာကိစ္စတောင် ထည့်ပြောသွားသေးတယ် လူတစ်ယောက်မှ မလာတဲ့ကိုကြည့်ပြီး ပြည်သူတွေ NLDနဲ့ PDFအကြမ်းဖက်ကိုထောက်ခံတယ်ထင်နေတော့ မြန်မာပလာဇာ လုံခြုံရေးလို လူတွေ အများကြီးရှိတယ်ဗျ ဒါလဲခင်ဗျား မြင်မှာမဟုတ်ဘူး 

နောက်ဆုံးဘာမှ လုပ်မရတော့  တပ်မတော်နဲ့ တပ်မိသားစု၀င်တွေကိုတောင် သွေးခွဲလိုက်သေးတယ် 

မြေပြင်မှာ ဒုက္ခရောက်ပြီး တောထဲ တောင်ထဲ ဘ၀ပျက်နေတဲ့ ကလေးတွေကို အရေးတော်ပုံ အောင်ရမယ်ဆိုပြီး ရဲရဲမပြောသွားနိုင်တာ စိတ်မကောင်းဘူး
အောင်မှာ မဟုတ်ဘူးဆိုတာသိလို့လား
ဒါမှမဟုတ် မြောက်ပေးရုံသပ်သပ်ပဲလုပ်ခဲ့တာလား- - - 

ဖြေပေးခဲ့ပါ


Post a Comment

Previous Post Next Post