ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာရောက်ဖို့ ဖိတ်ကြား
ဖနွမ်းပင်၊ ဒီဇင်ဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမယ့်သီတင်းပတ်၌ ကမ္ဘောဒီးယားသို့ လာရောက်ရန် ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပြည်ထောင်စုဝန်ကြီး၏ ယင်းခရီးစဉ်ကို လာမည့် တနင်္လာနေ့နှင့် အင်္ဂါနေ့ကို မျှော်မှန်းထားကြောင်း သိရသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် NUG အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအားထုတ်မှုကို တိုးတက်မှုရှိစေရန်နှင့် သံတမန်ဆက်ဆံရေးကို မြှင့်တင်ရန် ဆန္ဒရှိနေပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ်တဦးကို လာမည့် ဇန်နဝါရီလတွင် ခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
#mhtnews
Post a Comment