သံလျင်တံတားအဆင်းရှိ လုံခြုံရေးဂိတ်အား ပစ်ခတ်ခဲ့မှု Video ဖိုင်ကို စောလျင်စွာဖော်ပြခဲ့သော Mizzima သတင်းထောက်အား တပ်မဟာ(၆)နယ်မြေတွင် သတ်ဖြတ်လုပ်ကြံခဲ့ကြောင်း သတင်းထွက်ပေါ်လာ
================================
နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် PDFများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား ၁၀ ဦးခန့် ကျည်ဆန်ထိမှန်ကာ သုံးဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း Mizzima သတင်းဌာနက အဆိုပါနေ့ရက် ညနေ ၅နာရီ ၃၇ မိနစ်တွင် ပစ်ခတ်ခဲ့မှု ရုပ်သံအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်ခဲ့မှု ရုပ်သံထွက်ပေါ်လာခဲ့မှုအပေါ် Mizzima သတင်းဌာန ဖော်ပြခဲ့သော ရုပ်သံပါ အချက်အလက်များကို စုံစမ်းထောက်လှမ်း၍ ဆက်စပ် ဖော်ထုတ်ခဲ့ရာ သာကေတမြိုနယ်၊ ၁၀/တောင်ရပ်ကွက်၊ ရန်ကုန်−သန်လျင်တံတားအဆင်းရှိ တံတားလုံခြုံရေးကင်းရုံ ပစ်ခတ်ခံရမှုတွင် တိုက်ရိုက်ပါဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သော တရားခံ အောင်ကိုဦး(ခ)ခေါင်းကြီး အပါအဝင် ကင်းထောက်ပေးသူ တရားခံ(၃)ဦးအား တာဝန်ရှိသူများက လက်ရဖမ်းဆီး ရမိခဲ့သည်။
တရားခံ အောင်ကိုဦး(ခ)ခေါင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၇ ရက်တွင် မရမ်းကုန်းမြိုနယ်၊ အလယ်ဗဟိုလမ်း၊ Apolo Hotel အနီးတွင် ရဲလင်းဦး(ခ) နဘီး(၂၆)နှစ်နှင့် ကေသွယ်ဖြိုး(၂၃)နှစ်တိုအား MK-12 ၂ လက်၊ကာဘိုင် ၁ လက်၊ လက်လုပ်ပစ္စတို ၃ လက်၊ ၅.၅၆ ကျည် ၂၅ တောင့်၊ ၁၂ ဗိုကျည် ၅၀ တောင့်၊ ၉မမ ကျည် ၄၅ တောင့် ၊ လက်လုပ်မိုင်း ၄ လုံး၊ ရီမုမိုင်း ၄ လုံးတိုနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ KNLA တပ်မဟာ(၆)တွင် ထွက်ပြေး တိမ်းရှောင်နေသော ဖမ်းဆီးရန်ကျန် သန်လျင်မြိုနယ် NLD ပါတီဝင် တရားခံ ဝင်းကို(ခ)စံရှားမှ Special Operation Force-SOF အကြမ်းဖက်အဖွဲအား Area-1 မှ Area-7 အထိ ဖွဲစည်း ထားပြီး ၎င်းအဖွဲဝင်များအား NUG မှ တရားခံပြေး လွင်ကိုလတ်၏ စေခိုင်းချက်အရ KNLA မှ ရင်းမှူးအဆင့်ရှိ ရန်နိုင်သည် KNLA တပ်မဟာ (၆)နယ်မြေအတွင်း လက်နက်ငယ်သင်ခန်းစာများ၊ ဒရုန်းများတွင် ဗုံးတပ်ဆင်၍ ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အကြမ်းဖက် ဖောက်ခွဲရေး သင်ခန်းစာများ သင်ကြားပေးခဲ့ကြောင်းဆက်စပ်ဖော်ထုတ်သိရှိခဲ့ရသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲဝင်များဖမ်းဆီးရမိခဲ့မှုအပေါ် ပြစ်မှုကျူးလွန်သူများ လုံခြုံစိတ်ချရသည့်နေရာသို အချိန်မီ ရောက်ရှိခြင်းမရှိသေးမီ စောလျင်စွာ ဖြန့်ဝေခဲ့သည့် Mizzima သတင်းဌာနမှ သတင်းထောက်ဖြစ်သူအား ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လုံကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
#ဖိုးစီ
Post a Comment