မြန်မာ့တပ်မတော်ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ နည်းဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွေမှာ မြေပြင်ထောက်လှမ်းရေးရေဒါ Ground Surveillance Radar တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
မြေပြင်ထောက်လှမ်းရေးရေဒါဟာ မြေပြင်မှာ ချီတက်သွားလာနေတဲ့ လူတွေ၊ ယာဉ်တွေကို အရပ်မျက်နှာ ၃၆၀ ဒီဂရီ ထောက်လှမ်းနိုင်စွမ်းရှိသလို ပစ်မှတ်တွေကိုနေ့/ည ရာသီဥတုမရွေး ထောက်လှမ်းနိုင်ပြီး ဝပ်နေတဲ့ ရန်သူကို ၁.၅ ကီလိုမီတာ၊ ချီတက်နေတဲ့ ရန်သူကို ၆ ကီလိုမီတာ၊ တပ်စုလို လူစုလူဝေးနဲ့ ချီတက်နေတဲ့ ရန်သူကို ၉ ကီလိုမီတာ၊ သံချပ်ကာယာဉ်တွေကို ၁၄ ကီလိုမီတာနဲ့ ရဟတ်ယာဉ်တွေကို ၁၅ ကီလိုမီတာ အကွာတွေမှာ ထောက်လှမ်းနိုင်ပါတယ်။
မြေပြင်ထောက်လှမ်းရေးရေဒါရဲ့ အဓိကရည်ရွယ်ချက်က စစ်မြေပြင်မှာ ရန်သူ့လှုပ်ရှားမှုကို ထောက်လှမ်းရှာဖွေပြီး ရန်သူကိုတွေ့တာနဲ့တပြိုင်နက် အမြောက်နဲ့လေကြောင်းပစ်ကူ ရယူပြီး ရန်သူကို ချေမှုန်းဖို့ဖြစ်ပါတယ်။ မိမိတပ်တွေအနေနဲ့လည်း ရန်သူချီတက်လာမှုကို ကြိုတင်သိရှိပြီး အသင့်စောင့်ကြို ချေမှုန်းနိုင်ခွင့် ရလာပါတယ်။
မြေပြင်ထောက်လှမ်းရေးရေဒါတွေကို လတ်တလော အကြမ်းဖက်မှုနှိမ်နှင်းရေးနဲ့ ပြည်တွင်းသောင်းကျန်းမှု နှိမ်နှင်းရေးတွေမှာ အသုံးပြုလျက်ရှိပါတယ်။
Myanmar Defence Review
#mhtnews
Post a Comment