ဇေယျာသော်ဖမ်းမိခြင်းနောက်ကွယ်က NUG နဲ့ NLD တို့ရဲ့အထိနာချက်များ


ဇေယျာသော်ကို ဖမ်းမိလို့ နွေဦးတော်လှန်ရေး ရပ်ဆိုင်းသွားမှာမဟုတ်ပေမယ့် ဇေယျာသော်ဟာ နွေဦးတော်လှန်ရေးမှာ အရေးပါတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ NUG နဲ့ NLD  တို့အတွက် တော်တော်အထိနာသွားပြီလို့ ဆိုရမှာပဲ။

အထူးသဖြင့် လတ်တလောနိုင်ငံအနှံ့အပြားမှာ ဖြစ်နေတဲ့ အပြစ်မဲ့သူတွေ/ လက်နက်မဲ့သူတွေကို  ငါနဲ့မတူငါ့ရန်သူဆိုပြီး လုပ်ကြံသတ်ဖြတ် အကြမ်းဖက်မှုတွေဟာ NLD ပါတီနဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုပြီး ထုတ်ပြန်ထားပေမယ့် လက်ရှိမှာတော့ ဒီလုပ်ရပ်တွေကို နောက်ကွယ်က ကြိုးကိုင်စီစဉ်ခေါင်းဆောင်နေသူ NLD ပါတီဝင်လွတ်တော်အမတ်ဟောင်း ဇေယျာ‌သော်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင်ဇေယျာသော်ဟာ အားလုံးသိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသာအပေးခံရဆုံးနဲ့ အိတ်ဆွဲထမီထုပ်မတဲ့အထိ နီးနီးကပ်ကပ်နေခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့အထောက်အထားများအရ လူသတ်လက်နက် ခဲယမ်းတွေ၊ ငွေကြေးထောက်ပံ့မှုတွေနဲ့ သတ်ဖြတ်မဲ့လူစာရင်း (Hit list) တွေကို ဇေယျာသော်နဲ့ NUG အဖွဲ့ ချိတ်ဆက်စီစဉ်ဆောင်ရွက်ခဲ့တာလဲ ငြင်းမရတော့ပါဘူး။

နိုင်ငံတကာမှာ NUG က ပြည်တွင်းကလူသတ်မှုတွေ စာသင်ကျောင်းနဲ့ ကိုဗစ်ကုသရေးနေရာ တိုက်ခိုက်မှုတွေကို သူတိုမခိုင်းပါဘူးလို့ငြင်းခဲ့ပြီး PDF တွေကို အပြစ်ပုံချနေချိန်မှာ ဒီလို အထောက်အထား အခိုင်အမာ ထွက်ပေါ်ခဲ့တာဟာ NUG အတွက် အရှိုက်ထိစေခဲ့တဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်။

အဖမ်းခံရတဲ့ လက်နက်ပစ္စည်းတွေရဲ့ ဆုံးရှုံးမှုတွေ၊ အသိမ်းခံရတော့မယ့်တိုက်ခန်း၊ နေအိမ်တွေရဲ့တန်ဖိုးတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ PDF ‌တွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကလည်း ဆုံးရှုံးမှုကြီးတစ်ရပ်ပဲဖြစ်ပါတယ်။
  
ပြည်သူ​တွေထံက နည်းမျိုးစုံနဲ့အလှုခံ​ငွေရှာ​နေတဲ့NUGအဖွဲ့ရဲ့ ​တော်လှန်​ရေးရံပုံ​ငွေ​တွေကို ​ဇေယျာ​သော်
ဖြန်းတီးလိုက်သလို သူ့ဆီကရတဲ့စာရင်း​တွေအရ NUG ရဲ့အကြမ်းဖက်လုပ်ငန်းအတွက်​ငွေ​ကြေး​ထောက်ပံ​ပေး​နေသူ​တွေလည်းအကြမ်းဖက်မှုဥပ​ဒေနဲ့ရင်ဆိုင်ရ​တော့မှာပါ။

ဒါ့ကြောင့် ဇေယျာသော်လို အရေးပါတဲ့ခေါင်းဆောင်တစ်ဦးအဖမ်းခံရခြင်းဟာ NUG နဲ့ NLD အတွက် ထိချက်ပြင်းလို့ ကျားနာခဲသလိုမျိုး ထိချက်မပြင်းကြောင်း သက်သေပြချင်တဲ့အတွက် ယခုရက်ပိုင်းအတွင်း လက်ကျန် PDF တွေက အကြမ်းဖက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တာကို အထူးဂရုစိုက်ကြဖို့ သတိပေးချင်ပါတယ်။

Post a Comment

Previous Post Next Post