နို၀င်ဘာ-၂၄၊၂၀၂၁) NUG ငွေတိုက်စာချုပ်ရောင်းချမှုနှင့် ဆက်နွယ်သည့်၀န်ဆောင်မှု၌ အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း စင်္ကာပူ DBS ဘဏ် ငြင်းဆို။ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ဒစ်ဂျစ်တယ် ပြတ်တောက်ခဲ့၍ဖြစ်ပြီး မည်သည့် ငွေတိုက်စာချုပ်မျှ ရောင်းချခဲ့ရခြင်း မရှိဟု ပြော

(နို၀င်ဘာ-၂၄၊၂၀၂၁) NUG ငွေတိုက်စာချုပ်ရောင်းချမှုနှင့် ဆက်နွယ်သည့်၀န်ဆောင်မှု၌ အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း စင်္ကာပူ DBS ဘဏ် ငြင်းဆို။ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ဒစ်ဂျစ်တယ် ပြတ်တောက်ခဲ့၍ဖြစ်ပြီး မည်သည့် ငွေတိုက်စာချုပ်မျှ ရောင်းချခဲ့ရခြင်း မရှိဟု ပြော
=====
မြန်မာနိုင်ငံ၏ ငွေတိုက်စာချုပ်များ ရောင်းချခြင်းနှင့် ဆက်စပ်နေသည့် ၎င်း၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ၌ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၄ ရက်) တွင် စင်္ကာပူ DBS ဘဏ်က ငြင်းဆိုလိုက်သည်ဟု The Straits Times က ယနေ့ရေးသားသည်။
...   
အင်္ဂါနေ့တွင် ဝန်ဆောင်မှုများ ပြတ်တောက်သွားပြီးနောက် စင်ကာပူအခြေစိုက် အကောင့်များဖွင့်လှစ်ထားသည့် DBS နှင့် POSB သုံးစွဲသူများအတွက် ထိခိုက်ခဲ့သည် ဆို၏။
..   
အဆိုပါပြဿနာကို ဗုဒ္ဓဟူးနေ့နံနက်တွင် ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်း ဘဏ်တာ၀န်ရှိသူများက ပြောဆိုသော်လည်း နောက်ပိုင်း၌ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
..   
အဆိုပါ ဒစ်ဂျစ်တယ်ဆက်သွယ်မှု ပြတ်တောက်ခြင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အရှေ့တောင်အာရှ၏ ငွေချေးယူသူများအတွက် အကြီးမားဆုံး ဆိုးရွားမှုတစ်ခုဖြစ်သည်။
..  
DBS ၏ ဒစ်ဂျစ်တယ်ဘဏ်စနစ် ဝန်ဆောင်မှုပြတ်တောက်ခြင်းသည် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်များရောင်းချခြင်းနှင့် ဆက်စပ်နေသည်ဟု ကောလာဟလများထွက်ပေါ်လျှက်ရှိကြောင်း၊ ထိုသို့ ပြောဆိုနေကြခြင်းမှာ မှန်ကန်မှု မရှိကြောင်း၊ DBS ( ကို ဖြတ်သန်း၍ ) မည်သည့်ငွေချေးစာချုပ်ကိုမျှ ရောင်းချ ခဲ့ခြင်း မရှိသေးကြောင်း ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် တာ၀န်ရှိသူက ဘဏ်၏ Twitter စာမျက်နှာတွင် လွှင့်တင်၍ ကောလာဟလများကို ပယ်ချလိုက်သည်။
...  
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ထုတ်ဝေသော အတိုးမဲ့ငွေချေးစာချုပ်များကို မြန်မာနိုင်ငံသားများက DBS နှင့် POSB ဘဏ်တို့၏ အွန်လိုင်းဝန်ဆောင်မှုများကို အသုံးပြု၍ ရောင်းချခဲ့ရာ အ၀ယ်မှု များပြားလွန်းသဖြင့် Mobile Banking စနစ်ပင် ပြုတ်ကျသွားခဲ့ရသည်ဟု မြန်မာနိုင်ငံရှိ မီဒီယာအချို့က အင်္ဂါနေ့၌ ရေးသားခဲ့ကြသည်။
..  
ချေးငွေစာချုပ်ရောင်းချမှု စတင်ဖွင့်လှစ်သည့် တနင်္လာနေ့တွင် NUG က အမေရိကန်ဒေါ်လာ ၆.၃ သန်း (စင်္ကာပူဒေါ်လာ ၈.၆ သန်း) ရရှိခဲ့ပြီး အဓိက ၀ယ်ယူသူအများစုမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများဖြစ်ကြောင်း Reuters သတင်းအေဂျင်စီက အင်္ဂါနေ့၌ ဖော်ပြခဲ့သည်။
..  
အမေရိကန် ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀ နှင့် ၅,၀၀၀ တန် အသီးသီးရှိသော ၂-နှစ်သက်တမ်းရှိ စာချုပ်များသည် ဝယ်သူများအတွက် အတိုး ရရန် မရှိသော်ငြားလည်း၊ ပထမသုံးနာရီအတွင်း အမေရိကန်ဒေါ်လာ ၃-သန်းဖိုး ရောင်းချခဲ့ရကြောင်း၊ ၄င်းနေ့ကုန်ဆုံချိန်တွင် ကန်ဒေါ်လာ ၆.၃ သန်းအထိ တိုးတက်ရရှိခဲ့ကြောင်း NUG ၏ ပြောဆိုချက်ကို Reuters က ကိုးကား ဖော်ပြခြင်းဖြစ်သည်။
...   
ငွေတိုက်စာချုပ်ရောင်းချရခြင်း၏ အလုံးစုံပစ်မှတ်မှာ ဖေဖော်ဝါရီလတွင် အာဏာသိမ်းယူခဲ့သော စစ်အစိုးရကို ဖြုတ်ချမည့် တော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ စုဆောင်းရန်ဖြစ်သည်။
...  
အာဏာသိမ်းမှုသည် ဆယ်စုနှစ်တစ်ခုကြာ စမ်းတဝါးဝါးဖြစ်နေသော ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အဆုံးသတ်စေခဲ့ပြီး အာဏာသိမ်းရာ၌ အတိုက်အခံ ထောင်ပေါင်းများစွာကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့များ၏ ကျယ်ပြန့်သော မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် NUG သည် စစ်အစိုးရအပေါ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ပုန်ကန်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
#NUGငွေတိုက်စာချုပ်ရောင်းချမှုနှင့်ဆက်နွယ်၍_ဘဏ်စနစ်ပြုတ်ကျရသည်ဆိုခြင်းမှာ_မဟုတ်မမှန်
#မည်သည့်ငွေတိုက်စာချုပ်မျှ_ရောင်းချခဲ့ရခြင်း_မရှိဟု_စင်္ကာပူ_DBSဘဏ်_ငြင်းဆို
(((The Straits Time., 24 November 2021, “ DBS denies service disruption linked to Myanmar treasury bond sales” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။))
https://www.straitstimes.com/asia/se-asia/dbs-denies-service-disruption-linked-to-myanmar-treasury-bond-sales

Post a Comment

Previous Post Next Post