ကမ္ဘောဒီးယားဝန်ကြီးချုပ်ခရီးစဉ်မှထူးခြားချက်
================================
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဇန် ၈ ရက်
နေ့က ပြန်သွားပါပြီ။ ဖနွမ်းပင်ကို ရောက်ရှိချိန်မှာ
တော့ နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်း
ပွဲလုပ်ပြီး မြန်မာနိုင်ငံရဲ့ခရီးစဉ်ဟာအောင်မြင်
ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အဆင့်တစ်ဆင့် တိုးပြီး
လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်းပြောပါတယ်။
နှစ်နိုင်ငံပူးတွဲသတင်းထုတ်ပြန်ချက်အရတော့-
- မြန်မာနိုင်ငံက အာဆီယံ သဘောတူညီချက်အရ
လုပ်ဆောင်နေကြောင်း။
- နစကအနေနဲ့ သူရဲ့ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတိုင်း
ဆက်သွားနေကြောင်း။
- အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်အဖြစ်
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်
ဆော့နွန်းကို ကြိုဆိုကြောင်း။
- နစကတာဝန်ယူချိန်အတွင်း ဖမ်းဆီးခဲ့တဲ့ အကျဉ်း
သားတွေကို လွတ်ငြိမ်းဖို့ ဆက်လက်လုပ်ဆောင်
သွားမယ်လို့ ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။
- ပြည်တွင်းပြည်ပက ဝိုင်းဝန်းကန့်ကွက်မှုတွေ
ကြားက ကမ္ဘောဒီးယားဝန်ကြီးချုပ် ခရီးစဉ်က
အေးအေးချမ်းချမ်းနဲ့ ပြောစရာရှိတာတွေကို နှစ်
ဘက်လုံးက ပြောကြားနိုင်ခဲ့လို့ မြန်မာပြည်သူတွေ
အတွက် အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်မယ်ထင်ပါတယ်။
အထူးသဖြင့် နစက အတွက် အသိအမှတ်ပြုမှု
ဆိုင်ရာ (legitimacy) အခွင့်အလမ်းရရှိခဲ့တာတော့
အမှန်ပဲဖြစ်ပါတယ်။
#KT
Post a Comment