Omicron မျိုးကွဲဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်သောအားဖြင့် နိုင်ငံအားလုံးမှခရီးသွားများကို အစ္စရေး တားမြစ်ပိတ်ပင်မည်
ဂျေရုဆလင်၊ နိုဝင်ဘာ ၂၈
Omicron မျိုးကွဲဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်သောအားဖြင့် မိမိတို့နိုင်ငံသို့ ဝင်ရောက်ကြမည့် နိုင်ငံခြားသားမှန်သမျှကို အစ္စရေးနိုင်ငံက ပြည်ဝင်ခွင့် ယာယီပိတ်ပင်တားမြစ်မည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် အစ္စရေးနိုင်ငံသည် နိုင်ငံအားလုံးမှ ခရီးသွားများအား ပြည်ဝင်ခွင့် တားမြစ်ပိတ်ပင်သည် ပထမဆုံးသောနိုင်ငံဖြစ်လာသည်။
ထိုသို့ ယာယီတားမြစ်ပိတ်ပင်ခြင်းသည် အနည်းဆုံး ၁၄ ရက်မျှကြာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်ကပြောကြားသည်။
Omicron မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု ၂ ခုကို ဗြိတိန်နိုင်ငံတွင် တွေ့ရှိကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက ယမန်နေ့က ပြောကြားခဲ့သည်။
ကိုးကား
Israel to ban entry of foreigners from all countries over Omicron COVID-19 variant
ဓာတ်ပုံ
Reuters
Post a Comment