မြန်မာ့အရေး ညှိနှိုင်းတိုင်ပင်ဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုသာ တရုတ်ထောက်ခံဟုဆို

မြန်မာ့အရေး ညှိနှိုင်းတိုင်ပင်ဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုသာ တရုတ်ထောက်ခံဟုဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံတမန်မစ္စတာစွန်းကော်ရှန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သတ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က နိုဝင်ဘာ ၁၆ရက်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူမစ္စတာ ကျောက်လိကျန်းက ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို ထောက်ခံကြောင်း ပြောဆိုသွားသည်ဟု တရုတ်မီဒီယာတစ်ခုဖြစ်သည့် CRIက ယနေ့ ဖော်ပြသည်။

ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဥပဒေမူဘောင်အတွင်းဟု မစ္စတာ ကျောက်လိကျန်းက ပြောကာ ဘက်အသီးသီးတို့က(အဖွဲ့စုံ၊ပုဂ္ဂိုလ်စုံကို ရည်ညွှန်းခြင်းဖြစ်သည်) ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းကို အလျင်အမြန် ရှာကြံရန် ထောက်ခံကြောင်းဆိုခဲ့သည်။

“တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးတို့အား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဥပဒေမူဘောင်အတွင်းတွင် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းကို အလျင်အမြန် ရှာကြံရန် ထောက်ခံကြောင်း” ပြောရေးဆိုခွင့်ရှိသူမစ္စတာ ကျောက်လိကျန်းကပြောကြားခဲ့သည်ဟု China Radio International က ဆိုသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံတမန်မစ္စတာ စွန်းကော်ရှန်းသည် နိုဝင်ဘာလ ၁၅ ရက်နေ့က နစကဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။

အခြားသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဖြစ်၊မဖြစ်ကိုမူ သတင်းမထုတ်ပြန်​သေး​ပေ။

နစကဥက္ကဋ္ဌနှင့် မစ္စတာ စွန်းကော်ရှန်းတို့ တွေ့ဆုံရာတွင် နစက၏ လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံနှင့် အာဆီ ယံအဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံရေး အခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု နစကကသတင်းထုတ်ပြန်ထားသည်။

Website တွင်ဖတ်ရှုရန် >> https://wp.me/paRxJm-gAp

Post a Comment

Previous Post Next Post