တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နေပြည်တော်။ နိုဝင်ဘာ ၁၇
နိုဝင်ဘာလ ၁၆ ရက်နေ့ ၁၇ ၄၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ ----- မိုတယ်လမ်းကြားတွင် စောင့်ဆိုင်းနေစဉ် -----မိုတယ်လမ်းကြားအတိုင်း အနောက်မှ အရှေ့သို့ စိုင်းလှဝန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် စိုင်းနော်ခမ်း မောင်းနှင်ပြီး စိုင်းဖူး စီးနင်းလိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ ICE (မက်သ်အဖက်တမင်း)အလေးချိန် ၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀၀)၊ လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စစ်ဆေးရာ ၎င်းတို့အတူတကွ ပူးပေါင်းသယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
အလားတူယင်းနေ့ ၁၉ ၂၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် တွေ့ရှိသူ စိုင်းလောင်ခေး အား စစ်ဆေးရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါသိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ စိုင်းလှဝန်း(၃၅)နှစ်၊ စိုင်းနော်ခမ်း(၂၅)နှစ်၊ စိုင်းဖူး(၃၇)နှစ် နှင့် စိုင်းလောင်ခေး(၂၆)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment