ငါတို့နိုင်ပြီ


ငါတို့ နိုင်ပြီ ဟုတ်စ😁😁
••••••••••••••••••••••••••••••
ဒီနေ့ ဖြစ်နေတဲ့
တဖက်ရပ်ကွက်က အနေအထားကို
လေ့လာကြည့်ပြီး ဖြစ်ရပ်မှန် နဲ့
ဘာဆက်လုပ်သင့်သလဲ ဆိုတာ
သုံးသပ်ကြည့်ပါစို့ ဗျာ ။

တဖက်မှာ
ပြည်တွင်း ပြည်ပ မီဒီယာအား
လော်ဘီအားတွေနဲ့  မျှော်လင့်ချက်
သတင်းမှားတွေ ပေးပြီး တော့
ပြည်ဖျက်လုပ်ငန်းတွေကို တစိုက်မတ်မတ်
တွင်တွင်လုပ်နေကြတာ တွေ့နေရပါတယ် ။
……………………

-  သူတို့ကို တပြည်လုံး ထောက်ခံသတဲ့ ။

ကောင်းပြီ ဒါဆိုရင်
အခုလုပ်နေတဲ့ တပ်မတော်ထောက်ခံပွဲ
တက်ရောက်သူတွေက မိုးပေါ်က
ကျလာတာလား မေးရမယ် ။

ဒါတောင်
အခြေအနေ အချိန်အခါအရ
ခွေးကိုက်ခံရနိုင်ချေ ရှိနေတဲ့ ပြည်သူတွေ
မတက်နိုင်တာ 90 % ရှိသေးတယ်…
………………………

- ပြည်သူထိခိုက်မှာ စိုးလို့
   စစ်ဆင်ရေးတွေ ဖျက်ရသတဲ့ ။

ဟုတ်ပါ့ကွာ
အမှိုက်ကောက်တဲ့ ကလေးတွေပါ
သတ်ဖို့ လမ်းညွှန်တယ်
သတ်လည်းသတ်ကြတယ် ၊
မွေးကင်းစ ကလေးပါ သတ်တယ် ၊
ဘုန်းကြီးတွေ သတ်တယ် ၊
ငွေလိုချင်တော့ တက္ကစီသမား ၊
ဆိုင်ကယ်ကယ်ရီ၊စျေးသည် အလွှာမျိုးစုံက
အရပ်သားတွေ သတ်တယ်

အခုချိန် အင်အားချိနဲ့သွားပြီး
အင်မတန် သတ်ချင်နေကြတဲ့
တပ်မတော်ထောက်ခံပွဲတွေနားတောင်
မကပ်နိုင်မကာမှ ခွေးပါးစပ်ကနေ
နတ်စကားထွက်ပြနေတဲ့ အဆင့်ပါ ။
…………………………

- မီတာမဆောင်နဲ့တဲ့
ပြည်ပထွက်ပြေးတဲ့ သူတောင်းစားတွေက
အမိန့်ပေးနေတယ် ။

လက်တွေ့မှာ
မီတာမဆောင်လို့ မီးဖြတ်တော့
ပူတာတမျိုး ရေမရှိတာ တမျိုး ၊
နောက်ဆုံး ဖုန်းအားသွင်းဖို့တောင်
အဆင်မပြေသူတွေအတွက်
ယပ်တောင်တချောင်း ၊ ရေ တလီတာ ၊
ပါဝါဘန့် အသေးစားတလုံး တောင်မှ၊
တခုမှ မထောက်ပံ့နိုင်ပဲ
လေကျယ်နေတာ ရီစရာပဲ…
………………………

- မြို့ပေါ်က
ပျော်နေတဲ့သူတွေကို သစ္စဖောက်တွေတဲ့ ။

သူတို့က တောထဲမှာ
တွေ့ရာလူနဲ့  တော်သလင်းဇတ်ခင်းပြီး
ဗိုက်တွေ တလုံးပြီး တလုံး
ဖျက်ချနေရတာကျ မပြောကြဘူး …
………………………

- ငါတို့ နိုင်နေပြီတဲ့ ။

ဘယ်နေရာ နိုင်နေလဲ
ကြည့်တော့ လက်နက်မရှိ ၊
တပ်မတော် အကာအကွယ်ပေးနိုင်ခြင်း
မရှိသေးတဲ့ အရပ်သားတွေကို
သတ်ပြတာပဲ တွေ့ရတယ် ၊

