မနေ့ က မြောက်ဒဂုံမှာ PDF က လုပ်ကြံ
သတ်ဖြတ်လို့ သေသွားတဲ့ ဆရာမဒေါ်လှလှသန်း က အရင် CDM ဆရာမတဲ့။ယောကျာ်းဆုံးလို့ သမီးတစ်ယောက်နဲ့ စားဝတ်နေရေး အဆင်မပြေတာမို့ ဆရာမပြန်လုပ်ရာကနေ အခုလို လုပ်ကြံ ခံလိုက်ရတော့ လူမမယ်သမီးလေးတစ်ယောက် ကျန်ခဲ့တာ စိတ်မကောင်းစရာပါ။အံ့သြစရာ ကောင်းတာက သူ့ကို လာလုပ်ကြံတဲ့ သူက သူ့တပည့်ပဲ PDF နဲ့ ပေါင်းပြီး လုပ်ကြံ
လိုက်တာတဲ့။
တလောကလူကြီးသားတစ်ယောက် နိုင်ငံခြား
တိုင်းပြည်တစ်ခုမှာ ကျောင်းသွားတတ်စဥ်
သူ့ဝမ်းကွဲ အမတွေ က အနီအုပ်စုတွေမို့
သူ့မောင်လေး ကို ငွေပေးပြီးတောင် လုပ်ကြံသတ်ဖြတ်ခိုင်းလေသတဲ့။ကံကောင်းလို့
မသေလိုက်တာဆိုတဲ့ သတင်းတစ်ခု ကို
လည်း နီးစပ်တဲ့အသိုင်းဝိုင်းတွေ ဆီက
သိခွင့်ရခဲ့တယ်။
တပည့်က ဆရာမကိုသတ်တယ်။မောင်နှမ
ချင်းငွေပေးသတ်ခိုင်းတယ်။ဗုဒ္ဓဘာသာတွေ
ဖြစ်ပြီး ဘုန်းကြီးကို သတ်တယ်။သား /သမီး
တွေ က မိဘ တွေကို မိဘ အဖြစ်မှ စွန့်လွှတ်
ကြောင်းကြေငြာတယ်။
ဒါဟာ လက်ရှိ PDF တွေ လုပ်နေတဲ့ တော်လှန်
ရေး ခေါင်းစဥ်တပ်ထားတဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေပဲ။
ဒီ အုပ်စုတွေ ဟာ ဗကပ ထက်ဆိုးသလို
အစွန်းရောက် IS တွေ ထက်လည်း ဆိုးနေတယ်။.
ဒီလို ဖြစ်လာအောင် လည်း OIC နဲ့ အနောက်
အုပ်စု က NLD တစ်ခေတ် စနစ်တကျစီမံခဲ့
တာတွေ့ရတယ်။ဥပမာ ISP မြန်မာ တို့ NGO
INGO တို့ဆိုတာ က အလကားငွေတွေ နဲ့ လည်
ပတ်ခဲ့ကြတာတော့မဟုတ်ဘူး။
ဆိုးဂျော့ ပြောဖူးတယ်။မြန်မာပြည်
အတွက် သူပူစရာမလိုတော့ ဘူးတဲ့။NLD အာ
ဏာ ရဖို့ အတွက် သူဒေါ်လာ တစ်ဘီလီယံ
ကျော်သုံးခဲ့ သလို NLD ( ၅) နှစ်အတွင်း မှာလည်း
ဒေါ်လာသန်း ရာပေါင်းများစွာ သုံးပြီး မြန်မာ့
လူ့အဖွဲ့အစည်း နဲ့ မြန်မာလူငယ်တွေ ကို
လိုသလို ဖန်တီးထားနိုင်ခဲ့ပြီးတဲ့။( ဒေါက်တာ
နေဇင်လတ် နောက်ဆုံးထုတ်စာအုပ်အရ)
မြန်မာလူငယ် တွေ ကို လိုသလို ဖန်တီးထား
နိုင်တယ် ဆိုတာထက် စနစ်တကျ ဖျက်ဆီး
ထားနိုင်ခဲ့ပြီး လို့ ပြောရင်ပိုမှန်ပါလိမ့်တယ်။
အခုတော့လည်း ဆိုးဂျော့ နဲ့ OIC တို့ မွေးဖွား
ပေးထားတဲ့ တပည့်တွေ က လူစိတ်ပျောက်
နေကြတာတော့ ငြင်းမရတဲ့ အမှန်တရားပါ။
သေချာတာကတော့ G-z /PDF ဆိုတဲ့ မျိုးဆက်
တစ်ခုကြောင့် မြန်မာ့ယဥ်ကျေးမှု ဖျက်ဆီး
ခံလိုက်ရပါပြီ။
အောင်နိုင်သူ.
Post a Comment