မြန်မာ့တပ်မတော်​၏ MBT-2000 တင့်ကား

မြန်မာ့တပ်မတောိဟာ ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံဆီကနေ MBT-2000 တင့်ကား အစီး ၅၀ ခန့် ဝယ်ယူခဲ့ပါတယ်။
MBT-2000 ဟာ တတိယမျိုးဆက်တင့်ကားဖြစ်ပြီး တရုတ်နိုင်ငံ China North Vehicle Research Institute က ထုတ်လုပ်တာ ဖြစ်ပါတယ်။
MBT-2000 တင့်ကားမှာ အလိုအလျောက်ကျည်ထိုးစနစ်ပါရှိတဲ့ ၁၂၅ မီလီမီတာ ပြောင်းချော အမြောက်တပ်ဆင်ထားပြီး အမြောက်တည်ငြိမ်ကိရိယာလည်း တပ်ဆင်ထားရှိပါတယ်။ 

ကျည်ဆံအနေနဲ့ ယမ်းပြင်း HE ကျည်၊ အစထွက်ယမ်းပြင်းကျည်နဲ့ APFSDS အပါအဝင် ကျည်ဆံအမျိုးမျိုး ပစ်နိုင်ပါတယ်။
တိုက်ယာဉ်မှူးရော အမြောက်ပစ်သမားဟာ ဆုံလည်အမိုးမှာ တပ်ဆင်ထားတဲ့ တည်ငြိမ်မှုထိန်းညှိစနစ်ပါရှိတဲ့ ချိန်ဆိုဒ်တစ်ခုစီကို အသုံးပြုနိုင်ပါတယ်။

အဲဒီ့ချိန်ဆိုဒ်တွေဟာ ခေတ်မီ image intensifier ညကြည့်စနစ်၊ လေဆာအကွာအဝေးတိုင်းစနစ်၊ ပစ်မှတ်ကို အလိုအလျောက်ခြေရာခံတဲ့စနစ်တွေ ပါရှိပါတယ်။

ဒါ့အပြင် ကွန်ပြူတာ စနစ်သုံး ပစ်ခတ်မှုထိန်းသိမ်းရေးစနစ်လည်း ပါရှိပါတယ်။

၁၂၅ မီလီမီတာ အမြောက်အပြင် ၇.၆၂ မမ စက်သေနတ် ၁ လက် နဲ့ ၁၂.၇ မမ လေယာဉ်ပစ်စက်သေနတ်ကြီး ၁ လက်လည်း တပ်ဆင်ထားရှိပါတယ်။ (Myanmar Defence Review)
#MHTNews

Post a Comment

Previous Post Next Post