NUG အကြမ်းဖက်အဖွဲ့ရဲ့ “Hit List” ဘာလဲ၊ ဘယ်လဲ? ဆောင်းပါးကောက်နုတ်ချက်


•  NUG အကြမ်းဖက်အဖွဲ့က ဆာဆာနဲ့ ဇင်မာ
အောင် တို့က ထွက်ပေါ်နေတဲ့ “Hit List” စာရင်း
က သူတို့လုပ်တာမဟုတ်ကြောင်း နိုင်ငံတကာအဖွဲ့
အစည်းတွေနဲ့ မီဒီယာတွေကို အသည်းအသန်ဖြေ 
ရှင်းချက်ပေးနေ

•  ဒီလိုငြင်းဆိုနေတဲ့အချိန်မှာ “Hit List” ထဲမှာ
ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူတစ်ဦးက 
နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းဆီကို အကူအညီ
တောင်းထားတဲ့ စာတစ်စောင်က ထပ်မံထွက်ပေါ်

•  NUG ရဲ့ လမ်းစဉ်က နိုင်ငံတကာကစံထားတဲ့ 
တန်ဖိုးတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့အကြောင်း၊ 
NUG/PDF တွေအနေနဲ့ အောက်တိုဘာလ တစ်လ
အတွင်းမှာတင် အပြစ်မဲ့ပြည်သူ ၁၈၈ ဦးကို သတ် 
ဖြတ်ခဲ့ကြကြောင်း၊ ယခုအချိန်ထိသတ်ဖြတ်ခံရတဲ့ 
အပြစ်မဲ့ပြည်သူ ၆၀၀ ကျော်ပြီ ဖြစ်ကြောင်း

•  ဘက်မလိုက်သူ (ကြားနေ) မှန်သမျှကို ခြိမ်း 
ခြောက်သတ်ဖြတ်နေကြကြောင်း၊ အကြမ်းဖက် 
NUG အဖွဲ့တွင် ပစ်မှတ်ထား သတ်ဖြတ်သည့် ပုံစံ 
(၃) မျိုးရှိကြောင်း၊ ပထမတစ်မျိုးမှာ NUG မှ 
တိုက်ရိုက်ထိန်းချုပ်စေခိုင်းခြင်း ဖြစ်ကြောင်း၊ 
ဒုတိယတစ်မျိုးမှာ လိုအပ်တဲ့ သတင်းအချက် 
အလက်များနဲ့ လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုကို 
NUG က စီစဉ်ပေးပြီး ၎င်းတို့နဲ့ ဆက်စပ်အဖွဲ့များက 
ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တတိယတစ်မျိုး
ကတော့ ဒေသအလိုက် PDF များက ဆောင်ရွက် 
နေခြင်းဖြစ်ပြီး NUG မှ လွင်ကိုလတ်(တရားခံပြေး) 
က ကြိုးကိုင်နေကြောင်းနဲ့ ၎င်းအနေနဲ့ PDF အဖွဲ့ 
၆၀ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲလုပ်နေတဲ့ 
အထောက်အထားဓာတ်ပုံကိုပါ တွဲဖက်ပြီးပေးပို့ပါ
ကြောင်းစသဖြင့် ဖော်ထုတ်ရေးသားထား

•  “Hit List” ဆိုတာက အမှန်တကယ်ရှိနေတာ ဖြစ်
လို့ NUG ကိုထိတွေ့ဆက်ဆံပြီး ထောက်ပံ့ပေးနေတဲ့ 
အချို့နိုင်ငံတကာအသိုင်း အဝိုင်းက သတိပြုမိလာ
ပြီး သူတို့အကြမ်းဖက်လုပ်ရပ်တွေ မဖုံးနိုင်မဖိနိုင် 
ဖြစ်လာ

•  ဒါကြောင့်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ 
ရက်နေ့က ထုတ်ပြန် ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံ 
ရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာထုတ်ပြန်ချက်မှာ
တောင် ယခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ
ရပ်တန့်ဖို့နဲ့ အရပ်သားတွေရဲ့လုံခြုံရေး သေချာ 
အောင် ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်း
ထားတဲ့အချက်တွေ ပါဝင်လာတာကို တွေ့ရ

