စစ်ပြေးထဲက စစ်ပြေး

စစ်ပြေးထဲကစစ်ပြေး
==============
စစ်တပ်ဆိုတာ အမိန့်နဲ့သွားတယ်၊
Do & Don´t ပဲ ရှိတယ်၊
တိုက်တွန်းချက်နဲ့တားမြစ်ချက်...

ဒါကို မလိုက်နာနိုင်လို့ ပြေးတာ​ ယောကျ်ားတွေအများစုရှိတဲ့ အဖွဲ့အစည်းတရပ်၊
ပြီးရင် လူကိုလူချင်းအုပ်ချုပ်ရတဲ့
မတထောင်သား အများစုရှိသောနေရာ၊
စည်းကမ်းကို အခြေခံပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့စိတ်ဓါတ်ကို တည်ပြီးသွားတဲ့ အဖွဲ့အစည်း...။

ဒီတော့ ပြောချင်တာက ကိုယ်တိုင်က
မလိုက်နာနိုင်လို့၊ မပျော်တော့လို့၊
မနေချင်တော့လို့ ပြေးရင် ပြေးပါ၊
ဘယ်သူမှဆွဲမထားဘူး။
ချော်လဲရောထိုင်အကွက်နဲ့
နိုင်ငံရေးဆိုတာ ဘာလဲ ယေဘုယျဘဲသိတဲ့ အချို့စစ်ဗိုလ်စစ်သား​တွေကိုပြောပါတယ်...။

ဘာ CDM စစ်သားလဲ
စားထားတဲ့ ပဲဟင်း ဆိုထားတဲ့ သစ္စာ
မင်းတို့ သစ္စာစူးကိုစူးမှာ...။

အုပ်ချုပ်မှုပုံစံမကြိုက်လို့
အမိန့်တွေက ဘာဖြစ်တယ်
ညာဖြစ်တယ် အခုမှ လိုင်းပေါ်မှာ လာမပြောနဲ့ မင်းတို့ ၁၀ တန်းအောင်ပြီး ဝင်လာတဲ့ကောင်တွေ၊
အသိရှိတယ် ပတ်ဝန်းကျင်ရှိတယ်၊
မိဘရှိတယ် အနေအထားသိလို့ ဝင်လာတာ...။

အခုမှ စစ်တပ်က ဘာဖြစ်တယ် လာမပြောနဲ့တကယ်တော့ မင်းတို့ ကောင်တွေက စစ်ပြေးထဲက စစ်ပြေးဘဲ CDM Soldier လို့လာမပြောနဲ့။

တခါသစ္စာဖေါက်ဖူးရင် နောက်ဖေါက်ဖို့ ဝန်မလေးဘူး
ဘုန်းကြီးပျံလည်းမမှီ၊ ထီးတင်ပွဲလည်းမမှီ ဘဝလို နှစ်အိမ်ကြားကခွေးမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးတယ်...။

အနီကြောင်တွေကမင်းတို့ကို မြှောက်ပေးလည်း တခဏပဲတဘဝတော့ ဖြစ်မှာမဟုတ်ဘူး...။

မင်းတို့ ဆက်ဆံခဲ့တဲ့ ပတ်ဝန်းကျင်က သေးသေးလေးမဟုတ်ဘူးဆိုတာ မှတ်ထားပါ။

တပ်မတော်ထဲမှာ ငွေကြေးကိစ္စ/လောင်းကစားကိစ္စ/မိန်းမကိစ္စ/စသည် အမှု မျိုးစုံဖြင့် မရူနိုင်မကယ်နိုင်ဖြစ်ကြ၍ ထွက်ပြေးကြပြီး CDM
စစ်သားပါဟု နိုင်ငံရေးနှင့်နွယ်ကာ စားပေါက်လေးချောင်အောင် လုပ်နေကြတဲ့ ဂေါင်းကြီး
တို့ -------------
လိပ်ပြာလုံကြပါစေ ။

မောင်​ အောင်


Post a Comment

Previous Post Next Post