ဗာဂျီးနီးယားနဲ့ နယူးဂျာဆီပြည်နယ်အုပ်ချုပ်ရေးမှုးရွေးကောက်ပွဲတွေကို TV မှာ ကြည့်နေတာ..

ဗာဂျီးနီးယားနဲ့ နယူးဂျာဆီပြည်နယ်အုပ်ချုပ်ရေးမှုးရွေးကောက်ပွဲတွေကို TV မှာ ကြည့်နေတာ..
အခုချိန်ထိတော့ လက်ရှိ ဒီမိုကရက်ပါတီိအုပ်ချုပ်ရေးမှုးတွေအခြေအနေမကောင်းဘူး .. စိန်ခေါ်လာတဲ့ ရီပတ်ဘလစ်ကင်တွေအခြေအနေကောင်းနေတယ်..
ဒီပြည်နယ် ၂ ခုလုံး ရီပါတ်ဘလစ်ကင်တွေလက်ပြန်ရောက်သွားရင် ဘိုင်ဒန်အစိုးရအခြေအနေဆိုးပြီ..
ဒီလိုဖြစ်မှာစိုးလို့ ပြီးခဲ့အပါတ်ကတင် သမတဟောင်းအိုဘားမားရော လက်ရှိဒုတိယသမတကင်မလာ ပါ ဗာဂျီးနီိးယားကိုလာပြီး လက်ရှိဒီမိုကရက်ပြည်နယ်အုပ်ချုပ်ရေးမှုးအတွက်မဲဆွယ်ပေးခဲ့ကြသေးတယ်..
ဒါပေမဲ့ ဘိုင်ဒန်အစိုးရရဲ အရည်အချင်းမပြည့်ဝမှုတွေကြောင့် လူထုထောက်ခံမှုအမှတ်တွေတချိန်လုံးထိုးကျနေခဲ့တာ.. 
ဒီဒဏ်ကို ပြည်နယ်အုပ်ချုပ်မှုးတွေမျှခံရတာဘဲ .. ( နောက်ဆုံးရလာဒ်တော့မထွက်သေးပါဘူး)
နိုင်ငံရေးမှာ မဲဆန္ဒရှင်ပြည်သူတွေက လူပုဂ္ဂိုလ်စွဲနဲ့မျက်စိမှိတ်ထောက်ခံနေကြတာမဟုတ်ဘဲ လက်တွေ့အနေအထားတွေအပေါ်မှာဘဲဆင်ခြင်မဲပေးကြရင် နိုင်ငံရေးသမား မဲနိုင်/အာဏာရပြီိးတာနဲ့ ပြည်သူတွေကိုလစ်လျုရှုတယ်ဆိုတဲ့ အချိုးမျိုးမဖြစ်နိုင်တော့ဘူး ..
နိုင်ငံရေးသမားတွေဟာ ဂတိတည်ဘို့လိုတယ်.. 
အခက်အခဲတွေကြားကအလုပ်ဖြစ်အောင်လုပ်ပြဘို့လိုတယ်..
တဖက်ကိုလက်ညိုးပြီး "အလုပ်မဖြစ်တာသူတို့ကြောင့်"လို့ဘဲပြောနေလို့မရဘူး..
သန်းလွင်ထွန်း
၂ နိုဝင်ဘာ ၂၉၂၁

Post a Comment

Previous Post Next Post