ရန်ကုန်မြို့မှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဖို့ NUG ရဲ့စေခိုင်းမှုအရ လွင်ကိုလတ် နဲ့ ဖြိုးဇေယျာသော်တို့က ဦးဆောင်

ရန်ကုန်မြို့မှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဖို့ NUG ရဲ့စေခိုင်းမှုအရ လွင်ကိုလတ် နဲ့ ဖြိုးဇေယျာသော်တို့က ဦးဆောင် စီစဉ်တယ်လို့ နစက မှ သတင်းထုတ်ပြန်ပါတယ်။
 လွင်ကိုလတ်ကိုတော့ PDF သင်တန်းဆင်းပွဲတွေ မှာပါတွေ့ရပြီး၊ သူရဲ့ လှုပ်ရှားမှုတွေက ထင်ရှားတယ်။ ဖြိုးဇေယျာသော်က တော့လက်နက်တွေ ထုတ်ပေးပြီးအကြမ်းဖက် Mission ကို ထောက်ပံ့သူပါ။
အခု အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားတဲ့ CRPH/ NUG ရဲ့ ပထမ အစ ဆိုတာဖေဖော်ဝါရီ လ ၄ ရက်နေ့က နေပြည်တော် စည်ပင်ရိပ်သာ က မပြန်ဘဲ ကျန်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် များနဲ့ စခဲ့တာပါ။ အဲ့လို ဖွဲ့စည်းဖို့ ဦးဆောင်စည်းရုံးသူ ကတော့ မင်္ဂလာတောင်ညွန့်ကလွှတ်တော်အမတ်ဟောင်း ဒေါ်ဖြူဖြူသင်း ပါပဲ ။

သူမ နဲ့ လွင်ကိုလတ် ၊ တင်ထွန်းနိုင်တို့ဆိုတာ ယခင် လွှတ်တော်ကတည်းကိုက အတော်ပူးပူးကပ်ကပ် ရှိကြတယ်၊ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းမှာကို သူတို့က တစ်အုပ်စု၊ အဲ့ထဲမှာ ဒေါ်ဖြူဖြူသင်းက ဆရာမကြီး ပဲ။ ပြောရ ရင် လွင်ကိုလတ် တို့ တင်ထွန်းနိုင် တို့ idea က ဒေါ်ဖြူဖြူ သင်းလောက် မရှိဘူး၊ မသွက်ဘူး ၊ မထက်မြက်ဘူး။ နေပြည်တော်စည်ပင်က စခဲ့တဲ့ အမတ်ဟောင်းတွေ နဲ့မတ်လ ၂ ရက်မှာ CRPH ကို စဖွဲ့တယ်။ အဲ့ဒီနေ့မှာပဲ  ဝန်ကြီး ဌာန ၄ ခုကို ပထမဆုံးကြေညာတယ်။ ဒေါ်ဇင်မာအောင်၊ လွင်ကိုလတ်၊ တင်ထွန်းနိုင်နဲ့ ဇော်ဝေစိုး တို့က ပထမဆုံး ဝန်ကြီးဖြစ်တဲ့လူတွေ။ လွင်ကိုလတ်က အစိုးရအဖွဲ့နဲ့ သမ္မတရုံးဝန်ကြီး။ တင်ထွန်းနိုင်က စီမံဘဏ္ဍာ။ ဇင်မာအောင်က နိုင်ငံခြားရေး။

အဲ့ဒီနာက်ပိုင်း CRPHနဲ့ NUG  ကို စတင်သူလို့ ပြောနိုင်တဲ့ဒေါ်ဖြူဖြူ သင်း ရဲ့ လှုပ်ရှားမှုကို မတွေ့ရဘူး။ CRPH မှာလည်း အတွင်းရေးမှူး အဖွဲ့မှာပဲ နေရာယူထားတယ်။ လူရှေ့သိပ်မထွက်ဘူး၊ သူ့သတင်းတွေ မတွေ့ရဘူး။ အစည်းအဝေး တစ်ချို့တက်တာပဲ မြင်တွေ့ခဲ့ရပါတယ်။ 

အများပြည်သူများ ခေါင်ချုပ်ကို မြင်နိုင်ပါစေ။

Post a Comment

Previous Post Next Post