ကယားမှာ ပထမဆုံးစပြီး ပျက်စီးသွားတာက ဒီးမော့ဆိုမြို့ပါ ။
မြို့တွင်းတိုက်ပွဲတွေ နဲ့ တိုက်ကွက်ဖော်ခဲ့ကြတယ်။ ရဲစခန်းကို အကြိမ်ကြိမ် အင်အား အများအပြားနဲ့ ဝင်လုံးကြတယ် ။
ယနေ့အချိန်ထိလည်း ဒီးမော့ဆို ရဲစခန်းကို နေ့တိုင်း နီးပါးလာပစ်နေဆဲပါပဲ။
ဒီးမော့ဆို ရဲစခန်းကို KNPP ၊PDF ၊မိုးဗြဲ PDF၊ ဖယ်ခုံ PDF ဒီးမော့ဆို KA နဲ့ KNDF တပ်ရင်းတွေ ပူးပေါင်းပြီး အကြိမ်ကြိမ် ဝင်လုံးခဲ့ကြတယ်။
အဝေးကနေ စနိုက်ပါနဲ့ ပစ်တာကတစ်မျိုး စိန်ပြောင်းတွေ RPGတွေနဲ့ ပစ်တာက တစ်ဖုံ နေ့စဥ်နီးပါး လက်နက်ငယ် ၄၀ မမတွေနဲ့လာပစ်နေပေမယ့် ဒီးမော့ဆိုရဲစခန်းကဘာ ထိခိုက်မှုမှ ကြီးကြီးမားမား မကြားခဲ့ရဘူး..
ယနေ့အချိန်ထိ ၁ နှစ်နီးပါးရှိပြီ ကြံ့ကြံ့ခံ အမာခံ ခံစစ်ကြီးသဖွယ် ရန်သူတွေရဲ့ အလယ်မှာတောင့်တင်းခိုင်မာနေဆဲပါပဲ ။
ရန်သူတွေသာ မိုင်းကွင်းထဲရောက်ပြီး ဖရိုဖရဲတွေနဲ့ လူနာတွေ ပြန်ကောက်ပြေးခဲ့ ရတာလည်း အကြိမ်ကြိမ်။
သိုသော်လည်း ငွေတောင်ဆည်အလှတွေနဲ့ ထာဝရလှပနေခဲ့တဲ့ တက်သစ်စ မြိုလေး ၊ ထိုင်းနိုင်ငံနဲ့ တောင်ငူမြို့ကို စီးပွားရေးအရ မဟာဗျူဟာလမ်းမကြီးဖြစ်တော့မယ့် တစ်ထောက်နားမြိုလေး ဒီးမော့ဆို ၊ ဟိုတယ်တွေဆို ဆောက်လက်စတွေနဲ့ မြိုလေး ၊ကယားပြည်အတွက် နေချင်စဖွယ် အသဲနှလုံးမြိုလေး ဒီးမော့ဆိုကတော့ ယမ်းငွေ့ တွေကြားပျက်စီးခဲ့ရပြီ ။
ဒုတိယ ပျက်ဆီးသွားတာက ဖရူဆိုမြို့...ဖရူဆိုကတော့ ထူးခြားတယ်..ချင်းပြည်က ထန်တလန်မြို့လိုပဲ... မြို့ထဲမှာစစ်ဖြစ်တာလည်း မရှိဘူး...ဒီမောဆိုလိုအသေအကျေ တိုက်ပွဲတွေမရှိဘဲနဲ့မြိုပျက်သွားခဲ့ရတယ် ။
သတင်းတွေအရတော့မြို့က ဝန်ထမ်းတွေကို ခြိမ်းခြောက်ခံရတော့ဝန်ထမ်းတွေက ထွက်သွားကြတယ်
နောက်တော့ မြို့ခံတွေကိုပါ အကြမ်းဖက်သမားတွေကမြို့မှာမနေကြဖို စစ်တွေဖြစ်လာ နိုင်တယ်ဆိုပြီးစစ်ရှောင်ခိုင်းရာကနေ လူတွေ တဖြေးဖြေးနည်းပြီး မြို့ပျက်ကြီး ဖြစ်သွား ခဲ့ရတယ်ပြည်သူတွေစစ်ရှောင်ပြီဆိုတာနဲ့---အကြမ်းဖက်ခွေးPDFတွေက အိမ်တွေဆိုင်တွေအရင်ဖောက်တော့တာပဲ(တော်လှန်ရေးအကြောင်းပြပြီးတော့ပေါ့)
တတိယမြို့က အခုလွိုင်ကော်မြို့....လွိုင်ကော်လည်း ဖြစ်ပုံတွေက တူတူပါပဲ...ဝန်ထမ်း တွေကိုမြို့ထဲမှာသတ်ပြတယ်ခြိမ်းခြောက်ကြတယ်..ဝန်ထမ်းတွေတဖြေးဖြေးထွက်သွားပြီ...လျှပ်စစ်တာဝါတိုင်တွေ နဲ့ဖုန်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးပစ်ကြတယ် ။ ပြည်သူလူထုအိမ်တွေဖောက်ပြီးလိုချင်တာယူတာပဲ။(တော်လှန်ရေးအကြောင်းပြပြီးတော့ပေါ့)
