နေပြည်တော်ကောင်စီနယ်မြေ၌ နိုဝင်ဘာ (၅) ရက်နေ့အတွင်း လျှပ်စစ်မီတာခ ပေးဆောင်ခြင်းမရှိသည့် နေအိမ်များအားလုံးကို လျှပ်စစ်ဖြတ်တောက်ရန် စီစဉ်
…………………………………………………………..
နေပြည်တော်၊ နိုဝင်ဘာ ၁ (People Media)
နေပြည်တော်ကောင်စီနယ်မြေရှိ လျှပ်စစ်သုံးစွဲသူများအနေဖြင့် နိုဝင်ဘာ(၅)ရက်နေ့အတွင်း လျှပ်စစ်မီတာခ ပေးဆောင်ခြင်းမရှိသည့် နေအိမ်များအားလုံးကို လျှပ်စစ်မီးဖြတ်ထောက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သက် ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။
“နေပြည်တော်ကောင်စီနယ်မြေရှိ လျှပ်စစ်သုံးစွဲသည့် နေအိမ်များကို မီတာစာရွက် လိုက်လံပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့အတွင်း လျှပ်စစ်မီတာခ ပေးဆောင်ခြင်းမရှိသည့် နေအိမ်များကို လျှပ်စစ်မီး ဖြတ်ထောက်သွားမှာဖြစ်ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီတာခ ပေးဆောင်ရာ၌ ယခင် ကြွေးကျန်များကိုပါ တစ်ခါထဲ ပေးဆောင်ရမည်ဖြစ်ပြီး မီတာခကို ဘဏ် ငွေလွဲစနစ်များဖြင့်လည်း ပေးဆောင်နိုင်တယ်လို့ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ရ သိရပါတယ်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ်များ၌ လျှပ်စစ်မီတာခ ပေးဆောင်ခြင်းမရှိသည့် နေ အိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ၍ လျှပ်စစ်မီးဖြတ်ထောက်မှုများ ပြုလျက်ခဲ့ကြပါတယ်။
#PeopleMedia #လျှပ်စစ်မီတာခ #နေပြည်တော်ကောင်စီနယ်မြေ
(unicode)

Post a Comment