မန္တလေးမြို့တွင် NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး) မှ ဆရာတော်များနှင့် တပည့်ဒကာ၊ ဒကာမများက အကြောင်းမဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေသော NLD, CRPH, NUG, PDF တို့၏ လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချကြောင်း NLD, PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် သံဃာတော်များ၊ ဆရာ/ ဆရာမများ၊ ကလေးငယ်များ၏ ရုပ်ပုံများ ပါဝင်သော ဗွီနိုင်းပိုစတာများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ဆရာ/ ဆရာမ၊ ကလေးငယ်များအပါအဝင် စုစုပေါင်း ၁၃၈၀ အထိ သေဆုံးခဲ့ရသည်။
MKKOo
Post a Comment