လာဘ်စားတဲ့နေရာမှာတော့ သူ့ထက်ကဲတို့... ရွှေပြည်စိုးချင်တဲ့ မွှေစိန်တို့၊ ညီပုလေးတို့ NLD တစ်သိုက်တော့ အမှုတွေက ပေါ်ပြီးရင်းပေါ်ပဲဟေ့

လာဘ်စားတဲ့နေရာမှာတော့ သူ့ထက်ကဲတို့... 
ရွှေပြည်စိုးချင်တဲ့ မွှေစိန်တို့၊ ညီပုလေးတို့ NLD တစ်သိုက်တော့ အမှုတွေက ပေါ်ပြီးရင်းပေါ်ပဲဟေ့😂😂😂

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို  ဒီဇင်ဘာ ၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်တရားလွှတ်တော်၌ အဂတိလိုက်စားမှုပုဒ်မ၅၅ ဖြင့်စွဲချက်တင်လိုက်ကြောင်း သိရသည်။
စွဲချက်တင်ခံရသူများမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ/အခွန်/စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်းဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်းဦးမင်းအောင်တို့ဖြစ်ကြပြီး ၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးကောင်းဇော်သန့်က တရားလိုလုပ်ကာ စက်တင်ဘာ ၈ ရက်နေ့မှစ၍ စစ်ဆေးနေခြင်းဖြစ်သည်။
ဝန်ကြီးဟောင်းများအနက် ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)အတွက် စစ်တွေမြို့နယ်တရားရုံးက အောက်တိုဘာလ ၈ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်၂ နှစ် ချထားပြီးနောက် ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့ရာ နိုဝင်ဘာ၂၂ ရက်တွင် အယူခံပယ်ချခံခဲ့ထားရသည်။

Post a Comment

Previous Post Next Post