•  အပြစ်မဲ့ပြည်သူတွေနဲ့ သံဃာတော်တွေကို ဒလန်
လို့စွတ်စွဲသတ်ဖြတ်နေမှုတွေ၊  ရပ်ကွက်/ ကျေးရွာ
အုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းမဲ့သတ်ဖြတ်နေ
မှုတွေ၊ ကျောင်းဆရာ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်း
တွေကို ရက်ရက်စက်စက်မိသားစုလိုက်လုပ်ကြံ
သတ်ဖြတ်မှု တွေ၊ အရပ်ဘက်ပစ်မှတ်တွေနဲ့ 
စာသင်ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်နေမှုတွေ၊ 
ကိုဗစ် ရောဂါ ကာကွယ်၊ တားဆီး၊ တိုက်ဖျက်ရေး
ဆောင်ရွက်နေတဲ့နေရာတွေကို အကြမ်းဖက် ခဲ့ကြ
တာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတဲ့
ကိစ္စတွေကို NUG ကမွေးဖွားခဲ့တဲ့ PDF နဲ့ အစွန်း 
ရောက် NLD ထောက်ခံသူတွေက နေ့စဉ်လုပ်ဆောင်
နေကြတာကို အားလုံး အသိပဲဖြစ်

•  ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြတဲ့ မြန်မာ 
နိုင်ငံလို လူ့အဖွဲ့အစည်းမှာ ဘုရား၊တရား၊သံဃာ၊
မိဘ၊ဆရာသမား အနန္တောအနန္တဂိုဏ်းဝင် သံဃာ 
တော်တွေကို ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေကြတာ
နဲ့ အပြစ်မဲ့ဆရာ/ ဆရာမ တွေကို သတ်ဖြတ်နေကြ
တာက လောကီရေးအရရော၊ လောကုတ္တရာအရပါ 
ဘယ်လိုမှ လက်ခံလို့မရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်

•  ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ကနေ နိုဝင်ဘာလ 
၂၀ ရက်နေ့အထိ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ 
သံဃာတော် ၁၂ ပါးနဲ့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ 
သံဃာ ၁၃ ပါး ရှိပြီဖြစ်

•  အသရေဖျက်အနိုင်ကျင့်ခဲ့ကြပါတယ်။ ကျောင်း 
များပြန်ဖွင့်ချိန်မှာလည်း ကလေးငယ်များ စာမ
သင်ကြားနိုင်အောင် စာသင်ကျောင်း တွေကို မိုင်း
များ၊ လက်ပစ်ဗုံးများနဲ့ ဖောက်ခွဲတိုက်ခိုက်ခြင်း၊ 
မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရား ကင်းမဲ့
စွာလုပ်ဆောင်ခဲ့ကြ

•  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့ကနေ 
နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ 
ပြည်နယ်အသီးသီးက စာသင်ကျောင်းတွေကို ဗုံးခွဲ
မီးရှို့ တိုက်ခိုက်မှု (၄၄၄) ကြိမ်ရှိပြီး အကြမ်းဖက်
သတ်ဖြတ်ခံရသည့် ဆရာ/ဆရာမ သေဆုံးသူ ၇ ဦး၊ 
ဒဏ်ရာရ ၁၃ ဦးနဲ့ ပညာရေးဝန်ထမ်းသေဆုံး သူ ၅ 
ဦး၊ ဒဏ်ရာရ ၂ ဦး စုစုပေါင်း ၂၇ ဦး ရှိပြီဖြစ်

•  မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို မိဘတိုင်း 
သားသမီးတွေကို ပညာတတ်ကြီး တွေဖြစ်စေချင်
ကြပါတယ်။ NUG/PDF အကြမ်းဖက်အဖွဲ့တွေက 
ကလေးတွေ ကျောင်းသွားလို့ မရအောင် အကြမ်း 
ဖက်နေကြတာက မိဘတိုင်းရဲ့မျှော်လင့်ချက်တွေကို 
ရိုက်ချိုးနေတာ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍကို 
အကြမ်းဖက်တာက တိုင်းပြည်ရဲ့အနာဂတ်ကို 
ဖျက်ဆီး နေတာဖြစ်

•  ဒီလိုတိုင်းပြည်ရဲ့အနာဂတ်ကိုဖျက်ဆီးဖို့စီစဉ်
စေခိုင်းသူများဟာ နိုင်ငံရေးအတ္တကြီးနေတဲ့ ဝရမ်း 
ပြေး NUG အဖွဲ့က ဖြစ်ပြီး လက်တွေ့လုပ်ဆောင်နေ
သူ တွေက အစွန်းရောက် NLD ပါတီဝင်နဲ့ အကြမ်း 
ဖက်သမား PDF များ ဖြစ်တယ်ဆိုတာ ဘယ်လိုမှ
ငြင်းလို့မရတဲ့သက်သေတွေ အခိုင်အမာ ရှိနေ

