==== Breaking News ====
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တွင် Omicron ပိုးကူးစက်မှုတစ်ခု ပထမဆုံးတွေ့ရှိ
ကယ်လီဖိုးနီးယား၊ ဒီဇင်ဘာ ၂
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ Omicron ကူးစက်မှုတစ်ခုကို ပထမဆုံး စစ်ဆေးတွေ့ရှိကြောင်း ပြည်နယ်ရောဂါဘယထိန်းချုပ်ရေးဌာနကကြေညာသည်။ ယခုတွေ့ရှိခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။
တောင်အာဖရိကတွင် မျိုးကွဲဗိုင်းရပ်စ်သစ်တစ်မျိုး စတင်တွေ့ရှိကြောင်း သိပ္ပံပညာရှင်များ မကြေညာမီ ၃ ရက်ခန့်ဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်နေ့က တောင်အာဖရိကမှ ပြန်လည်ရောက်ရှိလာသူတစ်ဦးထံတွင် တွေ့ရှိခြင်းဖြစ်သည်။
အသက် ၅၀ အောက်အရွယ် အဆိုပါ အမျိုးသားသည် အမေရိကန်သို့ပြန်လည်ရောက်ရှိပြီးနောက် ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများပြလာသဖြင့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဆေးစစ်ခဲ့ရာ နိုဝင်ဘာ ၂၉ တွင် ကိုဗစ်ပေါ့စတစ်ဖြစ်နေကြောင်း အဖြေထွက်ခဲ့သည်။ ထို့နောက် ဆက်လက်စစ်ဆေးရာ Omicron ကူးစက်နေခြင်းဖြစ်ကြောင်း သိရခြင်းဖြစ်သည်။
ထိုသူသည် ကာကွယ်ဆေးအပြည့်ထိုးနှံပြီးသူတစ်ဦးဖြစ်ကာ၊ ရောဂါလက္ခဏာများမှာလည်း အပျော့စားများသာဖြစ်ပြီး၊ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း၊ ပေါ့စတစ်ဖြစ်နေမှန်းသိသည်နှင့် သီးခြားခွဲကာ နေထိုင်လျှက်ရှိကြောင်းကိုလည်း ပြည်နယ်ရောဂါဘယထိန်းချုပ်ရေးဌာန၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
Omicron သည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၂ဝကျော်တွင် စစ်ဆေးတွေ့ရှိနေပြီဖြစ်သည်။
ကိုးကား
First U.S. case of omicron variant is found in California
Post a Comment