အာဏာပြန်ရရေး မျှော်လင့်ချက်နဲ့ NLD

NLDအာဏာပြန်ရရေး မျှော်လင့်ချက်နဲ့ 

NLDအစွန်းရောက်များ၊NLDထောက်ခံဝန်းရံသူအစွန်းရောက်များက 

ပြည်ပအားကိုး နဲ့ လက်နက်ကိုင် တော်လှန်ရေး  ထ လုပ်ပေမယ့် 

အဓိက ပြည်ပဆရာကြီးများ ဖြစ်တဲ့ CIA.OIC တို့ရဲ့ရည်ရွယ်ချက်က 

NLDအာဏာပြန်ရရေးမဟုတ်ဘဲ 

တပ်မတော်လည်းယိုင်လဲ...NLDလည်းပြိုလဲ 

တိုင်းပြည် ...အစိတ်စိတ်အမွှာမွှာ ပြိုကွဲ ဆိုတဲ့ ရည်မှန်းချက်သာဖြစ်တယ်ဆိုတာ 

မှန်မှန်ကန်ကန်လေ့လာသုံးသပ်ကြတဲ့ နိုင်ငံရေးလေ့လာသူတိုင်းကသုံးသပ်နိုင်ကြပေမယ့် 

နိုင်ငံရေးဝမ်းစာနည်းပါးတဲ့ NLD ခေါင်းဆောင်များရဲ့နိုင်ငံရေးရေချိန်နိမ့်ကျမှုအရ 

မှန်မှန်ကန်ကန် သုံးသပ်နိုင်စွမ်းမရှိဘဲ 

အနောက်အုပ်စု အလိုကျအကြမ်းဖက် လူသတ် ပြည်ဖျက်လုပ်ရပ်တွေကို 

လူထုတော်လှန်ရေးဆိုပြီးလျှောက်လုပ်နေတာဟာ 

တိုင်းပြည်လူထုအတွက် နစ်နာဆုံးရှုံးမှုကြီး ဖြစ်ပါတယ်

ဖမ်းဆီးရမိလက်နက်ခဲယမ်းများ ၊ဖောက်ခွဲဖျက်ဆီးရေး ယမ်းထုပ် ယမ်းကြိုးများကိုကြည့်ခြင်းဖြင့် 

ရန်ကုန်မြို့တွင်းအကြမ်းဖက်လုပ်ငန်းများကို ထိထိရောက်ရောက်မချေမှုန်းနိုင်ရင်

အလွန်ကြီးမားတဲ့ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားဖို့ရှိတယ်ဆိုတာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်...

အကြမ်းဖက်လူသတ်ဝါဒကို 

ဒီမိုကရေစီတော်လှန်ရေးလို့ ထင်မြင်နေကြသူတွေ

မတော်တဆအာဏာရခဲ့တယ်ဆိုရင်တောင် မှ 

ကမ္ဘောဒီးယားမှာ ခမာနီကွန်မြူနစ်တွေ အာဏာရခဲ့ စဉ် က

လူသန်းချီအသတ်ခံရတဲ့ဒလန်ရှင်းလင်းရေးလိုပဲ 

ငရဲတွင်းထဲကို ကျရောက်သွားဖို့သာ ရှိတဲ့အတွက် 

ပြည်သူလူထုဟာ...

စစ်အာဏာရှင်ဆိုတာထက်ဆိုးမယ့် 

ခမာနီထက်ဆိုးမယ့် "ဗမာနီအကြမ်းဖက်"အောက်ကျရောက်သွားမှာ ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post