တပ်မတော်
စစ်ကြောင်းနဲ့တွေ့တိုင်း
ပိုးလိုးပက်လက် အလောင်းတွေ
ဂွေးပေါ် ဖင်ပေါ် လူမြင်မကောင်းဘူး…
…………………………

- လုပ်စားဂွင် ကျဉ်းလာတော့
တွေ့ရာလူ ဒလံတံဆိပ်ကပ်
သတ်ပြပြီးတော့ အလှူခံစားတယ် ၊

CDM တွေ
အားပျော့လာတော့
ဇွတ်အတင်း ခြိမ်းခြောက်ပြီး
CDM လုပ်ကြောင်း
လက်မှတ်ထိုးခိုင်းနေတယ် ၊
နီးရာဒါး ကြောက်တော့လည်း
ထိုးပေးရတာပေါ့ ကိုယ်ချင်းစာရပါတယ် ။

လတ်တလော
လိုင်းပေါ် ကြားနေရတဲ့
CDM ပြုလုပ်ကြောင်း ဝန်ခံထားတဲ့
လက်မှတ်တွေဟာ နစက ရဲ့
အုပ်ချုပ်မှု အားနည်းချက် နယ်မြေစိုးမိုးမှု
အားနည်းချက်ကြောင့် ဖြစ်လာရတာမို့
နောင်တချိန် အရေးယူဖို့ ဖြစ်လာရင်
ဒီအချက်ကို ထည့်သွင်းစဉ်းစား
ဖြေလျှော့ရပါမယ်…
……………………

- သေကြေ
ဒဏ်ရာ ရတာ ပြပြီး
အလှူခံမယ် မျက်ရေချူမယ်
ဒါပေမယ့်
စိတ်ဓာတ်ကျကုန်မှာလည်း
ကြောက်နေတယ် ။

ဒီတော့
ကိုယ့်ဘာသာ ရုပ်ရှင်ရိုက်ပြီး
ထန်တလန်ကို မီးရှို့ မှတ်တမ်းယူ
မျက်ရေချူပါတယ် ၊
အမှန်တရားကတော့ ပေါ်လာရတာပါပဲ
………

ဒါတွေက
သူတို့ရပ်ကွက်မှာ ဖြစ်နေတာတွေ ။
သနားစရာကောင်းတာက
သတင်းမှန်တွေ ကို
သူတို့ တွေ မဖတ်ရဲလောက်အောင်
ကြောက်နေကြတယ် ။

ဒါကြောင့်
သူတို့ အခြင်းခြင်း ဝါဒဖြန့်ထားတဲ့
ငါတို့နိုင်တော့မှာ ဆိုတဲ့ ငိုသံပါကြီး နဲ့
ဖြစ်ညှစ်အော်နေကြတဲ့ အသံကိုပဲ
နားစွင့်နေကြရပြီး …

အားတင်းနေကြရတဲ့
အနေအထားဖြစ်နေတော့
ပိတ်သထက် ပိတ်ကုန်တာပေါ့ ဗျာ ။

ဘက် နှစ်ဘက်ကပဲ
ယှဉ်ကြည့်လေ ရည်မှန်းချက်ခြင်း ၊
ရည်ရွယ်ပုံခြင်း ရလာဒ်ခြင်း
ကွာခြားလေ ပါပဲ ။

အလှူခံတာခြင်း ယှဉ်ကြည့်လေ ။

ဒီဖက်လူတွေ
အလှူခံပြီဆိုရင်
သဘာဝဘေး ဒုက္ခသည်တွေ ၊
စစ်ဘေးဒုက္ခသည်တွေ ၊
စားဝတ်နေရေးအတွက်
ကာလာမရွေး ကူညီဖို့ အလှူခံတယ် ။

စုန်းပြူးအချို့က လွဲပြီး
ငွေကြေးကဏ္ဍ ရှင်းလင်းအောင်
အတိအကျ ဆောင်ရွက်ကြတယ် ။

လုပ်သမျှ အတွက်
လှူသူရော အလှူခံရော
ကုသိုလ်တရားနဲ့ ပြည်စုံတဲ့ အတွက်
ကောင်းသောကံများ အကျိုးပေးဖို့ပဲ
ရှိတာက သေချာနေပါတယ် ။

