* ဒေါ်အောင်ဆန်းစုကြည်အား_စွဲဆိုထားသည့်အမှုများအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ထိ ၁၃ မှုရှိပြီဖြစ် ဒါတွေကို
မပြောချင်ဘူး တရားရေးမဏ္ဍိုင် မထိခိုက်စေချင်လို့
သိုပေမယ့် ပြစ်မှုတစ်ခုရဲ့ ပြစ်ဒါဏ်ကို အများပြည်
သူတွေသိစေချင်သလို အနာဂါတ်နိုင်ငံရေး သံဝေဂ
ရကြဖို့ တင်ပြလိုက်ပါတယ်
1️⃣
မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့ရှိတဲ့အတွက် #ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၇ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၁ နှစ်
2️⃣
စကားပြောစက်တွေတွေ့တဲ့ အမှုနဲ့ပဲ #ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ - ၈ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၃ နှစ်
3️⃣
၂၀၂၀ စက်တင်ဘာ ၁၉ ရက်နေ့က စည်းရုံးရေးယာဉ်တန်းကို လက်ပြနှုတ်ဆက်တဲ့အတွက် #သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၃ နှစ်
4️⃣
ရွှေကြာပင် ရပ်ကွက်ထဲတွင် တစ်အိမ်တက်ဆင်း မဲဆွယ်တဲ့အတွက် #သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ - ၂၅ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၃ နှစ်
5️⃣
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာထုတ်ပြန်တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ #နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာ_ရာဇသတ်ကြီးပုဒ်မ - ၅၀၅(ခ) နဲ့ ၁ မှု။
(ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင် အပါ)
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၃ နှစ်
6️⃣
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်ရဲ့ လက်(ပ်)တော့ နဲ့ စာရွက် စာတမ်းတွေမှာ တွေ့ရတဲ့ အချက်အလက်တွေအရ #မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ - ၃-၁(ဂ) နဲ့ ၁ မှု။
(ရှောင်တာနယ်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင် အပါ)
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၁၄ နှစ်
7️⃣
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း
ဦးဖြိုးမင်းသိန်းဆီက တံစိုး လက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ (၆) သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ (၇) ပိဿာ ကို ၃ ကြိမ် ခွဲယူခဲ့တဲ့အတွက် #အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၁၅ နှစ်
8️⃣
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ဖို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က မြေနဲ့အဆောက်အဦကို ထိုက်သင့်တဲ့တန်ဖိုးထက် လျော့တဲ့ နှုန်းထားနဲ့ ငှားခဲ့ပြီး ဒီငှားရမ်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး အစီရင်ခံစာပါ တွက်ချက်မှုအရ နိုင်ငံတော်က ငွေကျပ် သန်း (၅၂၀၀) ကျော် နစ်နာဆုံးရှုံးခဲ့သည့်အတွက် #အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၁၅ နှစ်
9️⃣
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်းစီမံကိန်း ဆောင်ရွက်ဖို့ မြေလျှောက်ထားရာမှာ ရာထူး အရှိန်အဝါကို သုံးပြီး ထိုက်သင့်တဲ့တန်ဖိုးထက် များစွာလျော့နည်းပြီး ပေးချေခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ ကြားဖြတ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ နိုင်ငံတော်က ငွေကျပ် (၁၉) ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့တဲ့အတွက် #အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ ၁ မှု။
(နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ အပါ)
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၁၅ နှစ်
🔟
ဖောင်ဒေးရှင်းကိုလှူထားတဲ့ အများပြည်သူ အလှူငွေထဲကနေ ဒေါ်အောင်ဆန်းစုကြည် နေဖို့ အိမ်ဆောက်တဲ့နေရာမှာ ငွေကျပ် (၁.၆ ဘီလီယံကျော်ကို မလျော်ဩဇာ အသုံးပြုပြီးသုံးစွဲ ဆောက်လုပ်စေခဲ့တဲ့အတွက် #အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၁၅ နှစ်
1️⃣1️⃣
#အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၁၅ နှစ်
1️⃣2️⃣
အာဏာအလွဲသုံးစားပြုလုပ်၍ မဲမသာမာမှုပြုခဲ့သည့်အတွက် #ရွေးကောက်ပွဲဥပဒေပုဒ်မ - နဲ့ ၁ မှု။
(NLD ပါတီမှ ၁၅ ဦးအပါ)
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် - နှစ်
1️⃣3️⃣
ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ထိန်းသိမ်းစောင့်ရှောက်မှု ကိစ္စရပ်များတွင် လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ဝယ်ယူရန်ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃.၅၂) သန်း ကျော်နှင့် မြန်မာငွေ ကျပ် သိန်းပေါင်း (၂.၃) သိန်းကျော် ဆုံးရှုံး နစ်နာခဲ့သည့်အတွက် #အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ ၁ မှု။
ချမှတ်နိုင်သည့် ပြစ်ဒဏ် - ထောင်ဒဏ် ၁၅ နှစ်
To be continute!
Post a Comment