စင်ကာပူတွင် ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၃ထောင်ကျော်စစ်ဆေးတွေ့ရှိ
စင်ကာပူ၊ နိုဝင်ဘာ ၄
စင်ကာပူတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း COVID-19 ကူးစက်မှုပြန်လည်မြင့်တက်လာခဲ့ရာ ယခုအခါ လျော့ကျလာပြီဖြစ်သော်လည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်းတွင် လူနာသစ် ၃၆၅၃ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။ အောက်တိုဘာ ၂၇ ရက်နေ့က လူနာသစ် ၅၃၂၄ ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ပြီး စင်ကာပူနိုင်ငံ ကိုဗစ်ကပ်ရောဂါကာလအတွင်း လူနာသစ်တွေ့ရှိမှုစံချိန်တင်ခဲ့သည်။
ယခုတွေ့ရှိသော လူနာသစ်များအနက် ၃၆၂၃ ဦးမှာ နိုင်ငံတွင်းကူးစက်မှုများဖြစ်သည်။ ယင်း ၃၆၂၃ ဦးအနက် ၃၂၂၃ ဦးမှာ စင်ကာပူနိုင်ငံသားများဖြစ်ကြပြီး၊ ၄၀၉ ဦးမှာမူ ပြည်ပမှ လာရောက် အလုပ်လုပ်ကိုင်ကြသူများဖြစ်သည်။
ထပ်မံသေဆုံးသူ ၁၂ ဦးရှိပြီး၊ သေဆုံးသူများမှာ အသက် ၅၉ နှစ်မှ ၉၉နှစ် အရွယ်များဖြစ်ကြကြောင်းသိရသည်။
ကိုးကား
Singapore reports 3,635 new COVID-19 cases, 12 more deaths
Photo: Marcus Mark Ramos
Post a Comment