စင်ကာပူတွင် တစ်ထောက်နားခဲ့သော တောင်အာဖရိက ခရီးသွားနှစ်ဦး ဆစ်ဒနီအရောက်တွင် Omicron ပိုးစစ်ဆေးတွေ့ရှိ
စင်ကာပူ၊ နိုဝင်ဘာ ၃၀
စင်ကာပူနိုင်ငံတွင် Transit တစ်ထောက်နားကာ သြစတြေလျနိုင်ငံ ဆစ်ဒနီမြို့သို့ ခရီးဆက်ခဲ့သော တောင်အာဖရိကမှ ခရီးသွားနှစ်ဦး ဆစ်ဒနီမြို့သို့အရောက်တွင် ဆေးစစ်ရာ Omicron မျိုးကွဲဗိုင်းရပ်စ်ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိသည်။
ထိုသို့စစ်ဆေးတွေ့ရှိသောကြောင့် ယင်းလေယာဉ်ဖြင့် စီးနင်းလိုက်ပါလာကြသည့် ခရီးသည်အားလုံးအား သြစတြေးလျကျန်းမာရေးတာဝန်ရှိသူတို့က ချက်ခြင်းပင်ကျန်းမာရေးစစ်ဆေးပြီး ၁၄ ရက် ကွာရန်တင်း ဝင်စေကြောင်းသိရသည်။
အဆိုပါ ၂ ဦးသည် စင်ကာပူလေကြောင်း ခရီးစဉ်အမှတ် SQ211 လေယာဉ်ဖြင့် တနင်္ဂနွေ(နိုဝင်ဘာ ၂၈)နံနက် ၁၀ နာရီခွဲက ထွက်ခွာလာခဲ့ကြပြီး ထိုနေ့ ည ၉ နာရီ မိနစ် ၂ဝတွင် ဆစ်ဒနီမြို့သို့ ဆိုက်ရောက်ကြခြင်းဖြစ်သည်။
ထို ၂ ဦးသည် တောင်အာဖရိကမှ နိုဝင်ဘာ ၂၆ ရက်နေ့က ထွက်ခွာလာကြခြင်းဖြစ်ပြီး၊ ထိုစဉ်က ဆေးစစ်ရာတွင် ကိုဗစ်မရှိကြောင်းအဖြေထွက်ခဲ့ကြောင်းသိရသည်။
သူတို့ ၂ ဦးသည် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်အတွင်းတွင်သာ တစ်ထောက်နားခဲ့ခြင်းဖြစ်ပြီး အပြင်သို့ လုံးဝမရောက်ကြောင်း၊ အဆိုပါ ခရီးစဉ်မှ ခရီးသည်အများစုမှာလည်း လေဆိပ်အတွင်းတွင်သာ ရှိနေခဲ့ကြကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။
ယင်းလေယာဉ်ဖြင့် လိုက်ပါလာကြပြီး စင်ကာပူတွင် ဆင်းသော ခရီးသည် ၆ ဦးအားလည်း ၁၀ ရက် stay-at-home နေထိုင်ရန် စင်ကာပူကျန်းမာရေးဌာနက ညွှန်ကြားထားကာ စောင့်ကြည့်လျှက်ရှိသည်။ သူတို့အထဲမှ တစ်ယောက်မှာ Omicron စစ်ဆေးတွေ့ရှိသူတစ်ဦးနှင့် လေယာဉ်ပေါ်တွင် ထိတွေ့ဆက်ဆံခဲ့ကြောင်းသိရသည်။
ကိုးကား
Two travellers from South Africa who transited in Singapore test positive for Omicron COVID-19 variant in Sydney
Post a Comment