နစက ခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ၊ရုပ်ရှင်၊သဘင်၊ဂီတ အသီးသီးအတွက် သိန်းလေးထောင်နှင့် ဆန်၊ဆီ၊ပဲများထောက်ပံ့

နစက ခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ၊ရုပ်ရှင်၊သဘင်၊ဂီတ အသီးသီးအတွက် သိန်းလေးထောင်နှင့် ဆန်၊ဆီ၊ပဲများထောက်ပံ့

နေပြည်တော် နိုဝင်ဘာ ၁

ယမန်နေ့နေ့လည်ပိုင်းက ရန်ကုန်မြို့ ကုန့်မြင့်သာ မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စာပေ၊ရုပ်ရှင်၊သဘင်၊ဂီတ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတွေ့ဆုံပွဲ ကိုကျင်းပပြုလုပ်ခဲ့ပြီး နစကခေါင်းဆောင်က အဖွဲ့အသီးသီးအတွက်သိန်းလေးထောင်နှင့် ဆန်၊ဆီ၊ပဲများထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌဒေါက်တာမျိုးသန့်တင် အပါအဝင် စာပေရုပ်ရှင်ဂီတသဘင် စသည့်အဖွဲ့အစည်းအသီးသီးမှ ဦးဆောင်သူများ တက်ရောက်ခဲ့ကြသည်။

နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ကိုဗစ်ကြောင့်ထိခိုင်နစ်နာခဲ့ရသည့် ရုပ်ရှင်လုပ်ငန်းအပါအဝင် လုပ်ငန်းများအတွက်နိုင်ဝင်ဘာ(၁)ရင်နေ့မှစတင်ကာပြန်လည်လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် ကိုဗစ်စတုတ္ထလှိုင်း ထပ်မံမဖြစ်ပွားစေရေးအတွက် သတ်မှတ်ထားသောစည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန်လိုအပ်‌ ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

Post a Comment

Previous Post Next Post