👍👍👍👍👍
ပြည်သူ့တပ်မတော်တဲ့လား
လက်ရှိမြန်မာနိုင်ငံမှာ
ဖြစ်ပျက်နေကြတဲ့အခြေအနေတွေကို
ကြားနေ
တွေ့နေ
သိနေရလေတော့တစ်ခါတစ်လေကျရင်
ကျွန်တော့်စိတ်ထဲမှာဗြုန်းကနဲဆို အတွေးတစ်ခုက
ဝင် ဝင်လာမိပါတယ်
ဘယ်လို အတွေးမျိုးလည်းဆိုရင်
ငါ စာတွေအများကြီး မဖတ်ခဲ့မိရင်ကောင်းမှာပဲ
ကိုယ့်တိုင်းပြည်အကြောင်းကို ကိုယ်သိအောင်
မကြိုးစားခဲ့မိရင်ကောင်းမှာပဲ
အ ချင်လည်း အ ပါစေ
သမိုင်းတွေကိုကျေညက်အောင်
မလေ့လာခဲ့မိရင်ကောင်းမှာပဲဆိုတဲ့
အတွေးမျိုးဝင်လာမိပါတယ်
မထော်မနှမ်းတွေကို
မြင်နေရ
ကြားနေရလွန်းတော့
မခံချိမခံသာစိတ်မျိုးနဲ့ဖြစ်ပေါ်လာမိတဲ့
အာသီသပါ
တပ်မတော် အကြောင်းလည်းမသိ
တပ်မတော်ရဲ့ ဖွဲ့စည်းပုံကိုလည်းနားမလည်
တပ်မတော်ရဲ့ ဖြစ်တည်လာခဲ့ခြင်းကိုလည်း
ဂဃနဏသေသေချာချာ
မလေ့လာမစူးစမ်းကြပါဘဲ
ထစ်ကနဲရှိရင်
တပ်မတော်ကြီးကို ဆဲလိုက်
တပ်မတော်သားတွေကို ဆဲလိုက်
တပ်မတော်ကြီးပြိုကွဲဖို့ ကြိုးစားလိုက်
တိုင်းပြည်အတွင်းမှာ အုပ်ချုပ်မှုအာဏာ
မခိုင်မြဲရလေအောင် ဖျက်လိုဖျက်ဆီးတွေ
လုပ်လိုက်ကြနဲ့ဆိုတော့
ကျွန်တော့်စိတ်ထဲမှာအချဉ်ပေါက်ပြီး
တပ်မတော်ကြီးကို
ဖြိုခွဲဖို့ကြိုးစားနေကြသူတွေ
မုန်းတီးနေကြသူတွေ
ဆဲဆိုနေကြသူတွေကို
မေးခွန်းတွေမေးချင်စိတ်ပေါ်လာမိပါတယ်
ခင်ဗျားတို့အနေနဲ့
မုန်းတယ်ဆိုတဲ့ တပ်မတော်ကြီး
ခင်ဗျာတို့ဆဲနေတဲ့ တပ်မတော်ကြီး
ခင်ဗျာတို့ပြိုကွဲစေချင်တဲ့ တပ်မတော်ကြီးမှာ
ခင်ဗျာတို့နဲ့
သိကျွမ်းတဲ့
ပတ်သက်တဲ့
ဆွေမျိုးတော်စပ်တဲ့
မြန်မာနိုင်ငံသားတွေ တစ်ယောက်မှမပါပဲ
ကြေးစားစစ်သားတွေနဲ့ ဖွဲ့စည်းထားတာလားဗျာ
စစ်တပ်ထဲမှာ
ခင်ဗျားတို့ရဲ့သားရင်း
ခင်ဗျာတို့ရဲ့ဆွေမျိုး
ခင်ဗျာတို့ရဲ့မိတ်ဆွေ
ခင်ဗျားတို့ရဲ့သူငယ်ချင်း
တစ်ယောက်မဟုတ်
တစ်ယောက်တော့ရှိနေကြမှာပါ
စစ်တပ်ထဲမှာရှိနေကြတဲ့
အဲ့ဒီစစ်သားတွေအကုန်လုံးက
ရူးနေကြတဲ့အကောင်တွေမဟုတ်သလို
ဦးနှောက်မရှိတဲ့အကောင်တွေလည်းမဟုတ်ပါဘူး
တပ်ထဲကိုဝင်လိုက်ရင်
သေနတ်ကိုင်ရမယ်
