ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခံနေရတဲ့ PDF များအတွက်မျှော်လင့်ချက်

ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခံနေရတဲ့ PDF များအတွက်မျှော်လင့်ချက်
===============================
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့တရားစွဲခံထားရတဲ့ တရားခံတွေကို စစ်တရားရုံးမှာစစ်ဆေးပြီး ပြင်းထန်တဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်နေပါတယ်။

အစိုးရမီဒီယာတွေရဲ့သတင်းထုတ်ပြန်ထားချက်များအရ သေဒဏ် ၂၁ ဦး၊ တစ်သက်တစ်ကျွန်း ၂၉ ဦးနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသူ ၁ ဦး ရှိပါတယ်။

တကယ်တော့ သေဒဏ်ချမှတ်ခံရသူ ၂၁ ဦးဆိုတာ အတိအကျ ၂၁  ဦး မဟုတ်ဘဲ  ၁၅ ဦးသာဖြစ်ပါတယ်။ ပြောချင်တဲ့သဘောကတော့ အဲ့ထဲမှာရှိနေတဲ့ ကျန် ၆ ဦးဟာ သေဒဏ် ၂ ခါကျခံရသူတွေသာဖြစ်ပါတယ်။ 

ဒါကြောင့် သေဒဏ် ၂ ခါ ကျခံရတဲ့သူ ၆ ဦးကို ဘယ်လိုသေဒဏ်ပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

သတင်းစာထဲမှာတော့ သေဒဏ်ကျသူ ၈ ဦးကိုသာ ဓါတ်ပုံနဲ့တကွဖော်ပြထားပြီး ကျန် ၇ ဦးက မဖမ်းမိသေးပါဘူး။ ပြောရရင် အဲ့ ၇ ဦးက မျက်ကွယ်မှာ သေဒဏ်ကျခံနေရသူတွေပေါ့။ မိသားစုဝင်တွေတော့ ဖြေမဆည်‌နိုင်အောင် ရင်လေးနေကြမှာပါ။ မိသားစုဝင်တွေကိုပဲ သနားပါတယ်။

အလားတူပဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရတဲ့သူ ၂၉ ဦးကလည်း ၅ ဦးသာဖမ်းမိထားပြီး သေဒဏ်ချမှတ်ခံထားရသူ ၃ ဦးပါဝင်ပါတယ်။ ဒီတရားခံ ၃  ဦးက သေဒဏ်အရ အသတ်ခံရပြီးရင် ဝိဉာဏ်က ထောင်ဒဏ်တစ်သက် ဆက်ကျခံရမလား၊ ထောင်ဒဏ်တစ်သက်ကျပြီး သေဒဏ်ပေးမလား ဘယ်ပြစ်ဒဏ်ကိုအရင်ခံရမလဲဆိုတာ စောင်ကြည့်ရမယ့်အခြေအနေပါ။

အစဉ်အလာအရတော့ သေဒဏ်ပေးခံရသူတွေက အသတ်မခံရဘဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တစ်သက်တစ်ကျွန်းပြောင်းသွားပြီး အစိုးရအပြောင်းအလဲတွေမှာ လွတ်တတ်တဲ့သဘောရှိလို့ သေဒဏ်ချမှတ်ခံ လူငယခါကျခံရသူတွေသာဖြစ်ပါတယ်က်ရှိနေသေးမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် PDF တွေ ဖမ်းမိရင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးပုဒ်မတွေနဲ့ ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ချနေတာတော့သိစေချင်ပါတယ်။

Post a Comment

Previous Post Next Post