ဟို တဖက္က
အလှူခံတွေ ကြည့်လိုက်ပါအုံး ၊
သူတပါးကို သတ်ဖြတ်ဖို့
သေနတ် ၊ ဗုံး ၊ ခဲယမ်း ဝယ်ဖို့တဲ့ ။

ဝယ်ပြီး သတ်ပြတာက
နို့စို့ကနေ ဘုန်းကြီးအထိ
လစ်သလို သတ်နေတာလေ ။

လူသတ်အားပေး
အကုသိုလ်ဝယ်ယူသူ အလှူရှင်တွေရဲ့
ငွေတွေကလည်း တာဝန်ခံတွေက
စိတ်တိုင်းကျ ခိုးဝှက်ယူပြီးတဲ့ အခါမှ
အရိုးအရင်း ချကြွေးနေလို့
ပြဿနာပေါင်း သောင်းခြောက်ထောင်
မကြားချင် အဆုံး ဗျာ ။

သူတို့ အလှူတွေက
အကုသိုလ် အတွက် ကိုယ့်စားရိတ်နဲ့ကိုယ်
ငရဲပြည်ကို သွားဖို့ လက်မှတ် တွေ
ဝယ်နေကြတာပဲ ဗျ ။

လူသတ်လက်နက် အတွက်
အလှူခံသူရော လှူသူတွေရော
ငရဲ ကို ပူးတွဲ သွားကြဖို့
အကြောင်းရှိနေတာ တွေ့ရပါတယ် ။

ကဲ .!ငါတို့ နိုင်ပြီတဲ့ ။
ဘယ်မလဲ နိုင်နေတာ သက်သေပြလေ
ဆိုတော့ ဝေလေလေပါပဲ ဗျာ ။

တခုတော့ ရှိတယ် ။

ဒေါ်စုကြည်ရဲ့
ဘုန်းကံလို့ ခေါ်ရမလား မသိဖူး ဗျ ။
သူလည်း အဖမ်းခံရ ၊ စွဲချက်တင်
ဖြေရှင်းရ နဲ့ ဖြစ်နေချိန်မှာ
ထူးခြားချက်တွေ တွေ့ရတယ် ။

သူမရဲ့ အခြေရံတွေက
ထောင်ထဲ ကြိုရောက်နေရတာ
ထူးဆန်းတယ် ။

အောင်မဲညိုတို့ ဝင်းထိန် တို့ နဲ့
အခြား လက်တိုလက်တောင်းတွေ
တအုပ်ကြီး နဲ့ ပေါ့ဗျာ ။

ဟော ကြည့်အုံး .!
လောလောဆယ် ဖြစ်ရပ် ကို ။

ဒေါ်စုကြည် ထောင်ကျရင်
ထောင်ထဲမှာ သက်တန်း ကုန်ဖို့များတယ် ။
သူလုပ်ခဲ့တာတွေကလည်း
နဲတဲ့ အကုသိုလ်မှ မဟုတ်တာလေ ။

ဒီတော့
ထောင်ထဲမှာ မုန့်ဟင်းခါး ကျွေးရင်
အဆင်ပြေစေဖို့ မြောင်းထဲက ဒေါ်ချို တို့
မိသားစုလိုက် ကြိုရောက်နေရတယ် ။

အချိုပွဲ အတွက်
အင်းစိန်ကို ရွှေပုဇွန် အုပ်စု
ထပ်ရောက်ရင်တော့ သေချာပြီ

ဘွားတော်ကြီး
အတော် ဘုန်းကံကြီးသေးတာပဲ ဆိုတာ
အသေချာ မှတ်ကြလေတော့ 😁😁😁

အရူးတွေရဲ့ ငိုသံပါကြီးနဲ့
ငါတို့ နိုင်ပြီ ဆိုတဲ့ အသံကို ကြားမိရင်း …

တွေးမိတွေးရာ
စပ်မိစပ်ရာ ထွေရာလေးပါး
တွေးတောမိရင်း ကနေ
တောရေးတောင်ရေး ရေးမိပြန်ပြီ ဗျာ ။
…………………………………………………………
20211031:Thyya'KSMW


Post a Comment

Previous Post Next Post