•  ဒါ့အပြင် NUG/PDF တွေအနေနဲ့ ကမ္ဘာ့အကြမ်း 
ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ အယ်လ်ခိုင်ဒါ 
(Al_Qaeda) နဲ့ အိုင်းစစ် (ISIS) တို့နည်းတူ လူတွေ
ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြ
တဲ့ လုပ်ရပ်တွေလည်းရှိ

•  ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှာ အကြမ်း 
ဖက်သမားတွေက AIR KBZ က ပြည်တွင်းခရီးစဉ် 
ပြေးဆွဲလျက်ရှိတဲ့ ATR-72-600 အမျိုးအစား 
လေယာဉ်အမှတ် (XY-AMP)၊ (XY-AMN)၊ 
(XY-AMO) လေယာဉ် ၃ စီးရဲ့ Pitot Tube တွေထဲ
မှာ သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်တွေ ထည့်ပြီး 
လေယာဉ်ပျက်ကျအောင် ဆောင်ရွက်ခဲ့ကြ 
(အချိန်မီတားဆီးနိုင်ခဲ့)

•  ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ
လည်း PDF အကြမ်းဖက်အဖွဲ့က ရန်ကုန်တိုင်းဒေသ
ကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆင်မလိုက် မှတ်တိုင်
အနီးမှာ YBS 20 ခရီးသည်ယာဉ်တစ်စီးကိုဖောက်ခွဲ 
မီးရှို့ဖျက်ဆီးခဲ့ကြ (ခရီးသည်များကိုအချိန်မီ
ရွှေ့ပြောင်းနိုင်ခဲ့)

•  NUG အကြမ်းဖက်အဖွဲ့အနေနဲ့ လက်တွေ့ရုပ်ပိုင်း
ဆိုင်ရာအရသာမက စိတ်ပိုင်း ဆိုင်ရာအရပါ 
အကြမ်းဖက်ဝါဒကို ကိုင်စွဲထား

•  NUG အကြမ်းဖက်အဖွဲ့က ဆာဆာ အနေနဲ့ 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ဆောင်ရွက်
ခဲ့တဲ့ အမေရိကန်နိုင်ငံသား တစ်ဦးရဲ့ အွန်လိုင်း
အကြမ်းဖက်သင်တန်းမှာ တက်ရောက်အားပေး
စကား ပြောကြားခဲ့

•  NUG အကြမ်းဖက်အဖွဲ့က ဇော်ဝေစိုးအနေနဲ့
လည်း ၎င်း၏မိတ်ဖက်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ
နဲ့ တွေ့ဆုံတဲ့ Zoom Meeting တစ်ခုမှာ အကြမ်း 
ဖက်လုပ်ငန်း ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့ 
အစီအစဉ်တွေကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က 
ဖော်ထုတ်ပြောကြားခဲ့

•  NUG/PDF ရဲ့ အကြမ်းဖက်လုပ်ငန်းများ
အတွက် လော်ဘီလုပ်ပေးနေသူဖြစ်တဲ့ ယခင် NLD 
ပါတီမှာ သုတေသနတာဝန်ထမ်းဆောင်ခဲ့သူ 
ဝရမ်းပြေး မျိုးရန်နောင်သိန်း အနေနဲ့လည်း မိဘ
ပြည်သူတွေရဲ့ သားသမီးတွေကို ကျောင်းမပို့ကြဖို့နဲ့ 
ကျောင်းပို့လျှင် ခြေပြတ်/လက်ပြတ်ဖြစ်သွားနိုင်
ကြောင်း၊ အသက်သေဆုံးနိုင်ကြောင်း ခြိမ်းခြောက်
တဲ့ အစွန်းရောက်အကြမ်းဖက်လှုံဆော်မှုတွေကို 
ဆောင်ရွက်ခဲ့

•  ဆိုရှယ်မီဒီယာတွေပေါ်မှာ အလားတူ ရေးသား 
ပြောဆို နေကြတဲ့ အခြားသော အစွန်းရောက်လော်
ဘီများ၊ အကြမ်းဖက် NUG အဖွဲ့ဝင်များ၊ အမည်
အမျိုးမျိုးနဲ့ ဖွဲ့စည်း ထားတဲ့ PDF အဖွဲ့များကို မြင်
တွေ့ရမှာဖြစ်

