NLD အမာခံ တက်ကြွလှုပ်ရှားသူတစ်ဦး၏ အိမ်အတွင်းသို့ဗုံးပစ်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ ဦးနှင့် အိမ်နီးချင်းတစ်ဦး တို့ သေဆုံး

NLD အမာခံ တက်ကြွလှုပ်ရှားသူတစ်ဦး၏ အိမ်အတွင်းသို့ဗုံးပစ်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ ဦးနှင့် အိမ်နီးချင်းတစ်ဦး တို့ သေဆုံး

-------- အကုန်သိသတင်းဌာန ---------

မကွေးတိုင်း၊ ရေစကြိုမြို့ အမှတ် ၁၊ ထင်းတန်းရပ်ကွက်တွင် နေထိုင်သော NLD အမာခံ တက်ကြွလှုပ်ရှားသူ ကိုအေးလှိုင် + မမာစီ နေအိမ်အတွင်းသို့ နိုဝင်ဘာ ၁၇ ရက်နေ့ည ၁၀ နာရီ ၂၅ မိနစ်တွင် လာရောက်ပစ်ထည့်သွားသော ပါဆယ်ထုတ်ကို ပံ့သကူ လာပစ်သွားသော ပစ္စည်းထုပ် အထင်ဖြင့် ဖွင့်ဖောက်ရာမှ ပေါက်ကွဲမှုဖစ်ပြီး ကိုအေးလှိုင် (၅၂ နှစ်) ဇနီး မမာစီ (၄၅ နှစ်)၊ သမီးဖြစ်သူ မအေးသင်း (၂၀ နှစ်) နှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်စီ (၄၇ နှစ်) တို့သေဆုံးသွားကြောင်း အမျိုးသမီး ၃ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်၍ ကိုအေးလှိုင်မှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကြောင်း သိရပါသည်။

ကိုအေးလှိုင်သည် NLD အောင်နိုင်ရေး ကာလတလျှောက်တွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲအပြီး ရပ်ကွက်အတွင်း ပြုလုပ်သော အောင်ပွဲတွင် ၎င်း၏နွားလှည်းဖြင့် လှည့်လည်ကာ ကခုန် ပျော်ပါးခဲ့သူတစ်ဦးဖြစ်ကြောင်းအမှတ်(၁)ထင်းတန်းရပ်ကွက် ဒေသခံပြည်သူတစ်ဦးပြောဆိုချက်အရ သိရှိရသည်။

ဓာတ်ပုံ - ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကိုအေးလှိုင်တို့နေထိုင်ရာ ကျေးရွာကမြင်ကွင်း

Post a Comment

Previous Post Next Post