မြန်မာနိုင်ငံ၏ ထေရဝါဗုဒ္ဓသာသနာအတွက် အမှတ်ရစေမည်နေရာ(၂) ခုအတွက် ကျေးဇူးတင်ဝမ်းမြောက်ရသည် / စာရေးသူ သလ္လာမြေနေတောထွက်ကိုယ်တော်

ပြီးခဲ့သည့် နှစ်အနည်းငယ်က ဘာသာသာသနာနှင့်ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေအတွေ ဖြစ်ပေါ်ခဲ့ရပါတယ်..

အစိုးရဟာ ဘာသာသာသာနှင့်ပတ်သက်ပြီး၊ ဘုန်းတော်ကြီးကျောင်းတွေကို မီတာခတွေတိုးကောက်တာ၊ ဘာသာရေး အဖွဲ့အစည်းတွေကို နှိပ်ကွပ်တာတွေဟာ ဆက်တိုက်လုပ်ဆောင်ခဲ့ကြပါတယ်…။ ဒီလိုပြောလို့ မှန်လား မမှန်လား ကြည့်ပါ..

သူတို့ရဲ့ နွေဦးတော်လှန်ရေးမှာ သံဃာ ဘယ်နှပါးများပါဝင်လဲ ခေတ်အဆက်ဆက်က သံဃာတွေဟာ ၁၉၈၈ ၁၉၉၆ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ရဲရဲတောက်ရှေံကိုထွက်ခဲ့ကြပါတယ်.. ဒီ ၂၀၂၁ မှာ ဘာကြောင့် နောက်ဆုတ်သွားကြရလဲ..၊ သံဃာတွေဟာ ဘာသာတရားပျောက်ကွယ်မှာကိုတော့ ဘယ်ရဟန်းတစ်ပါးတစ်လေကမျှမလိုလားပါ..။ ခု နစက အစိုးရတက်လာမှ ဘာသာတရားနဲ့ပတ်သက်ပြီး အတော်လေး ရင်းအေးရတော့တယ်. တကယ်ပါ အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၃ ရက်နေ့ သတင်းများကို ကြည့်ရှုပြီးပြောတာပါ..။ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရန်ကုန် နဲ့မန္တလေးကို ၄ ရက်ခြားပြီးသွားရောက်ခဲ့တဲ့နေရာတွေဟာ ယခင်က ဘယ်သူမှတောင် သွားရောက်စစ်ဆေးဖို့ မရှိတဲ့၊ အခမ်းအနားလောက်ပဲ ဝန်ကြီး၊ဝန်ကြီးချုပ်လောက်ပဲရောက်ရတဲ့နေရာကို အကြီးစားပြုပြင်ထိန်းသိမ်းတော့မယ်တဲ့.. တကယ်ကိုဝမ်းသာစရာပါ.. ရန်ကုန်မှာရှိတဲ့ မဟာပါသဏ လှိုက်ဂူတော်ကြီးဆိုရင် တစ်ဝက်လောက်တောင်ပြီးပါပြီတဲ့..ခုလဲ ကုသိုလ်တောင်ဘုရားကို ပြန်လည်မွမ်းမံပြင်ဆင်မယ်တဲ့.. ဝမ်းသာပီတိမျက်ရည်ကျမိပါတယ်..။

ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော် မြတ်စွာဘုရားကြီးဟာ ၁၈၅၂ ခုနှစ်တွင် နန်းတက်တဲ့ မင်းတုန်းမင်းတရားကြီးက ဦးစီး လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ သာသနာတော် ရှည်ကြာစွာ တည်တံ့ထွန်းလင်းစေ လိုသည့် ရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ် ပါတယ်။ ကုသိုလ်တော်မြတ်စွာ ဘုရားကြီး၌ ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ်ရှိပြီး၊ ၁၈၆၈ ခုနှစ်တွင် ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းတစ်ခုလုံးကို ကမ္ပည်းအက္ခရာ တင်ခဲ့ခြင်းဖြစ်ပြီး ကျောက်စာ ချပ် တစ်ချပ်ချင်းစီကို ကျောက်စာရုံများအတွင်း၌ ထားရှိခဲ့ပြီး ယနေ့တိုင်တည်ရှိနေဆဲ ဖြစ် ကာ ကျောက်စာချပ်များဟာလည်း  ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရကာ နှင့် ကုသိုလ်တော် မြတ်စွာဘုရားကြီးနှင့် ယူနက်စကိုကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ကျောက်စာချပ် များ လည်းဖြစ်ပါတယ်။

ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးဆိုရင်လည်း  ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေပေါ်တွင် တည်ရှိကာ  ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော်စီခဲ့ပြီး ဆောက်လုပ်ရေးအရာရှိ နှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေး ကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ ဖြင့် ဆောက်လုပ်ခဲ့ကာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေလ ၁၀   ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်.. လိုဏ်ဂူတော်ကြီးတွင် အကျယ် ၁၂ ပေရှိ ဝင်ပေါက် ၆ ခု၊ အတွင်းခန်းမကြီးသည် အလျား ၂၂၀ ပေ၊ အနံ ၁၄၀ ပေ အကျယ်ရှိပြီး ဆဋ္ဌသင်္ဂါယနာတင် ကိုရည်ညွှန်းသည့် အမြင့်  ၅၅ ပေရှိ တိုင်ကြီး ၆ တိုင်ဖြင့် လိုဏ်ဂူ တော်ကြီး၏ အမိုးကို ထောက်မထားကြောင်း၊ လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို  ထေရဝါဒ  ဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်အထိ ၂ နှစ်နှင့် ၅ ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခြားသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အခမ်းအနားကြီး များကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ လိုဏ်ဂူတော်ကြီး၏ သက်တမ်းမှာ ၆၇ နှစ် ရှိပြီဖြစ်ပြီး  ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် အကြီးစား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက် လျက်ရှိရာ ၅၅ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်..။
ထေရဝါဒဗုဒ္ဓသာသနာအတွက် တကယ်ကို အထွဋ်အမြတ်ထားရာနေရာ ၂ ခုပါ..လေ..။ ဒကာကြီး မင်းအောင်လှိုင်ကျန်းမာပါစေချမ်းသာပါစေ.. ဘုန်းဘုန်းဆုတောင်းပေးပါတယ်..။
သလ္လာမြေနေ တောထွက်ကိုယ်တော်
#DGF21News4112021

Post a Comment

Previous Post Next Post