ရှေ့တန်းထွက်ရမယ်
တိုက်ပွဲတွေနဲ့ရင်ဆိုင်ရမယ်
အခန့်မသင့်ရင်
ကျိုးမယ်
ကန်းမယ်
ပြတ်မယ်
နောက်ဆုံးအဆင့်
သေချင်းဆိုးနဲ့သေကြရမယ်ဆိုတာကိုတောင်
တပ်မတော်သားတိုင်း သိကြပါတယ်
ရည်းစားနဲ့စိတ်ဆိုးလို့ပဲဖြစ်ဖြစ်
မိန်းမလင်ငယ်နောက်လိုက်သွားလို့ပဲဖြစ်ဖြစ်
မိဘကနှင်ချလို့ပဲဖြစ်ဖြစ်
သာသနာ့ဘောင်မှာမပျော်ပိုက်တော့လို့ဘဲဖြစ်ဖြစ်
ကျောင်းဆက်မတက်နိုင်တော့လို့ဘဲဖြစ်ဖြစ်
ဘယ်လိုအကြောင်းမျိုးနဲ့ပဲ
တပ်ထဲကိုဝင်သွားကြ ဝင်သွားကြ
အစပိုင်းမှာတော့တပ်မတော်ကြီးအပေါ်
တအားကြီးမချစ်သေးပေမယ့်
တိုင်းပြည်အပေါ်သဲသဲလှုပ်လှုပ်
ကာကွယ်ချင်စိတ်မရှိကြသေးဘူးဆိုပေမယ့်
အချိန်ကြာလာတာနဲ့အမျှ
မိခင်အဖွဲ့အစည်းကြီးကို ချစ်မြတ်နိုးတဲ့
စစ်သားကောင်းတွေ ဖြစ်လာကြသလို
တိုင်းပြည်အပေါ်ချစ်မြတ်နိုးစိတ်နဲ့
ကာကွယ်စောင့်ရှောက်ပေးချင်ကြတဲ့
နိုင်ငံ့သားကောင်းတွေဖြစ်လာကြတာပါပဲ
နေရာတိုင်းမှာ
စုန်းပြူးဆိုတာကတော့ ရှိနေကြတာပါပဲ
အင်းစိန်ထောင်ထဲက အကျဉ်းသားတွေထဲမှာ
ဘုန်းကြီးလည်းရှိတယ်
မယ်သီလရှင်လည်းရှိတယ်
ကျောင်းဆရာလည်းရှိတယ်
ကျောင်းဆရာမလည်းရှိတယ်
ဆရာဝန်အထီးတွေ ဆရာဝန်အမတွေလည်းရှိတယ်
တရားသူကြီးလည်းရှိ
ရှေ့နေလည်းရှိ
အင်ဂျင်နီယာလည်း
သင်္ဘောသားလည်းရှိပါတယ်
စက်မှုလုပ်သားတွေရှိကြသလို
လယ်ယာလုပ်ငန်းလုပ်နေကြတဲ့
လယ်သမားတွေလည်းရှိကြတာပါပဲ
အညာသားတွေရှိသလို
အလယ်ပိုင်းသားတွေလည်းရှိကြပါတယ်
ဧရာဝတီသားတွေလည်းရှိနေတာပါပဲ
ဆိုလိုချင်တာကတော့
ဘယ်လူတန်းစား
ဘယ်အဖွဲ့အစည်းမဆို
ကောင်းတဲ့လူရှိသလို
မကောင်းတဲ့လူလည်း အနည်းအကျဉ်းတော့
ရှိတတ်ကြတာပါပဲ
တပ်မတော်ကြီးမှာလည်း ထိုနည်းလည်းကောင်းပါပဲ
စည်းကမ်းပြည့်ဝပြီး
စိတ်ရှည်သည်းခံစွာနဲ့ အထက်အမိန့်ကို
တိတိကျကျလိုက်နာတတ်တဲ့
စစ်သားကောင်းတွေရှိနေကြသလို
အထက်အရာရှိပြောသမျှ
စစ်စည်းကမ်းမှန်သမျှကို
ကလန်လဆန်လုပ်နေတဲ့
ဂွတိုက်နေတဲ့ စစ်သားဆိုးတွေလည်းရှိနေကြတာပါပဲ
ဒါပေမယ့်သေချာတာတစ်ခုကတော့
မြန်မာ့တပ်မတော်ကြီးထဲမှာ
ဒေါ်စုကြည်ယူထားတဲ့
အင်္ဂလိပ်လူမျိုးအစစ်တွေ မရှိကြသလို
ဒေါ်စုကြည်မွေးထားတဲ့ သားနှစ်ကောင်လိုမျိုး
အင်္ဂလိပ်တစ်ဝက်
ဗမာတစ်ဝက်ကောင်စားမျိုးတွေလည် မရှိကြပါဘူး
ဘာကြောင့်မရှိလည်းဆို
အဲ့ဒီလိုကောင်စားမျိုးတွေက
ကျွန်တော်တို့ တိုင်းပြည့်ရဲ့ မိန်းကလေးတွေနဲ့
အကျိုးအမြတ်ကိုသာ
ယူငင်သုံးစွဲဖို့ စိတ်ဝင်စားကြတာပါ
အခုလက်ရှိ
တပ်မတော်သားတွေရနေတဲ့ လစားမျိုးလောက်နဲ့
တပ်မတော်သားတွေ ခံစားနေရတဲ့
ဒုက္ခတွေကို
ဆင်းရဲခြင်းတွေကို
အဆဲတွေကို
ဒီကောင်တွေလဲနိုင်ကြမလား
တပ်မတော်ထဲမှာ
တာဝန်ထမ်းဆောင်နိုင်ကြပါ့မလားလို့
မေးကြည့်လိုက်ရင်
ကိုယ့်တိုင်းပြည်နဲ့သွေးမတော်သားမစပ်တဲ့
အခြားနိုင်ငံသားတွေကို ခဏထားလိုက်ပါဦးဗျာ
ခင်ဗျားတို့ ပြောနေကြတဲ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲမြေး
ခင်ဗျားတို့စည်းကပ်နေကြတဲ့
ဒီမိုကရေစီ မိခင်ကြီး ဒေါ်စုကြည်ရဲ့
သားနှစ်ကောင်ကို
စစ်တပ်ထဲကိုများ
ဒီလစာ ဒီလို ပုံစံမျိုးနဲ့
ဝင်ကြမလားလို့ မေးကြည့်လိုက်ရင်
ခေါင်းခါခါ လည်ခါခါအိုက်တင်မျိုးတွေနဲ့
ငြင်းကြပါလိမ့်မယ်
သူ့တို့အမေ
ဒေါ်စုကြည်တုန်းကလည်း
တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ
ဂွင်မကောင်းခင်တုန်းမှာ
သူ့ကိုအားကိုးမျှော်လင့်ပြီး
အထင်ကြီးမှုတစ်ခွဲသားနဲ့သွားခေါ်ကြတဲ့သူတွေကို
ခေါင်းခါခါလည်ခါခါနဲ့ ငြင်းခဲ့တာပါပဲ
ကျွန်မမြန်မာပြည်ပြန်လာတာ
အမေနေမကောင်းတာကို ပြုစုဖို့ပါ
မြန်မာပြည်ရဲ့နိုင်ငံရေးကိုလဲ
ကျွန်မစိတ်မဝင်းစားပါဘူးဆိုတဲ့ ဆင်ခြေလေးနဲ့ပေါ့
စာဖတ်တဲ့သူတွေ
သမိုင်းကိုလေ့လာကျတဲ့သူတွေအားလုံး
အဲ့ဒီစကားတွေကို မှတ်မိကြမှာပါ
ပြောချင်တာကတော့ဗျာ
တပ်မတော်ကြီးတစ်ရပ်လုံး
ခြောက်ပစ်ကင်းသဲလည်းစင်တော့မဟုတ်ပါဘူး
စုန်းပြူးတွေ
ကျက်သတုံးတွေ
ငပဲ့တွေကတော့ ရှိနေတာပါပဲ
ဒါပေမယ့်
အဲ့ဒါက လူအနည်းစုပါ
တစ်ကယ့်ကိုပဲ အရေအတွက်နည်းလွန်းလှတဲ့
ကိန်းဂဏန်းလေးလောက်ပဲရှိတာပါ