•  ကမ္ဘာ့ နိုင်ငံတစ်ချို့က NUG/PDF ကို တရားဝင်
အသိအမှတ်မပြုပေမယ့်လည်း ဒီလိုအကြမ်းဖက် 
သမားတွေကို သူတို့ရဲ့ နိုင်ငံတွေမှာ လက်ခံထားတာ
တွေ၊ ထိတွေ့ဆက်ဆံနေတာ တွေက အကြမ်းဖက်
ဝါဒနဲ့ အကြမ်းဖက်မှုတွေကို အားပေးနေတာလားလို့ 
မေးခွန်း ထုတ်ရမလိုဖြစ်နေပါတယ်။ ISIS ၊ 
Al-Qaeda နဲ့ Hezbollah လို အကြမ်းဖက် အဖွဲ့ 
အစည်းတွေ မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ထပ်ပြီး 
မွေးထုတ်ပေးနေတာလားဆိုတာ သံသယဖြစ်ဖွယ်ရှိ

•  ဒီလိုအစွန်းရောက် အကြမ်းဖက်မှု အားပေးနေတဲ့
ကိစ္စတွေကို Facebook ဆိုတဲ့ ဆိုရှယ်မီဒီယာရဲ့ 
ပေါ်လစီနဲ့ နည်းပညာကလည်း လျစ်လျှူရှုထားလို့ 
အကြမ်းဖက်မှုတွေ၊ အစွန်းရောက်မှုတွေ မြင့်တက်
လာနေတဲ့အကြောင်း နိုင်ငံတကာမှာ ဖော်ထုတ်
ဝေဖန်မှုများ ရှိနေ

•  လစ်လျူရှုပြီး အကြမ်းဖက်ကြောင်းသိပါလျက် 
NUG၊ PDF နှင့် NLD အစွန်းရောက် ပြည်ဖျက် 
သမားများရဲ့ အကြမ်းဖက်လုပ်ရပ်များကို နှုတ်
ဆိတ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးများနဲ့ ဒီမို
ကရေစီလက်ခံကျင့်သုံး နေကြတဲ့ ဒီမိုကရေစီ
ဘိုးအေနိုင်ငံကြီးသားများ၊ အစိုးရများကိုလည်း 
မည်သည့်အတွက်ကြောင့် အကြမ်းဖက်မှု
တစ်စုံတစ်ရာအတွက် မှတ်ချက်ပေးရန်၊ ရှုံ့ချရန်၊ 
တားမြစ်ရန် လက်တွန့်နေသည်ကို အံ့ဩဘနန်း
ဖြစ်ရ

•  NUG/PDF အကြမ်းဖက်အဖွဲ့တွေရဲ့ နေ့တဓူဝ
ဆောင်ရွက်နေကြတဲ့ အကြမ်းဖက် မှုတွေနဲ့၊ အပြစ်
မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ 
ကြိုးစားခဲ့ကြတဲ့ အထောက်အထားတွေကိုကြည့်ရင် 
ယခုထွက်ပေါ်နေတဲ့ “Hit List” ဆိုတာက အများ 
ကြီးငြင်းချက်ထုတ်နေဖို့မလို

•  NUG/ PDF ရဲ့  “ငါနဲ့မတူ ငါ့ရန်သူ” ဆိုပြီး 
အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ 
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်ဝါဒကို 
မြန်မာနိုင်ငံမှာ သာမက ဒေသတွင်းနဲ့ နိုင်ငံတကာမှာ
ပါ ခြေကုပ် မယူနိုင်ရေးက အလွန်အရေးကြီး

•  အကြမ်းဖက်ဝါဒကို မလိုလားတဲ့ နိုင်ငံတကာ 
အသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူတွေအားလုံး 
လက်တွဲညီညီ ဝိုင်းဝန်းပူးပေါင်း တိုက်ဖျက် ကြဖို့ 
တိုက်တွန်းနှိုးဆော်

ဆောင်းပါးရှင် မင်းခန့်၏
နိုဝင်ဘာ ၂၃၊ ၂၀၂၁ ရက်နေ့ သတင်းစာပါ
*NUG အကြမ်းဖက်အဖွဲ့ရဲ့ Hit List ဘာလဲ၊ ဘယ်လဲ * ဆောင်းပါး
#KT

Post a Comment

Previous Post Next Post