NIB ဆိုတာ ဘာလဲမေးနေကြလို့

NIB ဆိုတာ ဘာလဲမေးနေကြလို့
၁၉၆၄ ကစပြီးဌာနတွေအားလုံးရဲ့လှုပ်ရှားမှုတွေကို အမျိုးသားထောက်လှမ်းရေးဗျူရို National Intelligence Bureau (NIB) ကစကိုင်တယ်။ရဲမျိုးစုံ စစစ လဝက ကာစတန် စသည်ဖြင့်ဌာနအများကြီးပဲအကုန်စုဖွဲ့ထားတာ။

တနိုင်ငံလုံး NIB cell တွေကကင်ဆာလိုပဲပြန့်နေတာတချို့အချင်းချင်းတောင်မသိကြဘူး။ခုပြောနေတဲ့ ဒလန်သတင်းပေးဆိုတဲ့အင်ဖော်မာတွေအနှံပဲ။အဲ့ကောင်တွေကိုပိုကြောက်နေရတာ တကယ့်ထလရထက်။ခုလိုလုပ်ဖို့နေနေသာသာ တိုင်ပင်ရုံရှိအုန်းမယ် ၂၄ နာရီအတွင်းဆွဲစိပြီးသားပဲ ဘာသံမှတောင်သတင်းမထွက်ဘူး မတင်ဘူး။ထောက်လှမ်းရေးကုတ်သွားတယ်လောက်ပဲကောလဟာလထွက်မယ်။လဖေ့ရည်ဆိုင်မှာတောင်တပ်မကောင်းကြောင်းမပြောရဲဘူး နိုင်ငံရေးအကြောင်းမပြောရဲဘူး လာပြောရင် ဟေ့ရောင်ကို့အလုပ်ကိုလုပ် ငါ့လာမပြောနဲ့ ဆိုတဲ့အထိဖြစ်ပဲ။bbc voa တောင်အသံတိုးခိုးနားထောင်နေရတာ။gz ဆိုတဲ့ကလေးတွေသားတို့အဖိုးအဖွားမိဘတွေမေးကြည့်။

၁၉၈၃ ခုနှစ်မှ၂၀၀၄ခုနှစ်အထိ မြန်မာနိုင်ငံထောက်လှမ်းရေးအကြီးအကဲနေရာမှာဗိုလ်ချုပ်ကြီးခင်ညွန့်ဦးဆောင်ခဲ့တယ်။အဘရှေ့ မဆလခေတ်က မျက်မှန်ကြီးတင်ဦး။ကြီးမားပြီးအင်အားကြီးမားသောလုံခြုံရေး အဆင့်ကမ္ဘာမှာ 1 to 10 ဝင်တဲ့အထိနာမည်ကြီးခဲ့တယ်။ဒါပေမဲ့တစုံတခုသောအကြောင်းကြောင်းကြောင့်NIB ကို၂၅.၂.၂၀၀၄ နေ့မှာဖျက်သိမ်းလိုက်တယ်။

အဟႎသက
1630171121

Post a Comment

Previous Post Next Post