ထားလိုက်ပါတော့ဗျာ
လိုရင်းကိုတည့်တည့်ပြောကြတာပေါ့
နှစ်ပေါင်း(၇၀)ကျော်ကြာအောင်
ဖွဲ့စည်းတည်ထောင်လာခဲ့တဲ့
မြန်မာ့တပ်မတော်ကြီးထဲမှာ
တပ်ဖွဲ့ဝင်တွေက သိန်းချီပြီး ရှိနေကြပါတယ်
သူတို့တွေ
ဝတ်ရတဲ့အဝတ်အစားဆိုလည်း
ဖျင်ကြမ်းသာသာပါ
စီးရတဲ့ဖိနပ်ဆိုလည်းမြန်မာပြည်ထုတ်ပါ
ကိုင်ရတဲ့သေနတ်ဆိုရင်လည်း
သူ့အဆင့်အတန်းအလိုက်
တပ်မတော်က ထုတ်ပေးထားတဲ့လက်နတ်တွေကို
ကိုင်တွယ်အသုံးပြုကျရတာပါ
ဒါပေမယ့်လည်း
အခုအချိန်အထိ ဘယ်တပ်မတော်သားကမှ
တိုင်းပြည်ကြီးကို ကာကွယ်ချင်လို့
ဘတ် ဘယ်လောက်တန်ယူနီဖောင်ဝယ်ပေးပါဦး
ဘတ် ဘယ်လောက်တန်ဖိနပ်ဝယ်ပေးပါဦး
ဘတ် ဘယ်လောက်တန်သေနတ်ဝယ်ပေးပါဦးလို့
ပြည်သူတွေဆီကို
စာတတန် ပေတတန်နဲ့ အလှူခံကြတာမျိုး
မမြင်ဖူးခဲ့ရ
မကြားဖူရခဲ့ပါဘူးဗျာ
အခုကြတော့မှပဲ
မင်းတို့ တတွေဖွဲ့စည်းလိုက်ကြတဲ့
ပြည်သူ့တပ်မတော်ကြီးကြမှပဲ
ပြည်သူတွေရှိကို စာတတန်ပေတတန်နဲ့
စားစရာမရှိလို့ လှူကြပါဦး
သုံးစရာမရှိလို့ပေးကြပါဦး
ဘတ် ဘယ်လောက်တန် အင်္ကျီလေးတော့
ဝယ်ပေးကြပါဦး
ဘတ် ဘယ်လောက်တန် ဖိနပ်လေးတော့
ဆင်ပေးကြပါဦး
ဘတ် ဘယ်လောက်တန်
သေနတ်ကလေးတော့တပ်ဆင်ပေးကြပါဦးလို့
တစ်နေ့တစ်မျိုးမရိုးရလေအောင်
အလှူခံနေကြလေတော့
မင်းတို့ဟာက
တိုင်းပြည်ကို စစ်ကျွန်လက်အောက်က
ကယ်တင်ကြဖို့ အတွက်ဆိုပြီး
ပြည်သူ့တပ်မတော်
ကိုဖွဲ့စည်းကြတာလား
သနားတတ်တဲ့
မြန်မာလူမျိုးတွေရဲ့အားနည်းချက်ကို
အခွင့်ကောင်းယူပြီး
သူတောင်းစားလုပ်စားကြဖို့
လူစုနေကြတာလားဆိုတာ ငါ့အမြင်မှာတော့
မသဲကွဲလှပါဘူးကွာ
မင်းတို့ဟာမင်းတို့လည်း ပြန်စဉ်းစားကြည့်ပေါ့ကွာ
တိုင်းပြည်ကြီးကို ကယ်တင်ပေးမယ့်
ပြည်သူ့တပ်မတော်လား
နိုင်ငံရေးကို အကြောင်းပြ
မြန်မာနိုင်ငံသားတွေရဲ့
လှူဒါန်းတတ်တဲ့
ကူညီတတ်တဲ့စေတနာတွေကို အသုံးချပြီး
အလှူခံစားနေကြ
တောင်းစားနေကြတဲ့
အလွာပေါင်းစုံ ပါဝင်ကြတဲ့
သူတောင်းစားအဖွဲ့အစည်းကြီးလား
ဆိုတာကိုပေါ့ ။ ။
# မင်းအုပ်စိုး
Post a Comment