လက်နက်ကိုင်တွေ မြို့ထဲစိမ့်ဝင်လာကြတယ်။မြို့တွင်းမှာ တိုက်ကွက်တွေစဖော်တယ်။စစ်ဖြစ်တော့ မြို့ခံတွေ ထွက်ပြေးကြရတယ် ။သူခိုးတွေဆေးသမားတွေက အိမ်တွေကို ဖောက်ကြတယ် ။ မြို့တွင်းမှာ အိမ်ခြေထက်ဝက်လောက်က တိတ်ဆိတ်နေပြီ ။
စက်သုံးဆီနဲ့ စားသောက်ကုန်တွေ စျေးတက်ကုန်ကြပြီ ၊ ရွာတွေမှာ ဓာတ်ဆီ ၅ဂါလံကို ၇သောငြး ၈သောင်း ဖြစ်သွားပြီ ။
ခုချိန်ထိတော့ လွိုင်ကော်က မပျက်သေးဘူး...လွိုင်ကော်ပျက်ရင်တော့ ကယားပြည် အငတ်ဘေးဆိုက်မယ့် ကိန်းရောက်လာပါလိမ့်မယ်။
ပိုးဖလံလိုပဲ ပူမယ်ဆိုတာသိသိနဲ့ မီးပုံကိုပတ်ပြီး ဝဲပျံနေကြတယ် ၊ ငရုပ်သီးစားရင်တော့စပ်ကြမှာပါပဲ။ စစ်ဘေးရှောင် ထောင်သောင်းချီရဲ့ စားဝတ်နေရေးကိစ္စတွေက နေ့စဥ် လိုအပ်ချက်ဖြစ်လာပြီ ။
ပြည်သူ့အတွက်ဆိုပြီး ပြည်သူကိုဒုက္ခတောထဲ တွန်းပို့နေကြပြီ။ ပြည်တွင်းစစ်ကာလ တစ်လျှောက် ဘယ်လက်နက်ကိုင်ကမှကိုယ့်မြို့၊ ကိုယ့်ရွာကို အပျက်ခံပြီး တိုက်ကွက် မဖော်ခဲ့ကြဘူး ။ ရခိုင်မှာလည်း မြို့ပြတွေမှာတိုက်ပွဲ မဖန်တီးခဲ့ကြဘူး ။
ယနေ့ ကယားပြည်မှာ လက်နက်ကိုင်အဖွဲက ပေါက်ပန်းလေးဆယ်၊ ညီညွတ်မှုလည်း မရှိကြ၊ လူမျိုးကလည်း ပေါင်းစုံ ၊ ကချင်မှာ Kia က သူ့အောက်ကအဖွဲ့တွေကိုထိန်း ချုပ်နိုင်တယ်။
ဒါမလုပ်ရဆို မလုပ်ရဲကြဘူး ။ PDF တွေ ကချင်မှာပေါက်လိုပဲစား ဘာမှမလုပ်ရဲဘူး ။ ကယားမှာကထိုကဲ့သိုမဟုတ်။ အောက်ပြည်အောက်ရွာကနေရာမရှိတဲ့ PDF ပေါင်းစုံက ကယားမှာရောက်နေကြတယ်။ ကိုယ်အရပ်ဒေသမဟုတ်တော့လုပ်ချင်တိုင်း လုပ်နေကြ တယ်။
သေချာတာတစ်ခုက အေးချမ်းသွားရင် ကယားမှာအခွံပဲကျန်ခဲ့ဖို့များတယ်။ ကယား ပြည်ရဲ့ဆိုးမွေ၊ကောင်းမွေအားလုံးကို ဒေသခံတွေပဲပြန်လည် ခံစားကြရမှာဖြစ်ပါတယ်။
ဒီပုံစံအတိုင်းဆိုရင်တော့ သူလည်းကွဲ ကိုယ်လည်းကွဲနဲ့ ပျက်စီးခြင်းများဆီသိုသာ....အေးချမ်းစေချင်တဲ့ စေတနာရှေ့ထားပြီး ရေးသားခြင်းသက်သက်ပါ..စော်ကားလိုစိတ်လုံးဝမရှိပါ..အေချမ်းပါစေ..ကယားမြေ
ဒေသအသီးသီးကိုကာကွယ်ပေးနေတဲ့ တပ်မတော်သားတွေ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်၊ ဝန်ထမ်းများအားလုံးကိုလေးစားလျက်။
crd
Post a Comment