ဆရာမ
ဒီပုံလေးမြင်ရတော့ စိတ်မကောင်းကြီးစွာ
ခံစားရပါတယ်စီးထားတဲ့ ဖိနပ်လေးရယ်
ဆရာမခြေထောက်လေးရယ် ဘဝကမချော
မွေ့ခဲ့တာကို မြင်ရပါတယ်။
ကလေးတွေစာသင်ရတဲ့ အသက်မွေးဝမ်း
ကျောင်းဟာ အသေဆိုးနဲ့ အဆုံးသတ်ရမယ့်
နိဂုံးလို့ ..ကြိုသိခဲ့ရင်ဆရာမဘယ်အလုပ်မျိုး ရွေးချယ်ပါမည်လဲ။ ကျွန်မသိချင်လှတယ်။
ကလေးတွေစာသင်တဲ့ အလုပ်ဟာ စစ်မြေ
ပြင်လို အသက်ပေးရမယ့် ...ဝမ်းကျောင်းရတဲ့ အလုပ်လို့ ....ဆရာမတသက် ဆရာမ မိဘ
တွေတသက် ကျွန်မတို့ဘိုးဘွားတွေတသက်....ယောင်လို့တောင် အိမ်မက် မက်ခဲ့ပါ့
မလားကျွန်မဝမ်းနည်းမိတယ်။
ကလေးတွေကိုစာသင်ဘို့
ဘာကြောင့် ဆရာမတို့ရွေးချယ်ခဲ့တာလဲ
အဖြူနဲ့ အစိမ်း ကြားမှာ ဆံထုံးထုံး ပန်းပန်
ထားရင် မင်္ဂလာပါ ဆရာမလို့ လက်ပိုက်ရင်း
ခေါင်းငုံ့သွားတဲ့ ပန်းကလေးတွေကို ချစ်တတ်
ခဲ့တာလား။စာသင်နေရင်း တတ်သိနားလည်
သွားတဲ့ ပညာတတ်ကြီးတွေကို စိတ်ကူးယဥ်
ပြီး ဖက်တွယ်ခဲ့တာလား။လွယ်အိတ်လေးတွေ
နဲ့ စာသင်ခုံလေးတွေကြားမှာလုံခြုံအေးမြတယ်
လို့ စိတ်ချခဲ့တာလား။
ကျွန်မ စိတ်ခိုင်ပါတယ်
ဗုဒ္ဓဘာသာမို့ မမြဲတာသိပါတယ်
ကုသိုလ်အကုသိုလ်ကိုသိပါတယ်
ဝဋ်ကြွေးတွေကို လက်ခံပါတယ် ။
ဒါပေမဲ့
မလှခဲ့တဲ့ ခြေထောက်လေးရယ်
မရခဲ့တဲ့ အိမ်မက်ရယ်
ဘဝက စောစောနေဝင်သွားတဲ့ တနေ့ရယ်
ဆရာမကို ကြည့်ရင်း ငိုမိတယ်။
တနေ့တော့
ပန်းကလေးတွေလဲ ဖူးပါစေ
လိပ်ပြာလေးတွေလဲ မြူးပါစေ
ဆရာမ လဲ ကူးစက်ရာ နောင်ဘဝမှာ ခြေချရာ
တသံသရာလုံးအပြုံးများနှင့်သာ အသက်ရှည်
ကြာမြဲပါစေ အမုန်းများနှင့် လွဲပါစေ ။
crd// Myat Yee Mon
Post a Comment