နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းတို့ နေပြည်တော်၌ တွေ့ဆုံ
နေပြည်တော်၊ နိုဝင်ဘာ - ၂(PeopleMedia)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်တို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေး နေမှုအခြေအနေများ၊ ယခုအခါ ရောဂါကူးစက်မှုနှုန်းကျဆင်းလာပြီ ဖြစ်သဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ အတွက် အမေရိကန်နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက် ပေးမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း န-စ-က၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#PeopleMedia #နစက
Post a Comment