၂၈ - ၁ - ၂၀၂၂ ရက်နေ့ ညနေ ၄ နာရီခန့်က တောင်ကုတ်မြိုနယ်၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများမှ တောင်ကုတ်မြိုနယ်၊ မှင်သန်းကျေးရွာ၏ အနောက်ဘက်ရှိ ရန်ခေါ်ချောင်းတစ်ဝိုက်အား သွားရောက် ရှင်းလင်းရှာဖွေခဲ့ရာ တရားမဝင်ခုတ်လှဲစုပုံထားသော ကျွန်းသစ်လုံး ၆ လုံး(၀.၂၆၄၀ တန်)၊ ကျွန်းသစ်ခွဲသား ၂၀ ချောင်း(၀.၅၂၇၈ တန်)၊ စုစုပေါင်း(ဝ.၇၉၁၈ တန်)၊ (ကာလတန်ဖိုး ၄၃၄၉၀၀ ကျပ်အား) ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
Post a Comment