ဖေဖော်ဝါရီ၁ရက်မှ နိုဝင်ဘာ၃၀ရက်အထိ မိုင်းခွဲမီးရှိခံရသည့် ဖုန်းတာဝါတိုင်အရေအတွက်မှာ ၄၀၉ တိုင်ရှိပြီးMytelတာဝါတိုင်မှာ ၃၆၀တိုင် အထိရှိကြောင်း နစကက ထုတ်ပြန်သည်။
တိုင်းနှင့်ပြည်နယ်အသီးသီးအနက် စစ်ကိုင်းတိုင်းအတွင်းရှိ တာဝါတိုင်များမှာ အများစုဖျက်ဆီးမီးရှိ၊မိုင်းခွဲခံခဲ့ရပြီး အရေအတွက်အားဖြင့် ၁၇၁တိုင်ရှိသည်။
ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဖြစ်ပြီး တတိယအများဆုံးမှာ မကွေးတိုင်းဖြစ်သည်။ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရခိုင်ပြည်နယ်တစ်ခုတည်းတွင်သာ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုမှ ဖျက်ဆီးမခံခဲ့ရကြောင်း သိရှိရသည်။
Post a Comment