ဝေဝေနု ရဲ့အမျိုးသမီးစွမ်းဆောင်ရှင်ဆု(DvF) ရရှိခြင်းနောက်ကွယ်မှာ..???

ဒေါက်တာ နေဇင်လတ်က 
ဒေါ်စုကြည် အကြောင်း နိုင်ငံတကာမှာ 
မေးသူမရှိ တိတ်ဆိတ်လာနေတယ်လို့
ရေးသားထားတယ် ၊ 

သိပ် မှန်ပါတယ်
တကယ်ပဲ မမေးကြတော့ပါဘူး ၊ 

ဆိုတော့ကာ…
ဘာလို့ မမေးတော့တာလဲ..?

ဒီလို ရှိပါတယ်
သူ့နေရာမှာ   အစားထိုးဖို့
လူတယောက်ရွေးချယ် လိုက်တာမို့လို့ပါ ၊
မြန်မာနိုင်ငံရေး မှာ 
မကြာမီ CRPH NUG တွေဟာလည်း 
တခန်းရပ်ပြီး နိဂုံးချုပ် ရပါ့မယ် ၊

နောက်ထပ်
အကြံအစည်က
ဝေဝေနုကို စင်တင်ပေးပြီး  
အနောက်တံခါးကနေဝင်လာစေပြီး

မြန်မာ့အရေးကို 
အနောက်တံခါးကနေပြီး
စတင် မွှေနှောက်စေပါလိမ့်မယ် ၊ 

ပရမ်းပတာ
လက်နက်ကိုင်ထကြွနေတဲ့
NLD နဲ့ NUG' ရဲ့ PDF တွေကို 
အနောက်အုပ်စုက …
ထမင်းမစား ကွမ်းမစားအဆင့်နဲ့ 
ဆက်ဆံလာပါလိမ့်မယ် ၊

အနောက်တံခါး ကိစ္စအတွက်
ခေါင်းဆောင်အဖြစ်နဲ့ ဦးဆောင်စေဖို့
ပညာတတ် ဝေဝေနုကို ပွဲထုတ်ပြီး 
ဗျူဟာ ပြောင်းဖို့ ပြင်ဆင်နေပါပြီ ၊

Shift .!

အစားထိုး ပြောင်းလဲမယ့် 
Change တခု ပေါ်လာပါလိမ့်မယ် ၊ 

NUG နဲ့ ဒေါ်စုကြည်ကို 
Shifty အဖြစ် သတ်မှတ်ကြပါတယ် ၊ 
မရိုးသားသောမယုံကြည်ရသော
သူတွေလို့ ခွဲခြားလိုက်ပါတယ် ၊

ဝေဝေနု နောက်မှာ
အိုဘားမား နဲ့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဟောင်း
(နေပြည်တော်သဂ်ဟဟိုတယ်မှာ
 တည်းခဲ့သူ)တို့က.  
အမာခံBackground အနေနဲ့  
ရပ်တည်ပေးထားလျှက် ရှိပါတယ်  ။

သူ့လောက်များကွာ 
ဂရုစိုက်စရာလား လို့ ပြောရင်တော့
အမှားကြီး မှားသွားပါလိမ့်မယ် ၊ 

ပြင်သစ် ၊ ဘဂ်လာဒေ့ရှ် ၊
နော်ဝေ ၊ နယ်သာလန် တို့ နဲ့  
OIC. နိုင်ငံတွေက 
ကြိုပြင်ထားတဲ့ ဝှက်ဖဲ ရှိပါတယ် ၊

ဒီ ဝှက်ဖဲက 
NUG ကို ဖယ်ထုတ်ပြီး
အနောက်တံခါးကို ကစားကြမှာပါ ၊

အခု ပြောတာ ကို
မယုံရင် စောင့်ကြည့်ကြပါလို့ ပဲ
လတ်တလော ပြောနိုင်ပါလိမ့်မယ် ။
…………………………

အနောက်တံခါးကို
နစက က အားစိုက်ထားပြီး
စစ်အင်အား ဖြည့်တင်းထားတာဟာ
ဒီ ကိစ္စကို ကြိုကာထားတာလို့ မြင်တယ် ..

ရေတပ် က
တပ်တော်ဝင်ထားတာ
ရုရှား နဲ့ ကြိုကာထားတာ တွေက
စစ်ရေးဖက်က ဖြတ်ပိတ်ထားတာ
ဖြစ်ပါလိမ့်မယ် ။

ဒီတော့ သုံးသပ်ရတာက
စစ်ရေးဖက်က မဖြစ်နိုင်တော့ဘူး

ဒါဆိုရင် …
ဇတ်ပျက် ဟွာမကြီး 
သူ့သဘောနဲ့သူ ချုပ်ထားခဲ့တဲ့
စာချုပ် ၁၆ စောင် ကိစ္စကို
ရှင်းရဖို့ကလည်း ရှိသေးတော့…

ကဲ ဘာလဲ ဘယ်လဲ
နစက ဘယ်လို တန်ပြန်ပေးမလဲ
စောင့်ကြည့် ကြပါအုံးစို့လား…?????

Thuya'KGS

Post a Comment

Previous Post Next Post