မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက သူ့အနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ NLD ပါတီက ခေါင်းဆောင်ပိုင်းအချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
အဲဒီလို တွေ့ဆုံခဲ့ကြောင်းကို ပြောဆိုပေမယ့် ဆွေးနွေးဖြစ်တဲ့အကြောင်းအရာတွေနဲ့ ဘယ်သူတွေနဲ့တွေ့တယ်ဆိုတာကိုတော့ မပြောလိုဘူးလို့ သူကဆိုပါတယ်။ သူ့အနေနဲ့ ရလာဒ်အဖြေထွက်ပြီးသားကိစ္စတွေကို ပြောပြလေ့ရှိပေမယ့် ပြုလုပ်ဆဲကိစ္စတွေကိုတော့ မပြောနိုင်ပါဘူးလို့ဆိုပြီး ရေငုံနှုတ်ပိတ်နေတဲ့ သံတမန်ဆက်ဆံရေးကို ပြုလုပ်တာက သူ့ရဲ့အခြေခံမူပဲဖြစ်တယ်လို့ ပြောဆိုပါတယ်။
အဲဒီလို မစ္စတာဆာဆာကာဝါအနေနဲ့ NLD ပါတီက ဘယ်သူနဲ့တွေ့ဆုံခဲ့တယ်ဆိုတာကို မပြောဆိုပေမယ့် ဒေါ်စုစုလွင်နဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာလည်း ရှိပါတယ်။
Post a Comment