===============================
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လေချုပ်
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကို လေချုပ်ရာထူး
မှ အနားပေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်
စီမှာ ဆက်လက်တာဝန် ထမ်းဆောင်စေခဲ့ကြောင်း
မီဒီယာများမှာ ဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး တပ်မတော်အသိုင်း
အဝိုင်းနဲ့ နီးစပ်တဲ့သူများဆီမှာ မေးမြန်းစုံစမ်းရာမှာ
တော့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကို အနား
ပေးခြင်းမှာ မှန်ကန်ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ဟာ တပ်ချုပ်
ဖြစ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ရဲ့သား
ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၆) မှ သင်
တန်းဆင်းကာ လေယာဉ်မောင်းသင်တန်းမှာ
အကောင်းဆုံးလေသူရဲဆု ရရှိခဲ့သူလည်းဖြစ်ပါ
တယ်။
ပြီးတော့ သူဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အသံ
ထက်မြန်သော တိုက်လေယာဉ်များ (Super Sonic
Fighter) ဖြစ်တဲ့ F-7 မောင်းနှင်တဲ့ လက်ရွေးစင်
တိုက်လေသူရဲများထဲက ပထမဆုံး အသုတ်မှာ ပါ
တဲ့သူလည်းဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ရုရှားသွားရောက်စဉ်ကလည်း SU-30
တိုက်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင် စမ်းသပ်ခဲ့
ပြီး ရုရှားလေတပ်က SU- 30 တိုက်လေသူရဲ အသိ
အမှတ်ပြုလက်မှတ်ရရှိခဲ့တဲ့ လူတော်တစ်ဦးလည်း
ဖြစ်ပါတယ်။
မီဒီယာတွေမှာတော့ ဗိုလ်ချုပ်ကြီး မောင်မောင်
ကျော် ကို အနားပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လေ
တပ်က အကြမ်းဖက် သမားတွေကို ဗုံးကြဲတိုက်ခိုက်
ရာမှာ ကိုယ့်ဘက်က မြေပြင်တပ်တွေအပေါ် ပစ်
မှတ်လွဲပြီး မှားယွင်းတိုက်ခိုက်မိခဲ့ခြင်းကြောင့်လို့
ပြောဆိုရေးသားနေကြပါတယ်။ ဒါကလည်း ဖြစ်
ကောင်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် လေချုပ်
တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်း ဟာ သတ်မှတ်
ထားတဲ့ လေချုပ်တစ်ဦးရဲ့ ရာထူးသက်တမ်း
အတိုင်း တာဝန်ထမ်းဆောင်ခဲ့ တယ်လို့ လေတပ်
အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါ
တယ်။
ပြီးတော့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ဟာ
စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး အရာရှိငယ်
ဘဝကနေ လေချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်
ကာလအတွင်းမှာ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊
အစ္စရေး၊ ပြင်သစ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊
ဗီယက်နမ် စတဲ့ နိုင်ငံခြားခရီးစဉ် မြောက်မြားစွာကို
လည်း သွားရောက်ခဲ့ဖူးသလို အထက်အောက်
အပြန်အလှန်လေးစားမှုရှိတဲ့၊ ပေါင်းသင်းဆက်ဆံ
ရေး ကောင်းမွန်တဲ့၊ လူချစ်လူခင် ပေါများတဲ့
အရာရှိကောင်းတစ်ဦးဖြစ်ခဲ့တယ်လို့လည်း သိရ
ပါတယ်။
တပ်မတော်အသိုင်းအဝိုင်းမှာတော့ ဗိုလ်ချုပ်ကြီး
မောင်မောင်ကျော် ဟာ လူတော် တစ်ဦးဖြစ်ရုံသာ
မက ဖခင်ဖြစ်သူ ဗိုလ်ချုပ်ကြီး သူရကျော်ထင် က
လည်း တပ်ချုပ်အငြိမ်းစား တစ်ယောက်ဖြစ်လို့
တပ်မတော်က လေးစားအားထားရသူဖြစ်ပြီး သံ
ယောဇဉ်ရှိတဲ့သူ တစ်ဦိး ဖြစ်ပါတယ်။
အရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က
ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို လေချုပ်အဖြစ် ဆယ်
နှစ်လောက် တာဝန်ထမ်းဆောင်စေခဲ့တဲ့အတွက်
လေတပ်မှာ အထက်က ပိတ်နေလို့ အောက်က
ရာထူးတိုးရမယ့်သူတွေ မတိုးနိုင်ဖြစ်ပြီး မကျေနပ်မှု
တွေ ဖြစ်ပေါ်ခဲ့ တယ်လို့ လေတပ်နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်
တွေရဲ့ စကားအရ သိရပါတယ်။
ဒါကြောင့် ဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်ရအောင်နဲ့
လေတပ်မှာ ရာထူးရသင့်တဲ့သူတွေ သတ်မှတ်အချိန်
အတွင်း ရာထူးရအောင် ဗိုလ်ချုပ်ကြီး မောင်မောင်
ကျော် ကို သတ်မှတ်ထား တဲ့ လေချုပ်သက်တမ်း
ပြည့်တဲ့ချိန်မှာ အခုလို အငြိမ်းစားပေးခဲ့တာလို့
ယူဆရပါတယ်။
#မင်းမင်း
#KT
Post a Comment