သိဖို့....မြန်မာပလာဇာကို ဗီယက်နမ်ကုမ္ပဏီ HAGLက ၅၀% နဲ့ စင်ကာပူကုမ္ပဏီ Rowsely က ၅၀% ပိုင်တယ်

မြန်မာပလာဇာကို ဗီယက်နမ်ကုမ္ပဏီ HAGLက ၅၀% နဲ့ 
စင်ကာပူကုမ္ပဏီ Rowsely က ၅၀% ပိုင်တယ်။

၎င်းမြန်မာပလာဇာမြေနေရာကို စက်မှု (၁)ဝန်ကြီးဌာနကပိုင်ဆိုင်ပြီး အကျယ်အဝန်းအားဖြင့် ၁၈.၁၃၁ဧက အကျယ်အဝန်းရှိတယ်။

တည်နေရာအားဖြင့်လည်း ၎င်းမြေနေရာမှာ ကမ္ဘာအေးဘုရာလမ်းနဲ့ စက်မှု(၁)လမ်းမကြီးရဲ့ထောင့်မှာတည်ရှိတဲ့အတွက် ရန်ကုန်မြို့ရဲ့ အချက်အခြာ အကျဆုံးနေရာတစ်ခုမှာအပါအဝင်ဖြစ်တယ်။

စက်မှု(၁)ဝန်ကြီးဌာနဟာ မိမိပိုင်မြေနေရာမှာလာရောက်ရင်းနှီးမြှုပ်နှံမယ့် HAGLနဲ့Rowselyတို့ကို BOD စနစ်နဲ့ မြေငှားခွင့် နှစ်၅၀ခွင့်ပြုပေးခဲ့ပြီး ငှားရမ်းလုပ်ကိုင်စဉ် စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်း ငှားရမ်းလုပ်ကိုင်ခဲ့ရင်း နှစ် ၅၀ ပြည့်သွားခဲ့သည်ရှိသော် နောက်ထပ် ငှားရမ်းခွင့် ၁၀ နှစ် တစ်ကြိမ်စီ နှစ်ကြိမ် ပေါင်း နှစ် ၂၀ သက်တမ်းတိုးခွင့်ပါပေးထားခဲ့ပါတယ်။

ပြောချင်တာက နိုင်ငံခြား ကုမ္ပဏီတွေက မြန်မာမြေမှာ နှစ်ပေါင်း ၅၀ လာရင်းနှီးမြှုပ်နှံထားတာ ၂၀၁၅ မှစ ခုမှ ၆နှစ် ၇နှစ်တာ ကာလပဲရှိဦးမှာပေါ့။

 ခင်ဗျားတို့ နီပိတ်တွေ Boycottလုပ်လို့ မြန်မာပလာဇာကြီး သုသာန်တမျှ တိတ်ဆိတ်သွားဦး နှစ်နာမှာက နိုင်ငံခြားကုမ္ပဏီတွေ ဘယ်သူမှ မလာလို့ နိုင်ငံခြားကုမ္ပဏီတွေ စာချုပ်ဖျက်သိမ်းပြီး ပြန်သွားဦး အစိုးရက နှစ် ၅၀ ကို ၇နှစ်ထဲနဲ့ ရင်းနှီးမြှုပ်နှံ ငှားရမ်းခငွေတွေရော အဆောက်အဦးတွေရော အလိုလို ပိုင်ဆိုင်ပြီးသားဖြစ်သွားပါပြီ။

နောက်အဲ့ဒီနေရာကို မျှော်နေတဲ့ တရုတ်ကြီးကို ဆက်ငှား လိုက်ဦး အစိုးရအိပ်ပြီးငွေဆက်ကောက်ယုံပါပဲ။ ခင်ဗျားတို့က စစ်အစိုးရကိုမကြိုက်ဘူးလို့သာပြောတယ် လက်တစ်လုံးခြားနဲ့ တော့အမြဲလိုလို လုပ်ကျွေးနေကြတာပါပဲ။

ဟိုပြန်သွားတဲ့ ဗီယက်နမ် နဲ့ စင်ကာပူကလည်း ခင်ဗျားတို့ရဲ့ ကိုယ့်လုပ်သလို လိုက်မလုပ်သူများကို ဒလန်လို့သတ်မှတ်တဲ့ 
ဒီမိုကရေစီစနစ်ကြီးကိုလည်း မှတ်တမ်းတင်သွားမှာအမှန်ပဲ။
Crd

Post a Comment

Previous Post Next Post